သိပ်မကြာခင်မှာ Free-To-Play ဖြစ်လာတော့မယ့် Rocket League

သိပ်မကြာခင်မှာ Free-To-Play ဖြစ်လာတော့မယ့် Rocket League

Rocket League ဆိုတဲ့ ကားတွေမောင်းပြီး ဘောကန်နေရတဲ့ဂိမ်းဟာ လာမယ့်လအနည်းငယ်အတွင်းမှာ Free to play အနေနဲ့ ဘယ်သူမဆို စ တင်ဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။ Rocket League ဟာ ၂၀၁၅ ကနေ ယခုအချိန်ထိ ဆော့ကစားသူပေါင်း ၇၅ သန်းကျော်ရှိတဲ့ Online Multiplayer ဘောလုံးဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။

Base Game ကို Steam, PS4, Xbox One နဲ့ Nintendo Switch တို့မှာ US $19.99 နဲ့ Paid Game အဖြစ်ကနေ အခုလိုမျိုး Free-to-play အဖြစ် ပြောင်းလဲဦးတည်လိုက်တာပဲဖြစ်ပါတယ်။ Paid အနေနဲ့ဝယ်ယူခဲ့တဲ့ သူတွေကိုတော့ Legacy status ပေးအပ်သွားမယ်လို့လည်း သိရှိထားရပါတယ်။

အခုလို Free-to-play စနစ်နဲ့အတူ Tournaments နဲ့ Challenge systems တွေပါ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ Inventory, Rocket Pass progress, Competitive Rank တွေနဲ့အတူ ဘယ် Platform မှာမဆို အကောင့်တစ်ခုတည်းအသုံးပြုနိုင်ဖို့အတွက် Epic Games Account နဲ့ချိတ်ဆက်ပေးထားနိုင်မယ်လို့ သိရှိရပါတယ်။

Free-to-play ဖြစ်သွားတဲ့အခါမှာတော့ PC Platform အတွက် Player အသစ်တွေဟာ Steam ကနေ ဆက်လက်ရယူနိုင်မှာမဟုတ်တော့ဘဲ Epic Games Store ကနေပဲ ဂိမ်းကိုရယူနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် Steam သမားတွေကလည်း ဂိမ်း Update နဲ့ Support တွေ ရရှိနေဦးမှာမို့ စိုးရိမ်စရာမလိုဘဲ Steam ကနေ ဆက်လက်ကစားနိုင်ပါတယ်။

Legacy status ရရှိထားတဲ့ player တွေဟာ Free-to-play ဖြစ်တာနဲ့ Rewards အချို့လည်းရရှိလာဦးမှာဖြစ်ပါတယ်။ Rewards တွေကတော့ -

· Free-to-play မဖြစ်ခင် ထွက်ထားဖူးသမျှ Rocket League-branded DLC တွေအကုန်လုံး၊

· ဂိမ်းဝယ်ယူထားတဲ့ ခုနှစ်ကိုပြသပေးမယ့် “Est. 20XX” title၊

· Common items ၂၀၀ ကျော်ကို “Legacy” quality အဖြစ်မြှင့်တင့်ပေးထားမယ်၊

· Golden Cosmo Boost၊

· Dieci-Oro Wheels

· Huntress Player Banner

စတာတွေ ရရှိလာမှာဖြစ်ပါတယ်။ ဒါတွေအပြင် ဒီသတင်းကြေညာချက်ထွက်ပြီး နောက်ပိုင်းမှာ ဆော့ကစားနေတဲ့ Legacy သမားတွေဟာ Faded Cosmo Boost ကိုလည်းရရှိမှာဖြစ်တယ်လို့ သိရှိထားပါတယ်။

Epic Games Store ဟာ ဂိမ်းတွေကို Surprise အနေနဲ့ Free တွေချပေးတတ်ပြီး၊ ဂိမ်းကြီးတွေဖြစ်တဲ့ GTA V နဲ့ Just Cause 4 လိုဂိမ်းတွေကိုလည်း Free တွေပေးခဲ့ပါသေးတယ်။ အခုချိန်မှာလည်း Rocket League ကို Free to play အနေနဲ့ Steam မှာမဟုတ်တော့ဘဲ Epic Games Store မှာပဲ ဆက်လက်တွေ့မြင်ရတော့မှာဖြစ်ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle