Teamfight Tactics မိုဘိုင်းဗားရှင်းကို မတ်လ ၁၉ ရက်နေ့မှာ မိတ်ဆက်ပေးသွားမည်

Teamfight Tactics မိုဘိုင်းဗားရှင်းကို မတ်လ ၁၉ ရက်နေ့မှာ မိတ်ဆက်ပေးသွားမည်

Auto-Battler အမျိုးအစား ဗွီဒီယိုဂိမ်းတွေ ခေတ်စား လာခဲ့တာနဲ့ အညီ နာမည်ကျော် ဗွီဒီယိုဂိမ်း ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Riot Games အနေနဲ့ ကိုယ်ပိုင် Auto-Battle အမျိုးအစား ဗွီဒီယိုဂိမ်းဖြစ်တဲ့ Teamfight Tactics (TFT) ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ မိတ်ဆက်ပေးခဲ့ပါတယ်။

Teamfight Tactics ကို မိတ်ဆက်ပေးခဲ့စဥ် အချိန်က ပီစီဗားရှင်း အဖြစ်သာ မိတ်ဆက်ခဲ့ပေမယ့် Riot Games အနေနဲ့ Teamfight Tactics မိုဘိုင်းဗားရှင်းကိုလည်း မကြာခင် အချိန်အတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

Teamfight Tactics ပီစီဗားရှင်း ထွက်ရှိပြီး (၉) လခန့် အကြာမှာတော့ Riot Games အနေနဲ့ Teamfight Tactics မိုဘိုင်းဗားရှင်း ထုတ်လွှတ် ပေးသွားမယ့် နေ့ရက်ကို တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ Riot Games ဘက်က တရားဝင် ထုတ်ပြန် ကြေညာချက်များ အရ Teamfight Tactics မိုဘိုင်းဗားရှင်းကို မတ်လ ၁၉ ရက်နေ့မှာ မိတ်ဆက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“TFT ပီစီဗားရှင်းကို ထုတ်လွှင့်ပြီး တစ်နှစ်နီးပါးခန့် အကြာမှာတော့ TFT မိုဘိုင်းဗားရှင်းကို မိတ်ဆက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ TFT ချစ်ပရိသတ်တွေ အနေနဲ့ မိုဘိုင်းဖုန်းကို အသုံးပြုပြီး ကစားခဲ့မယ် ဆိုရင်တောင် ပီစီတစ်လုံးကို အသုံးပြုပြီး ကစားနေရသလို စိတ်ခံစားမှုမျိုးကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိုဘိုင်းဖုန်းကို အသုံးပြုပြီး ဂိမ်းကစားလေ့ရှိသူတွေ ကြိုက်နှစ်သက်တဲ့ Features တွေလည်း TFT မိုဘိုင်းဗားရှင်းမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် Teamfight Tactics ကို မိုဘိုင်းဗားရှင်းမှာ ကစားနေသူတွေ အနေနဲ့ ပီစီဗားရှင်းမှာ ကစားနေသူတွေနဲ့ပါ ချိတ်စက် ကစားနိုင်မယ့် Cross Play Feature လည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Teamfight Tactics မိုဘိုင်းဗားရှင်းကို ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်တွေ ကစားနိုင်ဖို့ အတွက် မတ်လ ၁၉ ရက်နေ့မှာ ထုတ်လွှတ် ပေးသွားမှာ ဖြစ်ပေမယ့်လည်း အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေမှာတော့ တရားဝင် ထုတ်လွှင့်ပြီး ရက်အနည်းငယ် ကြာမြင့်မှသာ ကစားခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle