Virtus Pro Dota2 အသင်းမှာ ပြန်လည် မြင်တွေ့ရဖွယ် ရှိနေတဲ့ Ramzes

Virtus Pro Dota2 အသင်းမှာ ပြန်လည် မြင်တွေ့ရဖွယ် ရှိနေတဲ့ Ramzes

တရုတ် Dota2 အသင်းတွေနဲ့ SEA Dota2 အသင်းတွေရဲ့ အပြောင်းအလဲတွေကို ဆက်တိုက် ဆိုသလို မြင်တွေ့ရလျက် ရှိပေမယ့် ကျွန်တော်တို့ Dota2 ပရိသတ်တွေ အဓိက အားပေးတဲ့ EU, CIS, NA Dota2 အသင်းတွေကတော့ ကစားသမား အပြောင်းအလဲတွေ မရှိသလောက် နည်းပါးလို့ နေခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်းများ အရ CIS ဒေသရဲ့ နာမည်ကျော် ကစားသမား Roman “RAMZES666” Kushnarev အနေနဲ့ မိခင်အသင်းဖြစ်တဲ့ Virtus Pro ကို ပြန်လည် ပြောင်းရွေ့သွားဖွယ် ရှိတယ်လို့ သိရပါတယ်။

Ramzes အနေနဲ့ Virtus Pro မှာ သုံးနှစ်နီးပါး ကစားခဲ့သလို အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့ပေမယ့် 2019-2020 DPC ရာသီ စတင်ချိန်မှာ Virtus Pro Dota2 အသင်းရဲ့ Carry ကစားသမား ဘဝကို စွန့်ခွာကာ Evil Geniuses Dota2 မှာ Offlane ကစားသမား အဖြစ် ပြောင်းလဲ ကစားခဲ့ပါတယ်။

EG Dota2 အသင်းဟာ ယခုနှစ် DPC ရာသီမှာ ဖိလစ်ပိုင် ကစားသမား Abed, ရုရှားနိုင်ငံသား Ramzes တို့ကို ခေါ်ယူပြီး အပြောင်းအလဲ ကြီးကြီးမားမားတွေ ပြုလုပ်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကစားသမား အပြည့်အစုံနဲ့ ပြိုင်ပွဲ အများစုမှာ ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ အခုလို ထင်မှတ်မထားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ EG Dota2 အသင်း အတွက် နောက်ထပ် အထိနာစေမယ့် သတင်း တစ်ပုဒ်ကတော့ ထပ်မံ ထွက်ပေါ်လို့ လာခဲ့ပါတယ်။

အဲဒါကတော့ Ramzes တစ်ယောက် အသင်းဟောင်းဖြစ်တဲ့ Virtus Pro ကို ပြန်လည် ပြောင်းရွေ့တော့မယ် ဆိုတာပါပဲ။ Cyber Sports RU ရဲ့ အဆိုအရ Ramzes အနေနဲ့ Virtus Pro Dota2 အသင်းမှာ Carry ကစားသမား ဘဝကို ပြန်လည် ခံယူသွားမှာဖြစ်ပြီး အစားထိုး ကစားသမားဖြစ်တဲ့ ILTW ရဲ့ နေရာမှာ ဝင်ရောက် ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အဆိုပါ သတင်းဟာ ကောလာဟလ အဆင့်သာ ရှိသေးပေမယ့် Ramzes တစ်ယောက် Public Match တွေမှာ Carry Hero တွေကိုသာ ဆက်တိုက် ဆိုသလို ကစားနေခဲ့တာကြောင့် အရင်လို ကြမ်းတမ်းတဲ့ Virtus Pro Dota2 အသင်းကို ပြန်လည် မြင်တွေ့သွားရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle