စိတ်ဖိစီးမှုကိုလျော့ကျစေမှုလျော့နည်းအောင် အလွယ်ဆုံးနှိပ်နည်း

စိတ်ဖိစီးမှုကိုလျော့ကျစေမှုလျော့နည်းအောင် အလွယ်ဆုံးနှိပ်နည်း

အလုပ်ကပြန်လာတိုင်း ဒါမှမဟုတ် အပြင်တွေထွက်ပြီးပြန်လာရင် ပင်ပန်းနွမ်းနယ်မှုတွေကိုတော့ အနည်းနဲ့အများတော့ခံစားကြရပါတယ်။ဘဝမှာ စိတ်ဖိစီးမှုတွေကိုလျော့ချခြင်းကို ကိုယ့်ခန္ဓာကိုယ်ရဲ့အကြောလေးကိုဆိုင်အထိသွားပြီးအနှိပ်မခံရရင်တောင် အလွယ်တကူအိမ်မှာပဲသက်တောင့်သက်သာဖြစ်သွားစေတဲ့ နည်းလေးတွေတော့သိထားသင့်ပါတယ်။ ကိုယ့်ကိုကိုယ်နှိပ်လို့လည်းရပြီး အရမ်းကြီးလည်းအပန်းမကြီးတဲ့နည်းလမ်းလေးတွေပေါ့နော်။


ခြေဖဝါးကိုနှိပ်ပေးပါ
ခြေထောက်လေးတွေ၊ခြေဖဝါလေးတွေ ကိုရေနွေးနဲ့ စိမ်ပေးထားပဲဖြစ်ဖြစ် အကြောလေးတွေကိုနှိပ်ပေးတာမျိုး၊ခြေချောင်းငါးချောင်လေးကို တစ်ချောင်းချင်းစီနှိပ်ပေးပါ။အနည်းဆုံး ၁၀ မိနစ် ၊၁၅ မိနစ်လောက်နှိပ်ပေးရင်တော့တော်တော်လေးအညောင်းပြေပါတယ်။

Photo Credit -Finder


ဦးရေပြားကို နှိပ်ပေးပါ
ခေါင်းလျှော်ရင်ဦးရေပြားကို သေချာနှိပ်ပေးခြင်းက စိတ်ဖိစိမှုတွေကိုလျော့ချနိုင်တဲ့အပြင် ဦးရေပြားရှီအကြောလေးတွေကိုလည်း ကောင်းစေပါတယ်နော်။


နားကိုနှိပ်ပေးပါ
နားကိုနှိပ်ပေးခြင်းက လူကြီးတွေတော်တော်များများသုံးတဲ့နည်းလမ်းလေးပါ။ လက်ညှိုးနဲ့ လက်မလေးကိုအသာအယာ နှိပ်ပေးရပါတယ်။ နားရွက်ရဲ့အပြင်အဖျား ပိုင်းလေးကိုအပေါ်အအောက်သေချာနှိပ်ပေးလို့ရပါတယ်။

Photo Credit -Inhab