တတိယမြောက် Hero Kill 2000 ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ LoL ကစားသမား Rookie

တတိယမြောက် Hero Kill 2000 ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ LoL ကစားသမား Rookie

Invictus Gaming ရဲ့ Mid Lane ကစားသမားဖြစ်သူ Song “Rookie” Eul Jin အနေနဲ့ LPL ပြိုင်ပွဲရဲ့ ဒုတိယမြောက် ရက်သတ္တပတ် ပထမပွဲစဥ် အဖြစ် ယှဥ်ပြိုင်ကစားခဲ့ရတဲ့ Vici Gaming နဲ့ ပွဲစဥ်မှာ Hero Kill 2000 ပြည့် တတိယမြောက် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Rookie

Rookie အနေနဲ့ Hero Kill 2000 ပြည့် မှတ်တမ်းကို Vici Gaming နဲ့ ယှဥ်ပြိုင်ခဲ့ရတဲ့ Game 2 မှာ ရယူနိုင်ခဲ့တာ ဖြစ်သလို အဆိုပါ ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ Rookie အနေနဲ့ အခုလို Hero Kill 2000 ပြည့်သွားခဲ့တာကြောင့် LPL ပြိုင်ပွဲရဲ့ ဒုတိယမြောက် Hero Kill 2000 ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သလို ကမ္ဘာတစ်ဝှမ်းမှာ တတိယမြောက် Hero Kill 2000 ပြည့် ကစားသမား အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Uzi

LPL ပြိုင်ပွဲနဲ့ ကမ္ဘာ့ပထမဆုံး Hero Kill 2000 ပြည့် ပရိုဖက်ရှင်နယ် LoL ကစားသမား အဖြစ် မှတ်တမ်း တင်နိုင်ခဲ့သူကတော့ RNG LoL အသင်းရဲ့ Bot Lane ကစားသမားဖြစ်သူ Jian “Uzi” Zi Hao ပဲ ဖြစ်ပါတယ်။ Uzi အနေနဲ့ ပထမဆုံး Hero Kill 2000 ပြည့် ကစားသမား အဖြစ် ဧပြီလ၊ ၂၀၁၈ ခုနှစ်ကတည်းက မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်သလို လက်ရှိအချိန်မှာ Hero Kill 2600 ကျော်ဖြင့် Hero Kill အများဆုံး ပရိုဖက်ရှင်နယ် LoL ကစားသမားများ စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ပြိုင်ဘက်ကင်း ရပ်တည်လျက် ရှိပါတယ်။

Faker

Uzi နည်းတူ Hero Kill 2000 ပြည့်သွားခဲ့တဲ့ ဒုတိယမြောက် ကစားသမားကတော့ T1 LoL အသင်းရဲ့ နာမည်ကျော် Mid Lane ကစားသမားဖြစ်သူ Lee “Faker” Sang Hyeok ပဲ ဖြစ်ပါတယ်။ Faker အနေနဲ့ အဆိုပါ စံချိန်သစ်ကို မတ်လ (၅) ရက်နေ့မှာ ရယူနိုင်ခဲ့တာ ဖြစ်တာကြောင့် Rookie အနေနဲ့ နောက်ပိုင်း ပွဲစဥ်တွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ဆက်တိုက် ပြသပြီး Faker နဲ့ Uzi တို့ကို ကျော်လွန်ကာ ကမ္ဘာ့ ပထမဆုံး Hero Kill 3000 ပြည့် ကစားသမား အဖြစ် ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle