ရည်းစားဟောင်းတွေကို အခုပဲ ကျေးဇူးတင်လိုက်ပါ

ရည်းစားဟောင်းတွေကို အခုပဲ ကျေးဇူးတင်လိုက်ပါ

လက်ရှိမှာ တစ်ဘဝလုံးစာ လက်တွဲရမယ့်သူတွေ့နေတဲ့ သူတွေနဲ့ ချစ်စ ခင်စကြင်နာစသူတွေဟာ တစ်ယောက်ရဲ့ အတိတ်တွေ အကြောင်း တစ်ယောက် စကားစမိတဲ့အခါ ရည်းစားဟောင်းတွေ အကြောင်း ပယ်ပယ်နယ်နယ်အတင်းတုတ်တတ်ကြတာ သဘာဝပါပဲ။ ဒါမှမဟုတ်လည်း လူနှစ်ယောက်ရည်းစားတွေ ဖြစ်ဖို့နဲ့ ရင်းနှီးမှုရဖို့ စကားစမြည်ပြောရာမှာ ရည်းစားဟောင်းတွေအကြောင်းဟာ တစ်ထောင့်တစ်နေရာက ပါတာမျိုးလည်း ရှိပါတယ်။

ဒါပေမယ့် ရည်းစားဟောင်းတွေဟာ အမြဲပဲ မကောင်းတဲ့သူတွေလား၊ သူတို့ကြောင့် ကိုယ့်မှာ ထိခိုက်ခံစားရတာတွေပဲ ရှိခဲ့တာလား။ တချို့တွေအတွက်တော့ ရည်းစားဟောင်းတွေဟာ လက်ရှိတစ်ယောက်ထက်တောင် ပိုကောင်းပေမယ့် အကြောင်းမသင့်လို့ လွဲသွားတဲ့သူတွေလည်း ရှိပါတယ်။ တကယ်လို့ ရည်းစားဟောင်းက ကိုယ့်ပေါ် ပစ်ပစ်ခါခါလုပ်၊ ကိုယ့်ဘဝအတွက် တစ်စက်မှ မကောင်းခဲ့ရင်တောင် သူ့လက်ထဲကနေ လွတ်လာတဲ့ ၊ ကိုယ့်စိတ်တွေ ရင့်ကျက်ကြီးပြင်းသွားတဲ့အတွက် ကျေးဇူးတင်ရမယ့် အချက်တွေ ရှိနေပါတယ်။ ဒါကြောင့် ရည်းစားဟောင်းတွေကို ဒီအချက်တွေနဲ့ ကျေးဇူးတင်ပါ။

၁။ လက်ရှိချစ်သူကို တန်ဖိုးထားတတ်လာစေလို့ ကျေးဇူးတင်ပါ
သူဆိုးခဲ့လို့ လက်ရှိတစ်ယောက်ရဲ့ကောင်းကွက်တွေကို ပိုသိလာ၊ ပိုတန်ဖိုးထားတတ်လာတာ။ အရင်လို ပေါ့ပေါ့ပျက်ပျက်မဟုတ်တော့ဘဲ လက်ရှိလူရဲ့ ကောင်းကွက်တွေကို အသိအမှတ်ပြုတတ်လာတဲ့အတွက် ကျေးဇူးတင်သင့်ပါတယ်။

၂။ လက်ရှိတစ်ယောက်နဲ့ ချစ်သူဘဝကို တည်မြဲအောင် ကြိုးစားနိုင်တော့မှာမို့ ရည်းစားဟောင်းကို ကျေးဇူးတင်ပါ
အရင်က တစ်ယောက်နဲ့ ဘာလို့ ပြတ်သွားရတာလဲ၊ သူမှားလို့လား၊ ကိုယ်မှားလို့လား၊ ဘေးလူ ကြားလူကြောင့်လား။ ဒါတွေကို လက်ရှိချစ်သူနဲ့ တည်ဆောက်မယ့် ဘဝမှာ ပြန်လည်ပြင်ဆင်နိုင်ပါပြီ။ သူ့ကြောင့် ဖြစ်ဖြစ်၊ ကိုယ့်ကြောင့် ဖြစ်ဖြစ် ပြတ်စဲသွားနိုင်တဲ့အမှားတွေကို ရှောင်နိုင်တော့မှာမို့ ကျေးဇူးတင်သင့်ပါတယ်။

၃။ အလွန်အကျွံမတွယ်ငြိတတ်အောင် သင်ပေးခဲ့လို့ ကျေးဇူးတင်ပါ
အရင်ရည်းစားတုန်းက ဘဝတစ်ခုလုံး သူနဲ့ပဲ ကုန်ဆုံး၊ သူငယ်ချင်းမေ့၊ မိသားစုမေ့ဖြစ်ခဲ့ပြီး ပြတ်သွားတဲ့အခါ အရမ်းခံစားခဲ့ရတာမျိုး ရှိမှာပါ။ အဲဒီအချိန် သူငယ်ချင်းတွေလည်း ကိုယ့်အနားမှာ မရှိ ကူကယ်ရာမဲ့ ဖြစ်ခဲ့ဖူးတယ်ဆိုရင် လက်ရှိ ရည်းစားဘဝမှာ သူငယ်ချင်းအကန့်၊ မိသားစုအကန့်၊ ရည်းစားအကန့်၊ ကိုယ်ပိုင်အချိန်ဆိုပြီး အကန့်တွေ ခွဲပြီး ချစ်တတ်သွားလောက်ပြီလို့ ထင်ပါတယ်။ ဒါကြောင့်မို့ ရည်းစားဟောင်းကို ကျေးဇူးတင်သင့်ပါတယ်။

၄။ ချစ်ခဲ့တုန်းက ရရှိခဲ့တဲ့ အကောင်းဆုံးအချိန်တွေအတွက် ကျေးဇူးတင်ပါ
ဒီတစ်ချက်ကတော့ လုံးဝအကောင်းဘက်ကပါ။ ဘယ်လောက်ပဲ ရည်းစားဟောင်းနဲ့ ချစ်သူသက်တမ်းမှာ မုန်တိုင်းတွေထန်ခဲ့တယ်ဆိုဆို၊ လေပြေတွေ တိုက်၊ သာယာခဲ့တဲ့ အခိုက်အတန့်ဆိုတာ ရှိမှာပါ။ ဒီလို အချိန်လေးတွေ တူတူဖန်တီးခဲ့ကြတဲ့ အမှတ်တရတွေဟာ လက်ရှိအချိန်မှာ ပြန်လုပ်လို့ မရသလို၊ ပြန်လုပ်လို့ ရရင်တောင် ခံစားချက်တွေဟာ တူတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ရခဲ့ဖူးသမျှ အကောင်းဆုံးအချိန်တွေအတွက် ကျေးဇူးတင်သင့်ပါတယ်။

၅။ ပြတ်စဲသွားတဲ့အတွက် ကျေးဇူးတင်ပါ
တချို့ အတွဲတွေ ရှိပါတယ်။ တစ်ဖက်က ဘယ်လောက်ပဲ ပြတ်ချင်ချင် ဟိုဖက်က ဖြတ်မပေးလို့ စိတ်ရှုပ်စိတ်နာစရာတွေ ဖြစ်၊ ပြန်မခေါ်ချင်မပြောချင်လောက်အောင် စိတ်တွေနာရတဲ့ ရည်းစားဟောင်းဇာတ်လမ်းတွေ ရှိပါတယ်။ ဒီလို မဟုတ်ဘဲ သူ့က ကိုယ့်ကို ထားခဲ့တာ ဖြစ်ဖြစ်၊ အဆင်ပြေပြေပြတ်သွားတာပဲ ဖြစ်ဖြစ်ဆိုရင် ကျေးဇူးတင်ရပါမယ်။ ဒီလို ကိုယ့်ကို လက်လွှတ်ပေးခဲ့လို့ပဲ ကိုယ့်ဘဝကို အကောင်းဆုံး ပြန်တည်ဆောက်ခွင့်ရတယ်၊ လက်ရှိချစ်သူနဲ့ တွေ့ခွင့်၊ ဆုံစည်းခွင့်ရတယ်လို့ တွေးပြီး ကျေးဇူးတင်သင့်ပါတယ်။

အကောင်းတွေ လာဖို့ အဆိုးတွေ ဖယ်ပေးရတယ်ဆိုပေမယ့် အဆိုးတွေဆီကနေပဲ ပိုသန်မာတဲ့ စိတ်ခွန်အားတွေ၊ ရင့်ကျက်မှုတွေနဲ့ တန်ဖိုးထားမှုတွေ ရရှိခဲ့မို့ ကဲ ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ရအောင်ဗျာ။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ