Sage နဲ့ Killjoy ကို Nerf ထားပြီး Viper ကို Buff ပေးထားတဲ့ Valorant Patch 1.07

Sage နဲ့ Killjoy ကို Nerf ထားပြီး Viper ကို Buff ပေးထားတဲ့ Valorant Patch 1.07

First-person Shooter တွေထဲ လူကြိုက်များနေပြီး CS:GO ပုံစံကို Ability တွေနဲ့ ဆော့ကစားနိုင်တဲ့ Valorant ဟာ တရားမျှတတဲ့ Gameplay ဖြစ်ဖို့အတွက် Patch တွေကို မကြာခဏထုတ်ပေးနေရပါတယ်။ Raze ကိုအတော်လေး Nerf ပြီးတဲ့နောက် အဆင်ပြေသွားတယ်လို့ယူဆရပေမယ့်လည်း Killjoy ထွက်လာတော့ ပြဿနာတွေ ပြန်တက်လာပြန်ပါတယ်။ အခု Update မှာတော့ ပြဿနာဖြစ်နေတဲ့ Killjoy ကို Nerf ပေးထားပါတယ်။

ပထမဦးဆုံး စ ပြောရမှာကတော့ Sage ပါ။ Healing ကြမ်းတယ်လို့ Valorant Balance Team ကယူဆထားပုံပါပဲ။ ဒါကြောင့်မို့ Sage ရဲ့ Heal ကို ၅ စက္ကန့်အတွင်း ၁၀၀ ကိုပြန်ဖြည့်နိုင်ရာကနေ ၆၀ ပဲပြန်ဖြည့်နိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုကိုယ် သွေးပြန်ဖြည့်တဲ့အခါ ၆၀ ပြန်ဖြည့်ဖို့ကို ၁၀ စက္ကန့်စောင့်ရမှာမို့ အတော်လေးကို Nerf ပစ်လိုက်တယ်လို့ ဆိုရမှာပါ။

ဒါ့အပြင် Slow Orb ရဲ့ အရွယ်အစားကိုလည်း Nerf ထားပါတယ်။ အနှေးနေရာက ကျယ်ပြန့်လွန်းတာကြောင့် အခုလို Nerf ပစ်လိုက်ရတယ်လို့လည်း သိရှိထားပါတယ်။ Barrier Orb ကိုတော့ ဝယ်ရမယ့် Cost ကို ၄၀၀ ကနေ ၃၀၀ ကိုလျှော့ချပေးထားပြီး Wall ထောင်တဲ့အခါ စစချင်းကို သွေး ၄၀၀ ပေးထားပြီး ကြာလာတဲ့အမျှ Wall ဟာ ၈၀၀ အထိ မာတောင်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ Wall ကို စ ထောင်ထောင်ချင်းမှာ မြန်မြန်ဖျက်ပစ်ဖို့လိုလာပါပြီ။

Killjoy အကြောင်းကို ပြောရမယ်ဆိုရင်တော့ Nanoswarm ရဲ့ Effect က မတရားပြင်းထန်လွန်းနေတာရယ်၊ ထိလို့ထိနေမှန်းသေချာမသိရတာတွေကြောင့် အတော်လေးကို မမျှတဖြစ်နေပါတယ်။ ဒါကြောင့်မို့ Nanoswarm Ability ကို Damage ချက်ချင်းမထိစေတာတွေ၊ Damage-Per-Second (DPS) ကို ၆၀ ကနေ ၄၀ အထိလျှော့ပေးထားတာတွေနဲ့ Visual Effect တွေ Audio Range တွေလည်းသေချာမြင်ရ၊ ကြားရအောင် ပြုလုပ်ပေးထားပါပြီ။

အခက်ဆုံး Agent တွေထဲမှာပါတဲ့ Viper ကတော့ Buff တွေထပ်ရပြန်ပါပြီ။ Toxic Screen ကို ပွဲမစခင်ကတည်းက နေရာချထားလို့ရပြီး၊ Toxic Screen ကိုဖွင့်တာ အရင်ကထက်ပိုမြန်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် Decay effect ဟာလည်း Poison Cloud နဲ့ Viper’s Pit လိုမျိုး Smoke Abilities တွေမှာ ကိုယ့် Teammates တွေကိုထိတော့မှာမဟုတ်တာကြောင့် Area Control ကို Teammates တွေနဲ့အတူ ပြုလုပ်လာနိုင်တော့မှာပါ။

Viper ကို Buff ပေးထားတာနဲ့ Killjoy ကို Nerf ထားတာကတော့ ဖြစ်သင့်တယ်လို့ထင်ပေမယ့် Sage ကို Nerf လိုက်တာကတော့ ဘာကြောင့်လဲဆိုတာကို စဥ်းစားလို့မရပါဘူး။ လက်ရှိသူများကို Heal ပေးနိုင်တဲ့ Agent ဆိုလို့ Sage တစ်ယောက်ပဲရှိတဲ့အချိန်မှာ အခုလိုမျိုး Nerf လိုက်တာကတော့ စဥ်းစားစရာပါပဲ။ Patch 1.07 ကိုအပြည့်အစုံဖတ်ရှုချင်တယ်ဆိုရင်တော့ ဒီ Link လေးမှာ သွားရောက်ဖတ်ရှုလို့ရပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle