TI စွမ်းဆောင်ရည်အပေါ် အခြေခံပြီး အကြိုက်ဆုံး ကစားသမားတွေကို ချပြခဲ့တဲ့ rOtK

rOtK ဆိုတာကတော့ Dota2 လောကရဲ့ Legendary ကစားသမားတွေ အထဲမှာ တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ rOtK အနေနဲ့ ကစားသမား ဘဝမှာ Team DK, Vici Gaming စတဲ့ Dota2 အသင်းတွေနဲ့အတူ အောင်မြင်မှုပေါင်းများစွာကို စွတ်ခူးနိုင်ခဲ့သလို နည်းပြအဖြစ်လည်း Vici Gaming Dota2 အသင်းကို ဦးဆောင်ကာ Major, Minor ပြိုင်ပွဲပေါင်း များစွာမှာ ဆုဖလားတွေ ရရှိအောင် လမ်းပြပေးနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ COVID-19 ကြောင့် ပြိုင်ပွဲအများစုကို ရပ်နားထားရတာနဲ့အညီ rOtK အနေနဲ့ Streaming ပြုလုပ်ရင်း အားလပ်ချိန်တွေကို ပရိသတ်တွေနဲ့အတူ ကုန်ဆုံးစေခဲ့ပါတယ်။ ဒါ့အပြင် Streaming Session တစ်ခုမှာ rOtK အနေနဲ့ The International ပြိုင်ပွဲတွေမှာ ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည် အပေါ် အခြေခံပြီး သူအကြိုက်ဆုံး ကစားသမားတွေကို ချပြသွားခဲ့ပါတယ်။

TI စွမ်းဆောင်ရည် အရ rOtK အကြိုက်ဆုံး ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
Pos – 1 (Carry)
- Anathan “ana” Pham
- Amer “Miracle” Al Barkawi
- Sun “Aggresif” Zheng

Pos – 2 (Mid)
- Topias “Topson” Taavitsainen
- Sumail “Sumail” Hassan
- Lu “Somnus/ Maybe” Yao

Pos – 3 (Offlane)
- Sebastien “Ceb” Debs
- Zhang “xiao8” Ning
- Jiang “YYF” Cen

Pos – 4 (Soft Support)
- Jesse “JerAx” Vainikka
- Maroun “GH” Merhej
- Kurtis “Aui_2000” Ling

Pos – 5 (Hard Support)
- Johan “N0tail” Sundstein
- Kuro “Kuroky” Salehi Takhasomi
- Clement “Puppey” Ivanov

rOtK ရွေးချယ်သွားတဲ့ အကြိုက်ဆုံး ကစားသမား စာရင်းမှာ လက်ရှိ နည်းပြလျက်ရှိတဲ့ Vici Gaming Dota2 အသင်းရဲ့ ကစားသမား တစ်ဦးမှ ပါဝင်ခြင်း မရှိခဲ့သလို တရုတ်ကစားသမား အနည်းငယ်သာ ပါဝင်ခဲ့တာကို မြင်တွေ့နိုင်ပါတယ်။
rOtK အနေနဲ့ တရုတ် ကစားသမားတွေရဲ့ ကစားဟန်ကို နှစ်သက်ခြင်း မရှိတာကြောင့်ပဲလား၊ ဒါမှမဟုတ် တရုတ်အသင်းတွေ အနေနဲ့ TI ပြိုင်ပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ဖို့ အတွက် ရုန်းကန်နေရခြင်းကို အားမလိုအားမရ ဖြစ်နေတာကြောင့်လား ဆိုတာကိုတော့ ပရိသတ်တွေ အကြား ဝေခွဲမရတဲ့ ပုစ္ဆာတစ်ခု အဖြစ် ကျန်ရှိနေခဲ့ပါတယ်။
REF: AfkGaming