အသက် (၁၉) အရွယ် ကစားသမားကို အသင်းခေါင်းဆောင် တာဝန်ပေးအပ်ခဲ့တဲ့ Mobile Legends အသင်း RRQ Hoshi

အသက် (၁၉) အရွယ် ကစားသမားကို အသင်းခေါင်းဆောင် တာဝန်ပေးအပ်ခဲ့တဲ့ Mobile Legends အသင်း RRQ Hoshi

အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် နာမည်ကျော် Mobile Legends အသင်း RRQ Hoshi ကတော့ MPL Season 5 အတွက် အသင်း ခေါင်းဆောင် ရာထူးကို ဝါရင့်ကစားတွေဖြစ်တဲ့ Diky “Tuturu”, M “Lemon” Ikhsan တို့ကို တာဝန် ပေးအပ်ခဲ့ခြင်း မရှိဘဲ အသက် (၁၉) နှစ် အရွယ် လူငယ်ကစားသမား တစ်ဦးဖြစ်တဲ့ Calvin “Vyn” ကို အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

Vyn ကို အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်သွားမယ်ဆိုတဲ့ အကြောင်းကို RRQ ML အသင်းရဲ့ တရားဝင် YouTube Channel ကနေ တစ်ဆင့် ကြေငြာသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်သာ ရှိသေးတဲ့ Vyn ဟာဆိုရင် RRQ Hoshi အသင်းရဲ့ အငယ်ဆုံး ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ Lemon, Tuturu တို့ အစား Vyn ကို အသင်း ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ခြင်းနဲ့ ပတ်သတ်ပြီး RRQ Hoshi Mobile Legends အသင်းရဲ့ နည်းပြဖြစ်သူ James “James” Chen ကတော့ အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

“ကျွန်တော် Vyn ကို ကပ္ပတိန် အဖြစ် ရွေးချယ်ခဲ့တာ အသင်းရဲ့ အခြားသော ကစားသမားတွေကို မလေးစားလို့ မဟုတ်သလို သူတို့တွေရဲ့ အရည်အချင်းကို မယုံကြည်လို့လည်း မဟုတ်ပါဘူး။ Vyn က အသင်းရဲ့ လက်ရှိ ကစားသမားတွေ အထဲမှာ တည်ငြိမ်မှု အရှိဆုံး ကစားသမား တစ်ဦး ဖြစ်တာကြောင့် အခုလို ကပ္ပတိန် ရာထူးကို ပေးအပ်ခဲ့ရတာ ဖြစ်ပါတယ်။

Vyn

Vyn အနေနဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း ရှိသလို အသင်းဖော်တွေကိုလည်း အလောတကြီး ဆုံးဖြတ်ချက်တွေ မပြုလုပ်ဖို့ ဖျောင်းဖျနိုင်ပါတယ်။ ဒါ့အပြင် Vyn ဟာ ခေါင်းဆောင်မှု အပိုင်းမှာ အသက်အရွယ်နဲ့ မလိုက်အောင် တည်ငြိမ်မှု ရှိသလို သူ့ရဲ့ ကစားပုံဟာလည်း အတော်လေးကို ကောင်းမွန်တာကြောင့် အခုလို ကပ္ပတိန် ရာထူးကို ယုံယုံကြည်ကြည်နဲ့ ပေးအပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။”

RRQ.Hoshi

Vyn အနေနဲ့ MPL Season 5 ပထမ ရက်သတ္တပတ်မှာ အသင်းပေါ် ဦးဆောင်မှုတွေ ပြုလုပ်နိုင်ခဲ့သလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသပြီး နာမည်ကျော် Mobile Legends အသင်းတွေဖြစ်တဲ့ EVOS Legends, Geek Fam ID စတဲ့ အသင်းတွေကို RRQ Hoshi နဲ့အတူ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် Vyn ရဲ့ ဦးဆောင်မှုနဲ့ အတူ RRQ Hoshi အသင်း အနေနဲ့ MPL Season 5 မှာ ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ