Red Dead Online နဲ့ GTA Online တို့မှ ရရှိတဲ့ အမြတ်ငွေ ငါးရာခိုင်နှုန်းကို လှူဒါန်းသွားမယ့် Rockstar

Red Dead Online နဲ့ GTA Online တို့မှ ရရှိတဲ့ အမြတ်ငွေ ငါးရာခိုင်နှုန်းကို လှူဒါန်းသွားမယ့် Rockstar

Rockstar Games ကတော့ မေလကုန်အထိ GTA Online, Red Dead Online တို့ကနေ ရရှိတဲ့ ဝင်ငွေ (၅) ရာခိုင်နှုန်းကို COVID-19 ကပ်ဘေးသင့် ဒေသတွေ အတွက် လှူဒါန်းသွားမှာဖြစ်ကြောင်း ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ GTA Online, Red Dead Online တို့ကနေ ရရှိတဲ့ ဝင်ငွေ (၅) ရာခိုင်နှုန်းကို Rockstar Games အခြေစိုက်ရာ ဒေသတွေဖြစ်တဲ့ မြောက်အမေရိက၊ ယူကေနဲ့ အိန္ဒိယတို့မှ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးသင့် ဒေသတွေ အတွက် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“GTA Online, Red Dead Online တို့ကနေ ရရှိတဲ့ အမြတ်ငွေကို COVID-19 ကြောင့် ရုန်းကန်နေရတဲ့ ဒေသတွေ အတွက် တိုက်ရိုက် လှူဒါန်းသွားမှာဖြစ်သလို ကိုရိုနာဗိုင်းရပ်စ် ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ပွဲဝင်လျက်ရှိတဲ့ လူမှုဖူလုံရေး အဖွဲ့အစည်းတွေကနေ တစ်ဆင့်လည်း လှူဒါန်းသွားမှာ ဖြစ်ပါတယ်။”

GTA 5, GTA Online နဲ့ Red Dead Redemption 2 တို့ဟာဆိုရင် Rockstar Games ရဲ့ အရောင်းရဆုံး ဂိမ်းတွေဖြစ်သလို Red Dead Online ကို Red Dead Redemption 2 ပိုင်ရှင်တွေသာ ကစားခွင့် ရရှိမယ့် ဂိမ်းတစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ ဂိမ်းတွေဟာ COVID-19 ကပ်ဘေးသင့်ကာလ အတွင်း Rockstar Games ရဲ့ လူဆော့ အများဆုံး ဂိမ်းတွေ အဖြစ် ရပ်တည်လျက် ရှိတာကြောင့် ဆေးဝါးအခက်အခဲ၊ ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကပ်ဘေးသင့် ဒေသတွေ၊ လူမှုဖူလုံရေး အဖွဲ့အစည်းတွေ အတွက်တော့ တကယ်ကို သတင်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ