HR Dota2 အသင်းကို စွန့်ခွာသွားခဲ့ပြီဖြစ်တဲ့ CIS အခြေစိုက် နာမည်ကျော် Dota2 ကစားသမား RodjER

HR Dota2 အသင်းကို စွန့်ခွာသွားခဲ့ပြီဖြစ်တဲ့ CIS အခြေစိုက် နာမည်ကျော် Dota2 ကစားသမား RodjER

The International 2019 ပြိုင်ပွဲအပြီးမှာ Virtus Pro Dota2 အသင်းကနေ စွန့်ခွာသွားခဲ့တဲ့ RodjER တစ်ယောက်ကတော့ လက်ရှိအချိန်ထိ ကံဆိုးမိုးမှောင်မှုတွေနဲ့သာ ရင်ဆိုင်ရလျက် ရှိပါတယ်။ RojER အနေနဲ့ TI-9 ပြိုင်ပွဲပြီးဆုံးချိန်မှာ VP Dota2 အသင်းနဲ့ နှစ်ဦး သဘောတူ လမ်းခွဲခဲ့ပြီး Virtus Pro Dota2 အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ ArsZeeqq ရှိရာ Winstrike Dota2 အသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။

Rodjer အနေနဲ့ ပရို Dota2 လောကကို စတင် ဝင်ရောက်စဉ် အချိန်ကတည်းက Pos4 ကစားသမား အဖြစ်သာ ရပ်တည်ခဲ့ပြီး CIS ဒေသရဲ့ အကောင်းဆုံး Pos4 ကစားသမားးတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Winstrike Dota2 အသင်းမမှာ Pos5 ကစားသမား ဘဝကို ပြောင်းလဲခံယူခဲ့ပြီး အသင်းရဲ့ ကပ္ပတိန်ရာထူးကိုပါ ပူးတွဲ တာဝန်ယူခဲ့ပါတယ်။ Winstrike Dota2 အသင်းဟာ RodjER, Daxak, AfterLife စတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပေမယ့်လည်း ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရတာကြောင့် RodjER တစ်ယောက် အသင်းကို ရောက်ရှိပြီး သုံးလခန့် အကြာမှာပဲ HellRaisers Dota2 အသင်းကို ပြောင်းရွေ့လို့ သွားခဲ့ပါတယ်။

HR Dota2 အသင်းမှာ Pos4 ကစားသမား အဖြစ် ပြန်လည် ကစားခွင့် ရရှိခဲ့တဲ့ RodjER ဟာ အသင်းကို ရောက်ရှိခဲ့တဲ့ အစောပိုင်း ကာလတွေမှာ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့သလို HR Dota2 အသင်းကိုလည်း အင်အားကြီး Dota2 အဖြစ် ရပ်တည်နိုင်အောင် တစ်ဖက်တစ်လမ်းကနေ ကူညီ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အချိန်ကြာမြင့်လာတာနဲ့ အမျှ RodjER ရဲ့ စွမ်းဆောင်ရည်ဟာ ကျဆင်းလို့ လာခဲ့ပြီး HR Dota2 အသင်း အနေနဲ့လည်း ပြိုင်ပွဲအများစုမှာ ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ ယခုအခါမှာတော့ HR Dota2 အသင်းရဲ့ ထုတ်ပြန် ကြေညာချက်များအရ RodjER တစ်ယောက် အသင်းကနေ နှစ်ဦး သဘောတူ ထွက်ခွာသွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

“HR Dota2 အသင်းရဲ့ ကစားသမားတွေ၊ အဖွဲ့အစည်း တာဝန်ရှိသူတွေ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ အကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေခဲ့တာကြောင့် အသင်းကနေ ထွက်ခွာရတာ ဖြစ်ပေမယ့် HR Dota2 အသင်း ရှေ့လျှောက် အောင်မြင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်တော့်ကို အားပေးကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။” လို့ RodjER ကတော့ ပြောကြားသွားခဲ့ပါတယ်။

RodjER တစ်ယောက် အသင်းနဲ့ နှစ်ဦး သဘောတူ လမ်းခွဲခဲ့ခြင်း ပတ်သက်ပြီး HR Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Magician ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“RodjER လို ကစားသမားမျိုးကို အသင်းအတွက် ခေါ်ယူနိုင်ခဲ့မယ်လို့ ကျွန်တော် တကယ်ကို ထင်မှတ်ထားခြင်း မရှိခဲ့ပါဘူး။ ကံကောင်းစွာနဲ့ အသင်းမှာ ကစားဖို့ အတွက် RodjER ကို ခေါ်ယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ ကစားဟန်နဲ့ ကိုက်ညီခြင်း မရှိတာကြောင့် စိတ်မကောင်းစွာနဲ့ အခုလို နှစ်ဦး သဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

RodjER တစ်ယောက် အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ပေမယ့်လည်း ကျွန်တော်တို့ HR Dota2 အဖွဲ့သားတွေနဲ့ RodjER အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် RodjER။”

HR Dota2 အသင်း အနေနဲ့ OMEGA League အွန်လိုင်း ပြိုင်ပွဲ လက်ရည်စစ်ပွဲမှာ ဝင်ရာက် ယှဉ်ပြိုင်သွားဖို့ ရှိတာကြောင့် RodjER နေရာမှာ အစားထိုးသွားမယ့် ကစားသမားကို မကြာခင် အချိန်အတွင်း ကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။

HR Dota2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Alexander “Nix” Levin – Pos 1
  • Arslan “xannii” Shadjanov – Pos 2
  • Gleb “Funn1k” Lipatnikov – Pos 3
  • Yaroslav “Miposhka” Naidenov – Pos 5
  • Aleksandr “Accell” Litvinenko – Coach

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle