ဂမ္ဘီရဆန်တဲ့အရာတွေ၊ ဓာတ်မီး mechanic နဲ့အတူ Ethan ပြန်လည်ပါဝင်လာမယ့် Resident Evil 8

ဂမ္ဘီရဆန်တဲ့အရာတွေ၊ ဓာတ်မီး mechanic နဲ့အတူ Ethan ပြန်လည်ပါဝင်လာမယ့် Resident Evil 8

 နာမည်ကျော် Zombie survival ဂိမ်းတစ်ခုဖြစ်တဲ့ Resident Evil series ဟာ ယခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ PS5 နဲ့အတူ Resident Evil 8 “Village” ဆိုတဲ့ဂိမ်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အသစ်ထွက်ရှိလာမယ့် Resident Evil ဂိမ်းအသစ်အတွက် သတင်းပေါက်ကြားထားတာတွေကို တင်ဆက်ပေးချင်ပါတယ်။ လက်ရှိမှာ သိရှိထားသလောက်ကတော့ Resident Evil 7 မှာ အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ခဲ့တဲ့ Ethan ကပဲ Resident Evil 8 မှာ Emily ဆိုတဲ့ Character နဲ့အတူ Resident Evil ဂိမ်းတိုင်းရဲ့ Duo playstyle ပုံစံနဲ့ ပြန်လည်တွေ့မြင်ရမှာဖြစ်ပါတယ်။

 Resident Evil 7 မှာ များသောအားဖြင့် တစ်ယောက်တည်း ဒိတ်ဒိတ်ကျဲပုံစံနဲ့ ဆော့ခဲ့ရပြီး RE series ရဲ့ နှစ်ယောက်ကစားရတဲ့ playstyle ဟာ အတော်ကိုပျောက်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် Resident Evil 8 မှာတော့ Ethan ဟာ အဖေပျောက်ဆုံးနေလို့ လိုက်ရှာနေတဲ့ Emily နဲ့အတူ Duo playstyle ဆော့ကစားရတော့မှာမို့ Resident Evil ပီသသွားပြီလို့ စိတ်ချလက်ချပြောနိုင်ပါတယ်။

 ဒါ့အပြင် Resident Evil 8 မှာ ဓာတ်မီးထိုးရတဲ့ game mechanic အသစ်တစ်မျိုး ထည့်သွင်းပေးထားပြီး၊ Outlast ဂိမ်းတွေမှာလိုမျိုးတော့ ဘက်ထရီလိုက်ရှာရမှာမျိုးမဟုတ်ဘဲ သူ့အလိုလိုပြန်လည် အားပြည့်သွားမယ်လို့ leaks တွေအရသိရှိရပါတယ်။ ဓာတ်မီးပါဝင်လာတာက ဂိမ်းတစ်လျှောက်မှာ မှောင်မည်းနေတဲ့ နေရာအများစု ပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်။ ဂိမ်းရဲ့ Camera ကိုတော့ Resident Evil 7 ကအတိုင်း First-person နဲ့ပဲဆော့ရမှာဖြစ်ပြီး RE series အနေနဲ့ Third-person gameplay ကိုလုံးဝအဆုံးသတ်လိုက်ပြီလားလို့ မေးစရာရှိနေပါတယ်။

 အခုဆက်ပြောမယ့်အပိုင်းကတော့ Spoiler တွေပါတဲ့အတွက် Resident Evil 7 ကို လုံးဝ မဆော့ရသေးတဲ့သူတွေအနေနဲ့ ကျော်ဖတ်ကြပါလို့ပြောချင်ပါတယ်။ RE7 တုန်းက Ethan နဲ့ Mia တို့ဟာ ကလေးတစ်ယောက်ရခဲ့ကြပြီး RE7 တုန်းက virus ကူးစက်မှုကြောင့် ကလေးလေးဟာ ပုံပျက်ပန်းပျက်ဖြစ်နေတယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ Ethan နဲ့ Mia တို့ဟာ သူတို့ကလေးကိုကာကွယ်ဖို့အတွက် ရွာတစ်ရွာမှာ ဇာတ်မြုပ်နေခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ ဂိမ်းတစ်လျှောက်မှာ Resident Evil 4 တုန်းကပုံစံအတိုင်း ရွာထဲမှာ လျှောက်သွားနေရပြီး ရှေးဟောင်းပုံစံလမ်းတွေမှာ ဆော့ကစားရဖို့လည်းရှိပါတယ်။

 Resident Evil 8 ရဲ့ ဇာတ်လမ်းပုံစံကတော့ မိုင်းတွင်းပေါက်ကွဲမှုတစ်ခုကနေ ရွာသားတွေက Zombie အဖြစ်ပြောင်းလဲသွားတဲ့အခါ American အခြေစိုက် Blue Umbrella ကနေ လာရောက် ရှင်းလင်းသုတ်သင်တယ်လို့သိရပါတယ်။ Blue Umbrella Co. ရဲ့ ဟယ်လီကော်ပတာတစ်စင်းပေါ်မှာ Resident Evil series ရဲ့ ဒိတ်ဒိတ်ကျဲဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ Chris Redfield ကိုလည်း တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ Ethan အနေနဲ့ကတော့ ပျောက်ဆုံးသွားပြန်တဲ့ Mia နဲ့ သူ့ရဲ့ကလေးကို ပြန်လည်လိုက်ရှာရင်း လမ်းတစ်လျှောက် ရန်သူတွေနဲ့ရင်ဆိုင်ရဦးမှာပါ။

 ဂိမ်းထဲမှာ ရန်သူပုံစံအသစ် Witch ပါဝင်လာမှာဖြစ်ပြီး၊ သူကတော့ ဂိမ်းတစ်လျှောက် နောက်ကနေချောင်းမြောင်းပြီး ခြောက်လှန့်နေမယ်လို့ဆိုပါတယ်။ အနီးအနားက တောကောင်တွေထဲ ဝင်ပူးပြီးတော့လည်း တိုက်ခိုက်နိုင်တယ်လို့သိရပါတယ်။ ဒါ့အပြင် Resident Evil 8 မှာ Outlast 2 ပုံစံလို ကယောင်ခြောက်ခြားဖြစ်တာမျိုးတွေလည်း ပါဝင်လာမှာဖြစ်ပြီး၊ ဂမ္ဘီရဆန်တဲ့ မှော်အတတ်တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။ RE8 ရဲ့အဓိက ဗီလိန်ကတော့ Alan R., လို့ခေါ်တဲ့ မြို့စားကြီးတစ်ယောက်ဖြစ်ပြီး ရွာအနားမှာရှိတဲ့ ရဲတိုက်ကြီးတစ်ခုထဲမှာနေတယ်လို့ သိရှိထားပါတယ်။

 Leaks ဆိုတာမျိုးက Final game release နဲ့ထပ်တူကျနိုင်မှာတော့မဟုတ်ပေမယ့် Resident Evil ဂိမ်းသစ်ကို စောင့်မျှော်နေကြတဲ့ Survival Horror သမားတွေအတွက်တော့ အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Resident Evil 7 ကနေပြီးတော့ gameplay ပုံစံ တမူကွဲထွက်သွားတဲ့ RE series ဟာ 8 မှာကော ဘယ်လိုမျိုး gameplay အသစ်တွေနဲ့ ထွက်ရှိလာမယ်ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာပါ။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle