အချိန်ပြည့် ဝန်ထမ်း ဘဝမှ ပရို MLBB ကစားသမားကို ကူးပြောင်းခဲ့သူ သို့မဟုတ် Renzio (Sunsparks)

အချိန်ပြည့် ဝန်ထမ်း ဘဝမှ ပရို MLBB ကစားသမားကို ကူးပြောင်းခဲ့သူ သို့မဟုတ် Renzio (Sunsparks)

Esports ကစားသမား အများစု အတွက် ပရိုကစားသမား ဘဝကို စတင် ခံယူချိန်မှာ အဓိက ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲကတော့ ဘယ်လောက် အတိုင်းအတာထိ ပေးဆပ်သွားဖို့ ဆုံးဖြတ်ထားလည်းဆိုတဲ့ စိတ်အား ထက်သန်မှုပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Esports ယဉ်ကျေးမှုတွေ ထွန်းကာလာပြီ ဖြစ်တာနဲ့ အညီ ကမ္ဘာတစ်ဝှမ်းမှ လူငယ်လူရွယ် အများစု အနေနဲ့ ပရို Esports ကစားသမား ဘဝကို တက်လှမ်းနိုင်ဖို့ အတွက် မျှော်လင့်ချက် ကိုယ်စီ ထားရှိလို့ လာကြပါတယ်။ ဒါပေမယ့်လည်း အဆိုပါ လူငယ်လူရွယ်လေးတွေ အထဲက ရာခိုင်နှုန်း အနည်းခန့်သာ ပရို Esports ကစားသမားဆိုတဲ့ ဘဝကို ခံယူနိုင်ခဲ့ပြီး လူငယ်အများစုကတော့ စားဝတ်နေရေး ပြဿနာ အတွက် လုပ်ငန်းခွင် အသီးသီးကိုသာ တိုးလျှိုးလို့ ဝင်ခဲ့ရပါတယ်။

Aura PH (Ex-Sunsparks) MLBB အသင်းရဲ့ Offlane ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်တဲ့ Renz “Renzio” Cadua အနေနဲ့ လက်ရှိအချိန်မှာ MPL-PH Season 4, Season 5 ပြိုင်ပွဲနှစ်ခု ဆက်တိုက် ချန်ပီယံဆုကို စွတ်ခူးနိုင်တဲ့ အထိ အောင်မြင်မှုတွေကို ရရှိခဲ့ပြီ ဖြစ်ပေမယ့်လည်း ပရိုလောကကို ခြေစုံပစ် ဝင်ရောက်ခဲ့စဉ် ကာလမှာတော့ ဆူးငြှောင့်ခလုပ်ပေါင်း များစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Renzio တစ်ယောက် တက္ကသိုလ်ကနေ ဘွဲ့ရရှိတဲ့ အချိန်မှာ အသက် (၂၀) အရွယ်သာ ရှိသေးပေမယ့် အသက် တစ်နှစ် အရွယ်ရှိ ကလေးတစ်ယောက် အဖေဘဝကို ရောက်ရှိနေခဲ့ပြီ ဖြစ်တာကြောင့် မိမိ ချစ်မြတ်နိုးတဲ့ Esports ကစားသမား ဘဝကို ဆက်လက် လျှောက်လှမ်းဖို့ ခြေတုံချတုံဖြစ်ခဲ့ပြီး မိသားစု စားဝတ်နေရေးကို ထောက်ပံ့ပေးနိုင်ဖို့ အတွက် BPO ကုမ္ပဏီတစ်ခုမှာ အမြဲတမ်း ဝန်ထမ်းဘဝ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ရပါတယ်။

စားဝတ်နေရေး အတွက် Esports လောကို စွန့်ခွာလိုက်ရပေမယ့် Renzio ရဲ့ နှလုံးသားထဲက Esports ကို ချစ်မြတ်နိုးစိတ်တွေကတော့ ပျောက်ကွယ်သွားခြင်း မရှိခဲ့ပါဘူး။ ပရို MLBB ကစားသမား ဘဝကို မခံယူစဉ် ဝန်ထမ်းဘဝမှာကတည်းက Renzio ရဲ့ အရည်အချင်းကို ဖိလစ်ပိုင် MLBB လောကသားတွေဘက်က အသိအမှတ် ပြုခဲ့ကြပြီး Rank Match တွေမှာ အဲဒီအချိန်က ပရိုကစားသမားတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရတဲ့ အခါမှာလည်း အမြဲတမ်းလိုလို စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။

လက်စွမ်းကောင်းတွေ ပြသလျက် ရှိပေမယ့် အပျော်တမ်း ကစားသမား အဖြစ်သာ ကျင်လည်နေတဲ့ Renzio ကို ဖိလစ်ပိုင် အခြေစိုက် ပရို MLBB အသင်းတွေဘက်က ကမ်းလှမ်းမှုတွေ ပြုလုပ်လို့ လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ နှလုံးသားထဲက Esports ကို ချစ်မြတ်နိုးတဲ့ Renzio တစ်ယောက် ပင်မအလုပ်ကနေ ထွက်ရှိပြီး ပရို MLBB ကစားသမား ဘဝကို လျှောက်လှမ်းဖို့ အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

Renzio တစ်ယောက် အလုပ်ထွက်ပြီး ပရို ကစားသမား ဘဝကို စတင် ခံယူခဲ့တဲ့ အချိန်မှာ ဇနီးဖြစ်သူ Joyce နဲ့ မိသားစုဝင်တွေဘက်က စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပေမယ့်လည်း Renzio အနေနဲ့ မိသားစုဝင်တွေ အားလုံးကို မိမိအပေါ် ယုံကြည်ချက်ထားပေးဖို့ ဖျောင်းဖျနိုင်ခဲ့ပါတယ်။

MPL-PH Season 4 ပြိုင်ပွဲဟာ Sunsparks အသင်းရဲ့ Offlaner ဖြစ်လာခဲ့တဲ့ Renzio အတွက် ပထမဆုံး ပရိုဖက်ရှင်နယ် ပြိုင်ပွဲဖြစ်လာခဲ့ပေမယ့် Renzio အနေနဲ့ ပြိုင်ဘက်တွေပေါ် ကြောက်ရွံ့နေခြင်း မရှိဘဲ အကောင်းဆုံး ကစားနိုင်ခဲ့သလို Sunsparks MLBB အသင်းကို MPL-PH Season 4 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို စွတ်ခူးနိုင်ဖို့ အတွက် ကူညီ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

MPL-PH Season 5 ပြိုင်ပွဲမှာတော့ Renzio တစ်ယောက် Sunsparks အသင်းရဲ့ အရံကစားသမား ဘဝကို သက်ဆင်းပေးခဲ့ရပေမယ့် အသင်းအတွက် လိုအပ်လာတဲ့ အချိန်တိုင်းမှာ အကောင်းဆုံး လက်စွမ်းပြ ကစားပေးနိုင်ခဲ့ပြီး MPL ဖိလစ်ပိုင် သမိုင်းကြောင်း တစ်လျှောက် ပထမဆုံး MPL ချန်ပီယံဆုကို ၂ နှစ်ဆက်တိုက် ရယူနိုင်တဲ့ အသင်းအဖြစ် Sunsparks အသင်းကို ရပ်တည်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ Sunsparks MLBB အသင်းရဲ့ ကစားသမား အားလုံးကို SEA အခြေစိုက် Esports အဖွဲ့အစည်း Aura Esports မှ ခေါ်ယူလိုက်ပြီ ဖြစ်တာကြောင့် Renzio အပါအဝင် Sunsparks MLBB အဖွဲ့သားတွေ အနေနဲ့ MPL-PH Season 6 ပြိုင်ပွဲမှာတော့ Aura-PH ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

REF: TiebreakerTimes

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle