အသား၊ငါးနဲ့ဟင်းသီးဟင်းရွက်တွေကို ပိုကြာရှည်ခံအောင်ဘယ်လိုထိန်းသိမ်းကြမလဲ

အသား၊ငါးနဲ့ဟင်းသီးဟင်းရွက်တွေကို ပိုကြာရှည်ခံအောင်ဘယ်လိုထိန်းသိမ်းကြမလဲ

လူတွေရဲ့ အာဟာရအတွက် အသား၊ငါးတွေက အခုလိုအချိန်မျိုးမှာအရေးကြီးဆုံးလို့လည်းပြောလို့ရပါတယ်။အခုလို အိမ်အပြင်မထွက်ရတဲ့အချိန်မျိုးတွေမှာတစ်ပတ်ကိုမှတစ်ရက်လောက်ပဲဈေးဝယ်တာမျိုးတွေကိုပြုလုပ်ခွင့်ပေးထားတဲ့အတွက် အသား၊ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကိုရေခဲသေတ္တာထဲမှာထိန်းသိမ်းထားမယ်ဆိုရင်တောင် တာရှည်ခံပြီးလတ်လတ်ဆတ်ဆတ်ထိန်းသိမ်းထားဖို့ကလည်းလိုပြန်ရော ကဲ့ဒီတော့ ရေခဲသေတ္တာထဲမှာထိန်းသိမ်းထားမယ်ဆိုရင်တောင် ဈေးဝယ်ပြီးပြန်လာတဲ့နဲ့ ဘယ်လိုတာရှည်ခံအောင်ထိန်းသိမ်းလို့ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။
ဟင်းသီးဟင်းရွက်
ဟင်းသီးဟင်းရွက်တွေကို ရေခဲသေတ္တာထဲမှာသိမ်းမယ်ဆိုပြီး ရေကိုချက်ချင်းမဆေးလိုက်ပါနဲ့နော်။ဒီလိုမျိုးလုပ်လိုက်ခြင်းက ဟင်းသီးဟင်းရွက်တွေကို ပိုပြီး နွမ်းသွားစေပါတယ်။ဒါကြောင့်အသီးအရွက်တွေကို အိမ်မှာရှိတဲ့သတင်းစာအဟောင်းတွေနဲ့ ပတ်ပြီးသိမ်းဆည်းရပါမယ်။ကြက်သွန်နီကြက်သွန်ဖြူတွေကို တော့လေဝင်လေထွက်ကောင်းပြီး ခြင်းတွေထဲမှာသိုလှောင်ပြီးမထားသင့်ပါဘူးနော်။


အသီးအနှံ
ဝယ်လာတဲ့အသီးအနှံတွေကို တော့ ပန်းသီးတို့၊ ဌက်ပျောသီးတို့ ၊ လိမ္မော်သီးတို့ စသည်ဖြင့်အသီးအနှံတွေကိုတော့ Foil လိုမျိုးဟာနဲ့ပတ်ပြီးသိမ်းပေးလို့ရပါတယ်။တကယ်လို့ ကိုယ့်အိမ်မှာ Foil မရှိရင်တော့ သတင်းစာကိုအသုံးပြုလို့ရပါတယ်။အသီးတွေက ဝယ်လာကတည်းကထင်သလောက်မလတ်ဘူးဆိုရင် ကိုယ်စားမဲ့ ဆုဒ်ကိုလှီးပြီးတော့ ဘူးလေးထဲကိုသိမ်းထားလို့ရပါတယ်။


အသား၊ငါး
အသား၊ငါးတွေကို တော့ ရေချက်ချင်းဆေးပြီး အသား၊ငါး၊ထည့်တဲ့ဘူးတွေထဲသိမ်းပေးသင့်ပါတယ်။ပုဇွန်တွေဆိုရင်လည်း အခွံတွေကို ခွာပြီးရေဆေးပြီးသိမ်းပေးသင့်ပါတယ်။

Photo Credit -The National Pro

Kelly -Akhayar Lifestyle