ViCi Gaming မှာ ဝင်ရောက် ကစားသွားဖွယ်ရှိတဲ့ 23savage

ViCi Gaming မှာ ဝင်ရောက် ကစားသွားဖွယ်ရှိတဲ့ 23savage

လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ ကောလာဟလများ အရ တရုတ် Dota2 လောကရဲ့ ကစားသမား အပြောင်းအလဲ ကြီးကြီးမားမား တစ်ခုကို မကြာမီ အချိန်အတွင်း မြင်တွေ့သွားရတော့မယ့် ပုံပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းက အသစ် ဖွဲ့စည်းသွားမယ့် 4 Angry Men (4AM) Dota2 အသင်းကို Vici Gaming ရဲ့ Carry ကစားသမား Paparazi (Eurus) တစ်ယောက် ပြောင်းရွေ့ခဲ့ပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို ယခုအခါမှာလည်း Fnatic Dota2 အသင်းနဲ့ လမ်းခွဲလိုက်တဲ့ 23savage ကို Paparazi နေရာမှာ အစားထိုးဖို့ အတွက် ViCi Gaming ဘက်က ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။

23savage

တရုတ်အခြေစိုက် Dota2 အသင်း ဖြစ်တာနဲ့ အညီ ViCi Gaming မှာ ဝင်ရောက် ကစားနိုင်ဖို့ အတွက် 23savage အနေနဲ့ တရုတ်ဘာသာစကား တတ်မြောက်ထားဖို့ လိုအပ်တာကြောင့် ViCi Gaming ဘက်က တရုတ်စကား အပြင် ထိုင်းစကားပါ ပြောဆိုတတ်တဲ့ ဆရာတစ်ဦးကို ခေါ်ယူပြီး 23savage အတွက် အနီးကပ် သင်ကြား ပြသမှုတွေ ပြုလုပ်ပေးလျက် ရှိတယ်လို့ သိရပါတယ်။

23savage အနေနဲ့ Fnatic နဲ့ လမ်းခွဲပြီးကတည်းက ပြိုင်ပွဲကြီးတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိဘဲ Streaming သာ ပြုလုပ်ခဲ့ပေမယ့် ထိုင်းအခြေစိုက် ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ Thailand Esports Championship 2020 ပြိုင်ပွဲမှာတော့ Motivate.Trust Gaming ဘက်က ဝင်ရောက် ကစားပေးခဲ့ပြီး အဆိုပါ ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

23savage

လက်ရှိအချိန်မှာ ViCi Gaming ဘက်ကရော၊ 23savage ဘက်ကပါ အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး အတည်ပြုပေးခြင်း မရှိသေးပေမယ့် တရုတ်နိုင်ငံသား နာမည်ကျော် Pos4 ကစားသမား kaka အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ Streaming Session မှာ 4AM Dota2 အသင်းမှာ Vici Gaming က ကစားသမား နှစ်ဦး၊ LGD Dota2 အသင်းမှ ကစားသမား နှစ်ဦး၊ နာမည်မရသေးပေမယ့် လက်စွမ်းကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမား တစ်ဦးတို့ ပါဝင်မှာဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပါတယ်။

Eurus (Paparazi)

Kaka ရဲ့ ပြောကြားချက်များအရ 4AM Dota2 အသင်းမှာ Pos1 အဖြစ် Eurus (VG), Pos2 အဖြစ် Maybe (LGD), Pos 3 အဖြစ် Yang (VG), Pos 4 အဖြစ် Fy (LGD), Pos 5 အဖြစ် Redpanda (Sparking Arrow Gaming) တို့ ပါဝင် ကစားသွားဖွယ် ရှိတယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်လျက် ရှိပါတယ်။

တရုတ် Dota2 အသင်း အများစုနဲ့ ကစားသမားတွေ အကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ဩဂုတ်လ၊ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် လာမယ့် ရက်သတ္တပတ် အတွင်းမှာ တရုတ် Dota2 လောကရဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေကို မြင်တွေ့သွားရဖွယ် ရှိပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle