Fenty ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင်တံဆိပ် တည်ထောင်တော့မယ့် Rihanna

Fenty ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင်တံဆိပ် တည်ထောင်တော့မယ့် Rihanna

Cele တွေတစ်ယောက်ပြီးတစ်ယောက် ကိုယ်ပိုင် ဖက်ရှင်တံဆိပ်တွေ ၊ မော်ဒယ်တွေ ၊ သံတမန်တွေဖြစ်နေကြတဲ့အချိန်မှာ Rihanna ကိုလည်း ဘယ် Brand မှာ ဘယ်လိုပါဝင်လာမယ်ဆိုတာကို တွက်ဆနေခဲ့ကြတာပါပဲ။ ဒါပေမယ့်သူများတွေနဲ့မတူ တစ်မူထူးခြားတာက အဆိုတော် Rihanna က ပြင်သစ် Luxury Goods Group တစ်ခုဖြစ်တဲ့ Moët Hennessy Louis Vuitton (LVMH) နဲ့တွဲပြီးတော့ Fenty ဆိုတဲ့ ကိုယ်ပိုင်တံဆိပ်ကို တည်ထောင်လိုက်တာပါ။

ဟုတ်ပါတယ်။ Rihanna က ကိုယ်ပိုင် Fenshion Brand တစ်ခုကို ပိုင်ဆိုင်သွားပါပြီ။ Rihanna က LVMH မှာဦးဆောင်ရမယ့် ပထမဆုံးလူမည်းအမျိုးသမီးဖြစ်လာတဲ့အပြင် စီးပွားရေးကော်ပိုရေးရှင်းဖွဲ့စည်းတည်ထောင်ဖို့အတွက် ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုကို ဖန်တီးခွင့်ရတဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာတာပါ။

Rihanna မှာကလည်း Follower တွေအများကြီးရှိတာအပြင် သူကိုယ်တိုင်ကိုက ဖက်ရှင်ပိုင်းမှာ ထဲထဲဝင်ဝင်ရှိတယ် ၊ ပြီးတော့ နာမည်ကြီးဖက်ရှင်တွေကို မထင်မှတ်ထားနဲ့ပစ္စည်းတွေနဲ့ပေါင်းစပ်ပြီး ကိုယ့်ရဲ့မူပိုင်လေးတွေကိုဖန်တီးတတ်တယ်။ Fenty က အဝတ်အစားတွေ ၊ ဖိနပ်တွေ နဲ့ အသုံးဆောင်ပစ္စည်းတွေကို ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ Fenty က ၁၉၈၇ နောက်ပိုင်းမှာမှ LVMH ကနေ အမှတ်တံဆိပ်အသစ်အနေနဲ့ ပထမဆုံးပြန်ထုတ်ပေးတာဖြစ်တယ်။ Fenty က တခြားအမှတ်တံဆိပ်တွေဖြစ်တဲ့ Dior ၊ Fendi ၊ Givenchy ၊ Marc Jacobs နဲ့ Céline တို့နဲ့ တွဲသွားမှာဖြစ်ပါတယ်။

Rihanna ကလည်း ဘယ်လိုပြောခဲ့လဲဆိုတော့ သူ့ကို Luxury အပိုင်းမှာ အနုပညာရသကို ကန့်သတ်ထားတာမရှိဘဲ Fashion အမှတ်တံဆိပ်တစ်ခုဖန်တီးဖို့ ထူးခြားတဲ့အခွင့်အရေးတစ်ခုချီးမြှင့်ခံရတယ်တဲ့။ “ဖန်တီးမှုပိုင်းမှာရော ၊ စီးပွားရေးပိုင်းမှာပါ ပိုကောင်းတဲ့လုပ်ဖော်ကိုင်ဖက်ကို မတွေးနိုင်တော့ပါဘူး။ ပြီးတော့ ကျွန်မတို့အတူတူဖန်တီးထားတာကို ကမ္ဘာကြီးကိုပြသဖို့ အဆင်သင့်ဖြစ်နေပါပြီ။”လို့လည်း ထပ်ပြောခဲ့ပါသေးတယ်။

LVMH ရဲ့ CEO ဖြစ်တဲ့ Bernard Arnault က Rihanna ကို အသင်းတစ်သင်းနဲ့ပစ္စည်းတွေထောက်ပံ့ပေးမယ်လို့ပြောခဲ့တယ်။ Rihanna က အဆိုတော်ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ လူတိုင်းလည်းသိတာပဲ။ သူနဲ့ Fenty Beauty အတွက် ပူးတွဲပြီးလုပ်ကြည့်မှ စစ်မှန်တဲ့ စွန့်ဦးတီထွင်သူကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောခဲ့ပါသေးတယ်။

Fenty Beauty က ၂ဝ၁၇ ခုနှစ်တုန်း Rihanna ထုတ်ခဲ့တဲ့ Cosmetics Brand တစ်ခုပါ။ Skin Tones တွေတော်တော်များများအတွက် ပါဝင်တာကြောင့် ချီးကျူးခြင်းခံရထားရပါတယ်။ မူလ Foundation က အရောင် ၄ဝ နဲ့ ထုတ်လုပ်ခဲ့ပြီးတော့ နောက်ပိုင်းမှာ အရောင် ၅ဝ အထိ ထပ်ထုတ်ခဲ့တယ်။ ၂ဝ၁၈ အကုန်မှာတင် ဒေါ်လာ ၅၆၅ မီလီယံ နီးပါးရောင်းနိုင်ခဲ့တယ်။
Rihanna က မေလ ၁ဝ ရက်နေ့ုတုန်းက Instagram မှာ Fenty ရဲ့ Logo အသစ်ကိုတင်ခဲ့တယ်။

LVMH ထဲကို Rihanna ဝင်လာတာက ဂုဏ်ဒြပ်တွေ ၊ သမိုင်းတွေ ၊ ဇိမ်ခံပစ္စည်းတွေအပေါ်မှာ တိုးတက်လာတဲ့အမြင်တွေ ၊ နားလည်မှုတွေကို ထွေးပွေ့လာပြီဆိုတာကို မြင်နိုင်ပါတယ်။

Ref: www.thetalko.com

Photo Credit : thetalko.com

Piki(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle