PUBG Mobile ကစားသမား ဘဝကနေ ခေတ္တအနားယူသွားတော့မယ် Ronak

PUBG Mobile ကစားသမား ဘဝကနေ ခေတ္တအနားယူသွားတော့မယ် Ronak

Fnatic PUBG Mobile အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ Ronak အနေနဲ့ ၂၀၂၀ ခုနှစ် အတွင်း လက်စွမ်း ကျဆင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ကစားသမား ဘဝကနေ ခေတ္တ အနားယူသွားမှာဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

Ronak အနေနဲ့ လက်ရှိအချိန်က စတင်ပြီး အချိန်တစ်ခုအထိ ပရို PUBG Mobile လောကကို ပြန်လည် ဝင်ရောက်သွားမှာ မဟုတ်သလို Streaaming ပြုလုပ်ခြင်းကိုလည်း ခေတ္တ ရပ်နားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ronak တစ်ယောက် လက်စွမ်း ကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် Fnatic PUBG Mobile အသင်းရဲ့ အရံကစားသမား ဘဝကို ပြီးခဲ့တဲ့ လအနည်းငယ်ခန့်က စတင်ကာ သက်ဆင်းပေးခဲ့ရသလို အရံကစားသမား ဘဝကို သက်ဆင်းပေးခဲ့ရတဲ့ အချိန်အတွင်း Team Godlike မှာ ဝင်ရောက် ကစားခဲ့ပါတယ်။

Ronak (Mid)

ဒါပေမယ့်လည်း Ronak ပါဝင်တဲ့ Team Godlike အနေနဲ့ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး PMIS 2020 ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။ Ronak အနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ရလျက် ရှိကြောင်းကို ကိုယ်ပိုင် Instagram အကောင့်ကနေ တစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပြီး မိသားစုဝင်တွေ၊ ပရိသတ်တွေ၊ အဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုတွေကို အရွယ်နဲ့ မလိုက်အောင် ရင်စည်းခံရလျက် ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ လက်စွမ်းကျဆင်းမှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိပေမယ့် Ronak အနေနနဲ့ အိန္ဒိယနိုင်ငံရဲ့ အကောင်းဆုံး PUBG Mobile ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် ရပ်တည်လျက် ရှိတာကြောင့် Ronak တစ်ယောက် PUBG Mobile လောက အထဲကို ပြန်လည် ဝင်ရောက်တဲ့ အချိန်မှာ ယခင် အချိန်တွေတုန်းကလို လက်စွမ်းကောင်းတွေကို ပြန်လည် ပြသသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle