TI Champion ကစားသမား တစ်ဦးကို ခေါ်ယူခဲ့တဲ့ Dota2 အသင်း Alliance

TI Champion ကစားသမား တစ်ဦးကို ခေါ်ယူခဲ့တဲ့ Dota2 အသင်း Alliance

ပြီးခဲ့တဲ့ ရက်ပိုင်းက ဥရောပအခြေစိုက် Dota2 အသင်း Alliance အနေနဲ့ အသင်းရဲ့ Offlane ကစားသမား 33 နဲ့ Support ကစားသမား Fata တို့ကို အသင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ ယခုအခါမှာတော့ လစ်လပ်သွားတဲ့ Offlane Position အတွက် The International 2013 ချန်ပီယံ ကစားသမားဖြစ်တဲ့ Gustav “s4” Magnusson ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။

S4 အနေနဲ့ ယခင်အချိန်တွေတုန်းက Alliance Dota2 အသင်းနဲ့အတူ The International 2013 ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို Team Secret, OG, Evil Geniuses စတဲ့ နာမည်ကျော် Dota2 အသင်းတွေနဲ့အတူလည်း အောင်မြင်မှုပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Alliance Dota2 အသင်းကနေ ထွက်ခွာခဲ့တာ လေးနှစ်ခန့် အကြာမှာတော့ S4 တစ်ယောက် မိခင်အသင်းကို ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ S4 ကို ပြန်လည် ခေါ်ယူနိုင်ခဲ့တာနဲ့ ပတ်သတ်ပြီး Alliance Dota2 အသင်းရဲ့ Co-Founder လည်းဖြစ်၊ Streamer လည်းဖြစ်တဲ့ Admiral Bulldog ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“S4 အသင်းကို ပြန်လည် ရောက်ရှိသွားတဲ့ အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ 2019-2020 DPC ရာသီ စတင်စဉ် အချိန်က စတင်ပြီး S4 ကို ပြိုင်ပွဲတွေမှာ မြင်တွေ့ခွင့် ရရှိခဲ့ခြင်း မရှိတာကြောင့် ကျွန်တော် အပါအဝင် ပရိသတ် အများစု အနေနဲ့ သူ့ကို လွမ်းစွတ် သတိရခဲ့ကြပါတယ်။ ကျွန်တော်တို့ Alliance Dota2 အသင်းဟာ ဆိုရင်လည်း ယခင်အချိန်တွေတုန်းက S4 နဲ့အတူ မေ့မရနိုင်တဲ့‌ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ပါတယ်။

Alliance (The International 2013)

ဒါကြောင့် S4 တစ်ယောက် ဒီတစ်ကြိမ်မှာလည်း အသင်းနဲ့အတူ အောင်မြင်မှုတွေကို ပြန်လည် သိမ်းပိုက်နိုင်မယ်လို့ ယုံကြည်မိပါတယ်။ အသင်းကို S4 တစ်ယောက် ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း ကြေညာနိုင်ခဲ့တဲ့ အတွက်လည်း အထူးပင် ဝမ်းမြောက်မိပါတယ်။”

S4 အနေနဲ့လည်း Alliance Dota2 အသင်းမှာ ပြန်လည် ခြေချခွင့် ရရှိခဲ့တာနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“Dota2 ပြိုင်ပွဲတွေမှာ ပြန်လည် ကစားခွင့် ရရှိတော့မှာဖြစ်တဲ့ အတွက် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ အသင်းဟောင်းမှာ ကစားသမား အသစ်တွေနဲ့ အမြန်ဆုံး အတွဲအဖက်မိမိ ကစားနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။ Alliance Dota2 အသင်းကိုလည်း အခုလို အခွင့်အရေး ပေးခဲ့တဲ့ အတွက် တကယ်ကို ကျေးဇူးတင်မပိါတယ်။ ကျွန်တော် Dota2 လောကအထဲ ပြန်လာမယ့် အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးတဲ့ ပရိသတ်တွေ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်မိပါတယ်။”

Allaince Dota2 အသင်း အနေနဲ့ ဧပြီလ (၄) ရက်နေ့မှာ စတင်ကျင်းပသွားမယ့် ESL One LA Online Europe Division ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိတာကြောင့် Pos5 နေရာအတွက် ဘယ်ကစားသမားကို ထပ်မံ ခေါ်ယူသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle