ကိုယ့်ရဲ့နေထိုင်မှုပုံစံကိုအများကလည်းလေးစားရအောင်ဘယ်လိုပြောင်းလဲမလဲ

ကိုယ့်ရဲ့နေထိုင်မှုပုံစံကိုအများကလည်းလေးစားရအောင်ဘယ်လိုပြောင်းလဲမလဲ

ဘဝဆိုတာပွင့်ပွင့်လင်းလင်းပြောရရင်တိုတိုလေးပါနော်။တိုတိုလေးဆိုတဲ့အတိုင်း ရရှိလာတဲ့ဘဝပေးအခြေအနေမှာ ပျော်ပျော်နေတတ်ဖို့၊ အကောင်းမြင်တဲ့စိတ်တွေရှိဖို့၊ အများကကိုယ့်ကိုလေးစားပြီး ကိုယ့်ကိုကြည်လိုက်တာနဲ့ယုံကြည်ရတဲ့လူတစ်ယောက်ဆိုတာဖြစ်ဖို့ကလည်းထင်သလောက်တွေမလွယ်ကူပါဘူး။ တကယ်လို့ကိုယ့်ဘဝရဲ့နေထိုင်မှုပုံစံကိုတစ်မျိုးလေးပြောင်းလဲချင်တယ်ဆိုရင်ဒီအချက်လေးတွေကနေစပြောင်းလဲကြည့်စေချင်ပါတယ်။
စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ
လူတွေရဲ့စိတ်ကအကြောင်းအမျိုးမျိုးကြောင့်ဖိစီးမှုတွေများလာရင် ကိုယ့်စိတ်ကိုယ်တောင်မနိုင်ပဲနဲ့ အမှားတွေလည်းလုပ်မိတတ်ပါတယ်။အဲ့တော့ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ အရာတွေကိုဆန်းစစ်ပြီးတော့ အဲ့ဒီအရာတွေကို အဆိုးလို့မမြင်ပဲနဲ့ ကိုယ့်ဘဝအတွက်သင်ခန်းစာတစ်ရပ်လို့ရှုမြင်လိုက်ပါ။စိတ်ညစ်နေမဲ့အစားဘဝအတွက်အကျိူးရှိတဲ့အရာတစ်ခုမှာအချိန်ကုန်ခံလိုက်ပါနော်။

Photo Credit -Shutterstock


ကူညီပါ
ကူညီပါဆိုတဲ့နေရာမှာ ငွေရေးကြေးရေကိုအကူအညီပြုလုပ်ခိုင်းတာမဟုတ်ပါဘူး။ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို  ဘာတွေလိုအပ်နေမလဲစိတ်ပိုင်းဆိုင်ရာမှာဖြစ်ဖြစ်အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ် ကူညီပေးပါ။အကူအညီပေးခြင်းက ကိုယ့်ကိုယ်ကို ပိုပြီးလေးစားမှုလည်းရနိုင်သလို၊ အများကလည်း ကိုယ့်ကို တန်ဖိုးထားခြင်းခံရမှာအမှန်ပါ။

Photo Credit -healthline

မိသားစုအသိုင်းအဝိုင်းကိုအချိန်ပေးပါ
အဲ့ဒါကလည်းအရေးကြီးဆုံးအချက်တစ်ချက်ဆိုလည်းမမှားပါဘူး။လူတိုင်းက ကိုယ့်အလုပ်တွေနဲ့ကိုယ်နေ့တိုင်းရှပ်နေတယ်ဆိုပြီး ကိုယ့်မိသားစုကိုဖြစ်ဖြစ်၊ကိုယ့်သူငယ်ချင်းတွေကိုဖြစ်ဖြစ်သူတို့နဲ့အတူအချိန်တွေမျှဝေဖို့မေ့နေတတ်ကြပါတယ်။လောကမှာအကောင်းဆုံးအချိန်တွေအတူဖြတ်သန်းဖို့က ကိုယ့်ကိုတန်ဖိုးထားတဲ့လူတွေနဲ့သာပါနော်။

Photo Credit -Freepik

Kelly -Akhayar Lifestyle