Fnatic PUBG Mobile အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ Ronak

Fnatic PUBG Mobile အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ Ronak

Fnatic PUBG Mobile အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်သူ Harpreet Singh “Ronak” Janjuha ကတော့ အသင်းကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် (၂၁) နှစ် အရွယ် PUBG Mobile ကစားသမား Ronak အနေနဲ့ Fnatic PUBG Mobile အသင်းကို စတင် တည်ထောင်ချိန်ခဲ့တဲ့ အောက်တိုဘာလ ၂၀၁၉ ခုနှစ်က စတင်ပြီး အသင်းမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Ronak (Mid)

Ronak အနေနဲ့ လက်ရှိအချိန်မှာ ပရိုကစားသမား အဖြစ် ရပ်တည်သွားဖို့ အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရလျက် ရှိတာကြောင့် အခုလို အသင်းကနေ ထွက်ခွာပြီး ကိုယ့်ကိုယ်ကို ပြန်လည် တည်ဆောက်ဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Ronak တစ်ယောက် အသင်းကနေ ထွက်ခွာသွားခဲ့ခြင်းနဲ့ ပတ်သက်ပြီး Fnatic India ရဲ့ အကြီးအကဲဖြစ်သူ Nimish “Nemo” Raut ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“Ronak က တကယ်ကို အရည်အချင်းရှိတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ သူ့ကိုခေါ်ခဲ့စဉ် အချိန်ကတည်းက အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသပေးခဲ့သလို PMAS 2019 ဆုဖလားကို ရယူနိုင်ဖို့ အတွက်လည်း အဓိက နေရာကနေ ကူညီပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ရာသီမှာ အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ အတွက် အသင်းအတွင်း အပြောင်းအလဲတွေ ပြုလုပ်ဖို့ လိုအပ်လာပြီလို့ ကျွန်တော်တို့တွေ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒါကြောင့် Ronak နဲ့ ကျွန်တော်တို့ Fnatic အဖွဲ့သားတွေ နှစ်ဦး သဘောတူ လမ်းခွဲဖို့ အတွက် ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။

Ronak နဲ့ ကျွန်တော်တို့ အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု ဆက်လက် တည်ရှိနေဦးမှာ ဖြစ်သလို Ronak အနေနဲ့လည်း အခက်အခဲတွေ အားလုံးကို ကျော်ဖြတ်ပြီး ထိပ်သီး PUBG Mobile ကစားသမား တစ်ဦး အဖြစ် ပြန်လည် ရပ်တည်သွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

Ronak (Right)

Ronak အနေနဲ့ ယခင်အချိန်တွေတုန်းက အိန္ဒိယ PUBG Mobile လောကရဲ့ အကောင်းဆုံး ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် ရပ်တည်နိုင်ခဲ့သလို PMIS 2019, PMCO India 2019, PMAS 2019 စတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် Fnatic က‌နေ ထွက်ခွာခဲ့ပေမယ့် အသင်းသစ်မှာ အမြန်ဆုံး အသားကျပြီး အောင်မြင်မှုတွေကို ပြန်လည် ရယူနိုင်မယ်လို့ ယုံကြည်မိပါတယ်။

Ref: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle