ပရိုကစားပွဲ ၂၀၀၀ ပြည့် ပဥ္စမမြောက် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ S4

ပရိုကစားပွဲ ၂၀၀၀ ပြည့် ပဥ္စမမြောက် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ S4

Team Nigma နဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ OGA Dota PIT Season 2: EU/ CIS ဂရန်းဖိုင်နယ် ပွဲစဉ် အပြီးမှာ Alliance Dota2 အသင်းရဲ့ ဝါရင့်ကစားသမား S4 ကတော့ ပရိုကစားပွဲ ၂၀၀၀ ပြည့် သွားခဲ့ပြီ ဖြစ်ပါတယ်။ OGA Dota PIT Season 2 ပြိုင်ပွဲမှာ Nigma ကို ရှုံးနိမ့်ပြီး Alliance အနေနဲ့ ဒုတိယ နေရာဖြင့်သာ ကျေနပ်ခဲ့ရပေမယ့် S4 ကတော့ ပဥ္စမမြောက် ပရိုကစားပွဲ ၂၀၀၀ ပြည့် ကစားသမား အဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ပရိုကစားပွဲ ၂၀၀၀ ပြည့် ကစားသမား အဖြစ် -

  • Tal “Fly” Aizik – EG
  • Kuro “KuroKy” Salehi Takhasomi - Nigma
  • Johan “N0tail” Sundstein – OG
  • Xu “fy” Linsen – PSG.LGD
  • Gustav “s4” Magnusson – Alliance တို့သာ မှတ်တမ်း တင်နိုင်ထားကြပါတယ်။

အဆိုပါ ကစားသမားတွေ အထဲမှ Kuroky, S4, N0tail တို့ကတော့ The International ချန်ပီယံဆုကြီးကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်သလို Fy ကတော့ ဒုတိယဆုတွေနဲ့သာ ကျေနပ်နေရတုန်းပဲ ဖြစ်ပါတယ်။ Fly ကတော့ TI8 ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ တတိယဆုကိုသာ အမြင့်ဆုံး အနေအထား အဖြစ် ပိုင်ဆိုင်ခွင့် ရရှိခဲ့ပါတယ်။

ဒါ့အပြင် ပရိုကစားပွဲ (၂၀၀၀) ပြည့် ကစားသမား ငါးဦးလုံးဟာ ပြိုင်ပွဲတွေကနေ တစ်ဆင့် တစ်ဦးကို ကန်ဒေါ်လာ ၂ သန်းကျော် ရရှိခဲ့ပြီဖြစ်ပြီး Kuroky နဲ့ Notail တို့ကသာ ကျန်ကစားသမား သုံးဦးထက် ဆုကြေးငွေ ပိုင်ဆိုင်မှုမှာ အပြတ်အသတ် သာလွန်လျက် ရှိပါတယ်။

Alliance (TI 3)

S4 အနေနဲ့ ပရို Dota 2 လောကကို ၂၀၁၂ ခုနှစ်မှာ စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး Team Empire Dota2 အသင်းမှာ ပရို ကစားသမား ဘဝကို အစပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ No Tidehunter, Alliance, Team Secret, OG, EG စတဲ့ အသင်းများကို ပြောင်းရွေ့ ကစားခဲ့ပြီး The International 2013 ချန်ပီယံဆု အပြင် ဆုဖလားပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ