ဖျက်သိမ်းသွားတဲ့ Just Error Dota2 အသင်းအကြောင်းနဲ့ VP မှာ ကစားခဲ့စဉ်က အကြောင်းတွေကို ဖွင့်ဟသွားခဲ့တဲ့ RodjER

ဖျက်သိမ်းသွားတဲ့ Just Error Dota2 အသင်းအကြောင်းနဲ့ VP မှာ ကစားခဲ့စဉ်က အကြောင်းတွေကို ဖွင့်ဟသွားခဲ့တဲ့ RodjER

CIS Dota2 လောကရဲ့ အကောင်းဆုံး Pos4 ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ Vladimir “RodjER” Nikogosyan ကတော့ Virtus Pro မှာ ရှိနေခဲ့စဉ်က အကြောင်းတွေနဲ့ ဖျက်သိမ်းသွားတဲ့ Just Error Dota2 အသင်းနဲ့ ပက်သက်ပြီး သူ့အမြင်တွေကို အင်တာဗျူး အစီအစဉ် တစ်ခုမှာ ပြောပြ သွားခဲ့ပါတယ်။

“အမှန်အတိုင်း ပြောရရင် Solo က တကယ်ကို အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်း တစ်ဦးပါ။ Meta အသစ်တွေ၊ Patch အသစ်တွေ ဘယ်လောက်ပဲ ထွက်ပေါ်လာပါစေ။ သူ့အနေနဲ့ အမြန်ဆုံး အကျွမ်းဝင်အောင် ကြိုးစား လေ့လာခဲ့တယ်။ ကျွန်တော် အပါအဝင် VP အဖွဲ့သားတွေ အားလုံးကလည်း သူ့အပေါ် အပြည့်အဝ ယုံကြည်ခဲ့တယ်။ ဒါကြောင့်လည်း ပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း The International 2018 မစတင်ခင်မှာ အသင်းတွင်း ပြဿနာတွေ စတင် ပေါ်ပေါက်လာခဲ့တယ်။ တစ်ဦးနဲ့ တစ်ဦး အကြားမှာ သဘောထား ကွဲလွဲတာတွေ ရှိလာခဲ့တယ်။ ကျွန်တော်လည်း စွမ်းဆောင်ရည် အတော်လေး ကျဆင်းသွားခဲ့ပါတယ်။ အသင်းသားတွေ အနေနဲ့လည်း ကျွန်တော် အပေါ် ဖိအားတွေ‌ ပေးလာခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်တော် စိုးရိမ်စိတ် လွန်ကဲပြီး ကစားပုံတွေ ပိုလို့တောင် ဆိုးရွားလာခဲ့ပါတယ်။

Kuala Lumpur Major စတင်ချိန်မှာ ကျွန်တော့် ကစားပုံ အတော်လေး ဆိုးဝါးတဲ့ အခြေအနေ တစ်ခုကို ရောက်ရှိနေခဲ့ပါတယ်။ VP အဖွဲ့သားတွေ အနေနဲ့ ကျွန်တော် စွမ်းဆောင်ရည် ပြန်လည် ကောင်းမွန်လာစေဖို့ အတွက် အစွမ်းကုန် ကူညီခဲ့ကြပေမယ့် အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ KL Major ယှဉ်ပြိုင်နေစဉ်မှာ ဘယ်လောက်တောင် အခြေအနေ ဆိုးရွားခဲ့လည်းဆိုရင် Ramzes အနေနဲ့ ကျွန်တော့်ကို အသင်းကနေ ထုတ်ပစ်ဖို့ အထိတောင် စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာ ကျွန်တော် လက်စွမ်းကောင်းတွေ ပြန်လည် ပြသနိုင်ခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။”

“Just Error Dota2 အသင်းနဲ့ ပက်သက်ပြီး အမှန်အတိုင်း ပြောရရင် သူတို့ရဲ့ ကစားပုံးက အရမ်းကြီး ဆိုးရွားနေခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကစားသမားတွေ အားလုံး သူတို့ရဲ့ အတ္တတွေ၊ မာနတွေကို ခဝါချနိုင်ခြင်း မရှိခဲ့ဘူးလို့ ထင်မြင်မိပါတယ်။ သူတို့တွေ အားလုံးဟာ လက်တွေ့ကမ္ဘာမှာ သူငယ်ချင်းကောင်းတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ဂိမ်းအပေါ် ချဉ်းကပ်ပုံ မတူညီတဲ့ အခါမှာ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုတွေ ပျောက်ဆုံးကုန်တာကြောင့် အလွဲလွဲ အချော်ချော်တွေ ဖြစ်ခဲ့တာလို့ ယုံကြည်မိပါတယ်။ နောက်ပြီးတော့ သူတို့တွေ ပြိုင်ပွဲ ကစားနေရင်း တစ်ဦးနဲ့ တစ်ဦး မပြောသင့်တာ ပြောမိခဲ့ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကျွန်တော်ကတော့ Solo အနေနဲ့ Virtus Pro Dota2 အသင်းကို သူဦးစီး တည်ထောင်ခဲ့သလို နောက်တစ်ကြိမ် အစကနေ ပြန်စပြီး တည်ထောင်သင့်တယ်လို့ ထင်မြင်မိပါတယ်။ သူအရင်ကလည်း အသင်းပေါင်း များစွာကို ဦးဆောင် ဖွဲ့စည်းပြီး အောင်မြင်မှု လမ်းကြောင်း အပေါ် ခေါ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ထပ်ပြီးတော့ အောင်မြင်တဲ့ အသင်းတစ်သင်းကို ဖွဲ့စည်းနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ နောက်ပြီးတော့ Ramzes နဲ့ NoOne ကလည်း Solo နဲ့အတူ ဆက်ရှိနေမှာပဲလေ။ သူတို့ ကစားပုံနဲ့ ကိုက်ညီတဲ့ ကစားသမား အသစ်တွေကို ရှာဖွေနိုင်ခဲ့မယ်ဆိုရင် အောင်မြင်တဲ့ Dota2 အသင်း တစ်သင်း အဖြစ် ပြန်လည် ရပ်တည်သွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle