အပြင်မထွက်စရာမလိုဘဲ မိသားစုနဲ့အတူ အိမ်မှာ ဘယ်လို Chill ကြမလဲ

အပြင်မထွက်စရာမလိုဘဲ မိသားစုနဲ့အတူ အိမ်မှာ ဘယ်လို Chill ကြမလဲ

မိသားစုဆိုတာ တစ်ခုခုဆိုရင် ကိုယ့်ဘေးမှာ အမြဲရှိနေတတ်သူများပါ။ မိသားစုနဲ့ အချိန်ဖြုန်းခြင်းဟာလည်း တန်ဖိုးရှိတဲ့ အချိန်တွေကို ဖန်တီးခြင်းပါပဲ။ မြို့ပြနေ ပြည်သူတွေရဲ့ နေ့စဉ်ဘဝဟာ လူကြီးဆို လူကြီးအလျောက် အလုပ်ချိန်၊ လူမှုရေးကိစ္စတွေနဲ့ပဲ အချိန်ကုန်ဆုံးရလေ့ရှိပြီး ကလေးလည်း ကလေးအလျောက် ကျောင်း၊ ကျူရှင်၊ သင်တန်းတွေနဲ့ လုံးပန်းနေရတာမျိုးပါ။ ဒီကြားထဲ ခေတ်ရေစီးကြောင်းကြောင့် မသုံးမဖြစ် သုံးရတဲ့ facebook လို လူမှုကွန်ရက်တွေ အသုံးပြုနေရတတ်တဲ့အတွက် အိမ်ပြန်ရောက်လည်း မိသားစုကို အချိန်ပေးဖို့ ခက်ခဲလာကြပါတယ်။

ကျောင်းပိတ်ရက်၊ အလုပ်ပိတ်ရက်ချိန် စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ မိသားစုနဲ့အတူ အချိန်ဖြူန်းဖို့အတွက် အပြင်ထွက် လျှောက်လည်ဖို့ တာစူတတ်သူတွေလည်း ရှိမှာပဲနော်။ အပြင်ထွက်မယ်လုပ်တိုင်း ကျစ်ကျစ်တောက် ပူနေတဲ့ နေကို ကြည့်ပြီး အိမ်ပြန်လှည့်ချင်စိတ်တွေလည်း ဖြစ်မိမယ် ထင်ပါတယ်။ တစ်ဖက်ကကြည့်ရင်လည်း အချိန်ကုန် လူပင်ပန်း၊ ငွေကုန်နဲ့ ထင်သလောက် မပျော်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုတွေမဖြစ်ရအောင် မိသားစု စုစုစည်းစည်းနဲ့ အိုးမကွာ အိမ်မကွာ အပန်းဖြေနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေတင်ဆက်ပါတယ်။

Movie Night ဖန်တီးမယ်

ကလေးတွေနဲ့အတူ ကြည့်ဖို့ သင့်တော်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရှိပါတယ်။ ကလေးပဲကြိုက်မယ့် ဇာတ်လမ်းမျိုးမဟုတ်ဘဲ Coming of Age အမျိုးအစားထဲက ဇာတ်လမ်းတွေကို ကြည့်မယ်ဆိုရင်တော့ အတူကြည့်မယ့် ကလေးရော ကိုယ်ကိုယ်တိုင်ပါ Movie Night ဖန်တီးရတာ တန်မှာပါ။ အိမ်မှာဆိုပေမယ့်လို့ ကြည့်နေကြပုံစံမဟုတ်ဘဲ သီးသန့်ဆန်တဲ့ Movie Night တွေလည်း ဖန်တီးလို့ရပါတယ်။ ဥပမာ – အနည်းဆုံး ပေါက်ပေါက်ဆုပ်ပြင်ထားပြီး အခန်းလုံးကို အမှောင်ချ၊ ခါတိုင်းကြည့်နေကျထက် အသံပိုချဲ့ပြီး တီဗီရှေ့မှာ မိသားစုတစ်စုလုံး ရုပ်ရှင်ထိုင်ကြည့်တာမျိုးပေါ့။ ဒါမှမဟုတ် အိမ်မှာ Project ရှိတယ်ဆိုရင်တော့ အိမ်ရဲ့ နံရံကိုအသုံးချပြီး ရုပ်ရှင်ရုံမှာ ကြည့်ရသလို Movie Night ကောင်းကောင်းတစ်ခုကိုပါ ဖန်တီးနိုင်ပါသေးတယ်။

Board Game  ကစားကြမယ်

Board Game တွေက ရှေးကျပြီး စုဖွဲ့ကစားရတဲ့ ဂိမ်းအမျိုးအစားတစ်ခုပါ။ မျက်လုံးလည်း မထိခိုက်တဲ့အပြင် Strategy ကောင်းကောင်းထွက်လာအောင် Training လုပ်ပေးနိုင်တဲ့ ဂိမ်းဆိုလည်း မမှားပါဘူး။ မြန်မာနိုင်ငံမှာ အများဆုံးကစားကြတဲ့ Board Game ဆို မိုနိုပိုလီဖြစ်မယ် ထင်ပါတယ်။ ကလေးရော၊ လူကြီးပါဆော့လို့ကောင်းမယ့် နာမည်ကြီး Board Game တွေဆိုရင် Codenames ကို ညွှန်းချင်ပါတယ်။ Game ရဲ့ အဓိက ဆက်သွယ်ရမယ့် ဘာသာစကားကို မြန်မာလိုဖြစ်ဖြစ်၊ အင်္ဂလိပ်လိုဖြစ်ဖြစ် အဆင်ပြေသလို ဆုံးဖြတ်နိုင်ပြီး ဝေါဟာရကျွမ်းကျင်တဲ့ ရလဒ်ကို ရဦးမှာပါ။ ဒါမှမဟုတ်လည်း အသစ်အဆန်းကိုမှ ထိတွေ့ချင်တယ်၊ ပြည်တွင်းဖြစ်ကိုပဲ အားပေးချင်တယ်ဆိုရင်တော့ Bagan Journey Board Game ကို ကစားကြည့်နိုင်ပါတယ်။ နောက်ဆို Burmah Game Studio က ထွက်ရှိလာတော့မယ့် Pegu Club The Game ဆိုတဲ့  Board Game လည်း ရှိလာတော့မှာပါ။

အတူတူ ပေါက်ကွဲကြည့်မယ်

မွန်းကြပ်နေတဲ့ အချိန်ဆို တခါတလေ ရင်ဖွင့်တာနဲ့ မလုံလောက်လို့ ဘယ်သူမှ မကြားလောက်တဲ့ နေရာမှာ အကျယ်ကြီး အော်ပစ်ချင်တာမျိုး လုပ်ချင်ကြတယ်မဟုတ်လား။ အလုပ်ရှိတဲ့သူမှ မဟုတ်ပါဘူး။ ကလေးတွေလည်း ကလေးအလျောက် စိတ်ပင်ပန်းတာမျိုးတွေ ရှိတတ်တာကြောင့် တစ်ယောက်တည်း စိတ်ပင်ပန်းမခံဘဲ မိသားစုနဲ့အတူ ပေါက်ထွက်ပစ်ပါ။ နည်းလမ်းကတော့ အများကြီးပါပဲ။ ဥပမာ တစ်ခုပြောရမယ်ဆိုရင် ပွဲဈေးတန်းမှာ နို့ဆီဘူးတွေကို တင်းနစ်ဘောလုံးနဲ့ ပစ်ပေါက်သလိုပဲ အိမ်မှာ တခါသုံးဖော့ခွက်တွေကို ပိရမစ်ပုံစံအမြင့်ကြီးဆောက်ပြီး ရလာတဲ့ ပိရမစ်ကို ခြေရော လက်ပါ အသုံးပြုပြီး အားရပါးရ ဖြိုဖျက်တာမျိုးပေါ့။

ဆပ်ပြာပူဖောင်းတွေ လေထဲလွှင့်ကြမယ်

ကြားဖူးသလောက်ကတော့ ဆပ်ပြာပူဖောင်းတွေ မှုတ်ပေးခြင်းက စိတ်သက်သာရာရစေပါတယ်တဲ့။ ဒီတော့ အိမ်မှာ ဆပ်ပြာရည်ဖျော်ပြီး ကလေးတွေအတူ ကစားနိုင်ပါသေးတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့၊ ကစားလည်းကစား စိတ်သက်သာလည်းရ။

မုန့်လုပ်စားဖို့လည်း မေ့ထားလို့မရဘူး

လုပ်စားနေကျ၊ စားနေကျတာတွေထက်စာရင် အသစ်အဆန်းတွေ လုပ်စားကြည့်ပါ။ ပီဇာလုပ်စားမယ်ဆိုရင် အိမ်မှာရှိနေတဲ့ ဟင်းအမည်တွေနဲ့

ပေါင်းစပ်လို့ရမယ့် ပီဇာမျိုးပေါ့။ မိသားစုနဲ့ အတူတူ တီထွင်ထားတဲ့ မုန့်က ကောင်းတယ်ဆိုရင် အိမ်လာတဲ့ ဧည့်သည်တွေကို ကြွားဖို့တစ်ခုရတာပေါ့ မဟုတ်ဘူးလား။

Reference – sheknows, Wiki

Photo Credit – purewaterpool.com

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle