Geek Fam ကို အနိုင်ယူပြီး MPL MY/SG Season 5 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Resurgence

Geek Fam ကို အနိုင်ယူပြီး MPL MY/SG Season 5 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Resurgence

စင်ကာပူ အခြေစိုက် Mobile Legends အသင်း Resurgence ကတော့ မလေးရှား အခြေစိုက် နာမည်ကျော် MLBB အသင်း တစ်သင်းဖြစ်တဲ့ Geek Fam ကို အနိုင်ယူပြီး MPL MY/SG Season 5 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အုပ်စုအဆင့်မှာ ပထမ နေရာကို ရယူနိုင်ခဲ့တဲ့ Resurgence နဲ့ ဒုတိယ နေရာကို ရယူနိုင်ခဲ့တဲ့ Geek Fam တို့ နှစ်သင်းလုံး အနေနဲ့ Upper Bracket ကနေ စတင်ကာ ယှဉ်ပြိုင်ခွင့် ရရှိခဲ့သလို Upper Bracket Round 1 ပွဲစဉ် ကိုယ်စီကိုလည်း အနိုင်ယူနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ် အဆင့်မှာတော့ Resurgence အနေနဲ့ Geek Fam ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket Final အဆင့်ကို ဆင်းသက် ပေးခဲ့ရပြီး Geek Fam ကတော့ Grand Final အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Lower Bracket Final ပွဲစဉ်မှာ Geek Fam အနေနဲ့ Lower Bracket Round 1 ကနေ တဖြည်းဖြည်းခြင်း တက်လှမ်းလာခဲ့တဲ့ Orange Esports Reborn နဲ့ ရင်ဆိုင်ခဲ့ရပြီး နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Final အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့သလို ပြိုင်ဘက်ဟောင်းဖြစ်တဲ့ Geek Fam ကို လက်စားချေနိုင်မယ့် အခွင့်အရေးကို ရယူနိုင်ခဲ့ပါတယ်။

Geek Fam vs Resurgence (Game 1)

MPL MY/SG Season 5 ပြိုင်ပွဲရဲ့ Grand Final ပွဲစဉ်ကို Best of Five Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲစဉ် (၁) မှာ RSG အနေနဲ့ Gold 10K အသာနီးပါးဖြင့် ကစားနိုင်ခဲ့ပြီး ပွဲစဉ် (၁) ရဲ့ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ ပွဲစဉ် (၂) မှာတော့ Geek Fam ဘက်က ပြန်လည် အနိုင်ယူနိုင်ခဲ့တာကြောင့် တစ်ဖက်ကို တစ်ပွဲစီဖြင့် သရေ ရလဒ်ကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ပွဲစဉ် (၃) နဲ့ ပွဲ (၄) တို့မှာ Resurgence ဘက်က ပြန်လည် အနိုင်ယူနိုင်ခဲ့တာကြောင့် စင်ကာပူ အခြေစိုက် MLBB အသင်း Resurgence အနေနဲ့ MPL MY/SG Season 5 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ဆုကြေးငွေ ဒေါ်လာ ၂ သောင်းခွဲကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒုတိယ နေရာကိုသာ ရယူနိုင်ခဲ့တဲ့ Geek Fam ကတော့ ဆုကြေးငွေ ဒေါ်လာ ၁ သောင်း ၂ ထောင်ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

ဒါ့အပြင် Grand Final ပွဲစဉ် တစ်လျှောက် လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့တဲ့ Resurgence အသင်းရဲ့ Marksmen ကစားသမား Lim “Ly4ly4ly” Yang အနေနဲ့လည်း အကောင်းဆုံး ကစားသမားဆိုကို သိမ်းပိုက်နိုင်ခဲ့သလို ဆုကြေးငွေ ဒေါ်လာ ၁ ထောင်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle