လော့စ်အိန်ဂျလိစ်ဒေသ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးသင့် ပြည်သူတွေအတွက် ကန်ဒေါ်လာ ၁ သန်းခွဲ လှူဒါန်းခဲ့တဲ့ Riot Games

လော့စ်အိန်ဂျလိစ်ဒေသ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးသင့် ပြည်သူတွေအတွက် ကန်ဒေါ်လာ ၁ သန်းခွဲ လှူဒါန်းခဲ့တဲ့ Riot Games

နာမည်ကျော် Esports အမျိုးအစား ဗွီဒီယိုဂိမ်း တစ်ခုဖြစ်တဲ့ LoL ကို ဖန်တီးထုတ်လုပ်ခဲ့တဲ့ အမေရိကန် အခြေစိုက် ဗွီဒီယိုဂိမ်း ကုမ္ပဏီကြီး Riot Games အနေနဲ့ လော့စ်အိန်ဂျလိစ်ဒေသ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးသင့် ပြည်သူတွေ အတွက် အမေရိကန်ဒေါ်လာ ၁.၅ သန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Riot Games အနေနဲ့ ကန်ဒေါ်လာ လေးသိန်းကို လော့စ်အိန်ဂျလိစ် အခြေစိုက် Food Bank တွေ အတွက် အသုံးပြုသွားမှာဖြစ်ပြီး ဒေါ်လာ ၂ သိန်းကိုတော့ မြို့တော် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကန်ဒေါ်လာ ကိုးသိန်းကိုတော့ LA အခြေစိုက် ဟရိဟိတ အဖွဲ့အစည်းတွေကို ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Los Angeles

ဒါ့အပြင် Riot Games အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ရှေ့တန်း စစ်မျက်နှာပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ NGO အဖွဲ့အစည်းတွေကိုလည်း တတ်အားသလောက် ဆက်လက် ကူညီ ထောက်ပံ့မှုတွေ ဆက်လက် ပြုလုပ်ပေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Riot Games အနေနဲ့ လက်ရှိအချိန်မှာ PPE ဝတ်စုံတွေ လိုအပ်နေတဲ့ ဆေးရုံဆေးခန်းတွေကို လှူဒါန်းမှုတွေ ပြုလုပ်နိုင်ဖို့ အတွက် ဆက်လက် ကြိုးပမ်းလျက်ရှိသလို ဝန်ထမ်းများ အားလုံးကိုလည်း အိမ်ကနေ အလုပ် လုပ်ကိုင်ခွင့် ပေးအပ်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle