ESL Rio Major ကို နိုဝင်ဘာလမှ ကျင်းပသွားမှာ ဖြစ်ပေမယ့် ဆုကြေးငွေ အများဆုံး CSGO ပြိုင်ပွဲအဖြစ် ကျင်းပသွားမည်

ESL Rio Major ကို နိုဝင်ဘာလမှ ကျင်းပသွားမှာ ဖြစ်ပေမယ့် ဆုကြေးငွေ အများဆုံး CSGO ပြိုင်ပွဲအဖြစ် ကျင်းပသွားမည်

ESL One Rio 2020 Major ပြိုင်ပွဲကို မူလ ပထမက ၂၀၂၀ ခုနှစ်၊ မေလ ၁၁ ရက်ကနေ ၂၃ ရက်နေ့အထိ ကျင်းပသွားဖို့ စီစဉ်ထားခဲ့ပေမယ့် ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာခြင်းကြောင့် ပြိုင်ပွဲ ကျင်းပသွားမယ့် နေ့ရက်ကို နောက်ဆုတ်လိုက်ရပြီ ဖြစ်ပါတယ်။

Photo Credit: Afk Gaming

ESL အဖွဲ့အစည်းရဲ့ Vice President ဖြစ်သူ Michal “Carmac” Blicharz ရဲ့ ထုတ်ပြန် ကြေညာချက်များ အရ ESL One Rio Major 2020 ကို နိုဝင်ဘာလ ၁၉ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ CSGO ပြိုင်ပွဲ အများစုကို ရပ်နားထားလိုက်ရပြီဖြစ်တာနဲ့ အညီ နိုဝင်ဘာလမှာ ကျင်းပသွားမှာ ESL One Major 2020 ပြိုင်ပွဲအတွက် စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ (၂) သန်း ချီးမြှင့်သွားမှာဖြစ်ပြီး CSGO သက်တမ်း တစ်လျှောက် ဆုကြေးငွေ အများဆုံး ပြိုင်ပွဲ အဖြစ် ကျင်းပသွားမှာ ဖြစ်တယ်လို့ Carmac ရဲ့ အဆိုအရ သိရပါတယ်။

ဒါ့အပြင် မေလမှာ ကျင်းပသွားဖို့ စီစဉ်ထားတဲ့ ESL One Rio Major အတွက် လက်မှတ် ဝယ်ယူထားသူတွေ အနေနဲ့လည်း လက်မှတ်ဖိုး ပြန်လည် ထုတ်ယူခြင်း မရှိခဲ့ဘူးဆိုရင် နိုဝင်ဘာလမှာ ပြောင်းလဲ ကျင်းပသွားမယ့် Rio Major အတွက် လက်မှတ် ထပ်မံ ဝယ်ယူစရာ လိုအပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ESL အဖွဲ့အစည်းရဲ့ Senior Vice President ဖြစ်သူ “Ulrich Schulze” ရဲ့ အဆိုအရ နိုဝင်ဘာလမှာ ပြန်လည် ကျင်းပသွားမယ့် ESL One Rio Major ပြိုင်ပွဲမှာ တိုက်ရိုက် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမယ့် CSGO အသင်းတွေ၊ လက်ရည်စစ်ပွဲ ကျင်းပသွားမယ့် နေ့ရက်တွေကိုတော့ ပြန်လည် ကြေညာ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ESL အနေနဲ့ ESL One Rio Major 2020 ကို နိုဝင်ဘလာမှာ ပြောင်းလဲ ကျင်းပသွားမှာဖြစ်ကြောင်း ကြေညာ သွားခဲ့ပေမယ့်လည်း ဇူလိုင်လ ၆ ရက်နေ့ကနေ ၁၂ နေ့အထိ ကျင်းပသွားမယ့် ESL Cologne ၊ ဩဂုတ်လ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပသွားမယ့် IEM Melbourne စတဲ့ ပြိုင်ပွဲတွေကိုတော့ ရက်ရွေ့ဆိုင်းသွားမလား ဒါမှမဟုတ် မူလအစီအစဉ်အတိုင်း ကျင်းပသွားမှာလား ဆိုတာကို ကြေညာခဲ့ခြင်း မရှိသေးပါဘူး။

REF: AfkGaming, VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle