ကြောင်လေးတွေက ဝမ်းနည်းတတ်သလား ?

ကြောင်လေးတွေက ဝမ်းနည်းတတ်သလား ?

ကြောင်လေးတွေက အကြောင်းတစ်ခုခုကြောင့် ၀မ်းနည်းတဲ့အခါ ပုံမှန်နဲ့ မတူတဲ့ အပြုအမူလေးတွေလုပ်တတ်ကြပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်က ခပ်ချေချေနေတတ်သူတွေဖြစ်လေတော့ သခင်တွေအနေနဲ့ သတိမထားမိတဲ့ Sign လေးတွေဖြစ်နေတတ်ပါတယ်။ ကြောင်လေးတွေအနေနဲ့ သူတို့၀မ်းနည်းကြတဲ့အခါ ဘယ်လိုမျိုးပြုမူလဲဆိုတော့..

အချိန်အကြာကြီးအိပ်နေမယ်
လူတွေတောင် စိတ်ညစ်လာရင် အိပ်ပစ်လိုက်ကြသေးတာပဲ ဒီလောက်ကတော့ ကြောင်တွေက အေးဆေးပါ။ သူတို့အနေနဲ့ ဘာကိုမှ စိတ်၀င်စားမှာမဟုတ်တော့ပါဘူး။ ချောင်ကြတဲ့နေရာတစ်ခု၊ ကဒ်ထူပုံးတစ်ခု ကောင်းကောင်းရှာပြီး တစ်နေကုန်နီးပါးအိပ်နေပါလိမ့်မယ်။

Photo Crd - pixabay.com

အစားအသောက်ပျက်လာပြီး မဆော့တော့ဘူး
အရမ်းအဆော့မက် ၊ အစားလည်းမက်တဲ့ကြောင်လေးတွေရှိပါတယ်။ ဒီလိုကြောင်လေးတွေငြိမ်နေပြီဆိုရင်တော့ ဖြစ်နိုင်ချေ နှစ်ခုရှိပါတယ်။ ပထမတစ်ချက်က ကြောင်လေးတွေ နေမကောင်း
ဖြစ်နေတာနဲ့ ဒုတိယ အချက်ကတော့ အသဲကွဲနေတာပါ။ ဒီလိုပြောလို့ ကြောင်တွေက အသဲမကွဲတတ်ဘူး မထင်နဲ့နော်..သားရှင်တွေအသိဆုံး။

Photo Crd - hip2save.com

သခင်က အချိန်မပေးတဲ့ အခါ
ကြောင်လေးတွေက အေးအေးဆေးဆေးနေတတ်ကြပြီး လူတွေနဲ့ အရောဝင်ရတာမကြိုက်တဲ့ pet လေးတွေလို့ထင်ရင်မှားသွားမယ်နော်။ တစ်ကယ်တော့ကြောင်လေးတွေက သီးသန့်ဆန်ဆန်နေတတ်ပေမဲ့ သခင်တွေရဲ့ ဂရုစိုက်တာကို အရမ်းသဘောကျတဲ့ကောင်လေးတွေပါ။ ကိုယ့်ရဲ့ Crush လိုပဲ ချေတော့ချေမယ် ပစ်မထားနဲ့ပေါ့။ ဒီလို ပစ်ထားမယ်ဆိုရင် လည်းကြောင်လေးတွေက ၀မ်းနည်းတတ်တဲ့ အတွက် အချိန်ပေးသင့်ပါတယ်။

Photo Crd - dailymail.com

တွေ့ သမျှကုတ်နေမယ်
Sofa တွေ၊ လိုက်ကာတွေနဲ့ ကော်ဇောတွေကို ကုတ်တတ်တာ သူတို့ရဲ့ သဘာ၀ ဆိုပေမဲ့ ပုံမှန်ထက် ပိုကုတ်နေတာတွေ့ရင်တော့ သူတို့မှာ စိတ်မလိုမကျတာ၊ ၀မ်းနည်းတာတွေ ဖြစ်နေပါပြီ။ ဒီလိုဖြစ်နေရင်တော့ အစားကောင်းကောင်းသာကျွေးဖို့ပြင်ထားပါ။ ဘာဖြစ်လို့လဲဆိုတော့ ကြောင်လေးတွေက ဒီလိုနည်းနဲ့ သူတို့ရဲ့ Stress တွေကို‌ဖျောက်တတ်လို့ပါပဲ။

Photo Crd - petmd.com

ကြောင်လေးတွေက ၀မ်းနည်းတဲ့အခါ မှာ ဒီလိုမျိုးပြုမူတတ်ကြတဲ့ အတွက် Cat loverတွေအနေနဲ့ ကိုယ့်ရဲ့ကြောင်လေးတွေ ၀မ်းနည်းတဲ့အခါ သတိထားမိကြရဲ့လား?အကောင်းဆုံး ကတော့ နေမကောင်းဖြစ်နေလားအရင်စစ်ပြီးနေမကောင်းတာသေချာရင် တိကုဆရာ၀န်ဆီသွားပါ။ နေမကောင်းမဖြစ်ရင်တော့ အသဲကွဲနေလား၊ ကိုယ့်ပယောဂကြောင့်လားဆိုတာ စဉ်းစားရမယ်နော်။

Mavvy

Source : reader's digest.com