Renegades အသင်းကနေ ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ ပရိုဖက်ရှင်နယ် CSGO ကစားသမား DickStacy

Renegades အသင်းကနေ ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ ပရိုဖက်ရှင်နယ် CSGO ကစားသမား DickStacy

မြောက်အမေရိက အခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ Renegades အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ၁၂ လပိုင်းမှာ Grayhound CSGO အသင်းရဲ့ ကစားသမားတွေကို ခေါ်ယူပြီး CSGO လောက အထဲကို နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်လို့ လာခဲ့ပါတယ်။ CSGO လောကကို ဝင်ရောက်ပြီး တစ်လခန့် အကြာမှာပဲ Renegades CSGO အသင်းရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်သူ DickStacy ကို အသင်းကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

DickStacy အနေနဲ့ Grayhound CSGO အသင်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ‌ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းကို စတင် ရောက်ရှိခဲ့စဉ် အချိန်က စတင်ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး Grayhound CSGO အသင်းကိုလည်း CSGO ‌လောကမှာ နာမည်တစ်လုံးဖြင့် ရပ်တည်လာနိုင်အောင် များစွာသော အထောက်အကူတွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

DickStacy

အခုလို Grayhound CSGO အသင်း အနေနဲ့ CSGO လောကမှာ ထိပ်တန်း အသင်းတစ်သင်း အဖြစ် ရပ်တည်လာနိုင်ခဲ့တာကြောင့် CSGO လောကကို တစ်ဖန် ဝင်ရောက်ရန် ကြိုးပမ်းနေတဲ့ Renegades Esports အဖွဲ့အစည်းရဲ့ တော်ကောက်ခြင်းကို ခံယူခဲ့ရတာပဲ ဖြစ်ပါတယ်။

DickStacy အနေနဲ့ In-Game မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို အပြင်လောကမှာလည်း ဖော်ရွေတဲ့ ပြုမူဆက်ဆံပုံတွေကြောင့် ပရိသတ် အများစုရဲ့ ချစ်ခင်သက်နှစ်သက်ခြင်းကို ခံယူနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ Renegades အသင်း အနေနဲ့ DickStacy ကို ထုတ်ပယ်ခဲ့ရခြင်းရဲ့ အကြောင်းအရင်းကို ထုတ်ပြန် ကြေငြာခြင်း မရှိသေးသလို DickStacy ဘက်ကလည်း အဆိုပါ ကိစ္စနဲ့ ပတ်သတ်ပြီး ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါဘူး။

လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ ကောလာဟလများအရ Renegades CSGO အသင်းရဲ့ လစ်လပ်သွားတဲ့ DickStacy နေရာမှာ မကြာသေးမီ အချိန်က ORDER CSGO အသင်းကနေ ထွက်ခွာခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ကစားသမား Jordan “Hatz” Bajic ကို ခေါ်ယူသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

Hatz

တကယ်လို့ Renegades အသင်း အနေနဲ့ Hatz ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပသွားမယ့် IEM Katowice Oceanic Closed Qualifier လက်ရည်စစ်ပွဲ မတိုင်ခင် အချိန်မှာ ကစားသမား အသစ်ဖြစ်သူ Hatz ကို မိတ်ဆက်ပေးသွားဖွယ် ရှိပါတယ်။

Renegads CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Simon “Sico” Williams
  • Christopher “Dexter” Nong
  • Joshua “INS” Potter
  • Liam “Malta” Schembri

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle