Scarlett Johansson နဲ့ Colin Jost တို့ စေ့စပ်လိုက်ပါပြီ

Scarlett Johansson နဲ့ Colin Jost တို့ စေ့စပ်လိုက်ပါပြီ

ဒီတစ်ပတ်မှာတော့ မင်းသမီးချော Scarlett Johansson ရဲ့ မင်္ဂလာသတင်းနဲ့ စတင်ချင်ပါတယ်။ (၃၄) နှစ်ရှိပြီဖြစ်တဲ့ Scarlett Johansson က ဟာသသရုပ်ဆောင် Colin Jost နဲ့ စေ့စပ်လိုက်ပြီလို့ သူမရဲ့ ပြောရေးဆိုခွင့်ရှိသူ Marcel Pariseau က USA Today သတင်းစာကို အတည်ပြုခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ ၂ဝ၁၇ခုနှစ် မေလကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး ချစ်သူူသက်တမ်း (၂) နှစ်အကြာမှာ စေ့စပ်လိုက်တာပါ။

Scarlett Johansson ဟာ Ryan Reynolds နဲ့ ၂ဝဝ၈ခုနှစ်မှာ လက်ထပ်ခဲ့သလို ၂ဝ၁၁ခုနှစ်မှာ ကွာရှင်းခဲ့ပြီး လုပ်ငန်းရှင် Romain Dauriac နဲ့ ၂ဝ၁၄ခုနှစ်မှ ၂ဝ၁၇ခုနှစ်အထိ လက်တွဲခဲ့ပါတယ်။ ဒါ့ကြောင့် Colin Jost ဟာ Scarlett Johansson အတွက် တတိယအိမ်ထောင်ဖြစ်လာဖွယ်ရှိပြီး သူမဟာ ဒုတိယအိမ်ထောင် Romain Dauriac နဲ့ သမီးတစ်ယောက်ရခဲ့ပါသေးတယ်။ ပရိသတ်တွေရဲ့ အချစ်တော် Black Widow ကြီး Scarlett Johansson အနေနဲ့ အချစ်သစ်မှာ ပျော်မွေ့ ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

Reference and Photo Credit – USA Today ၊ Vogue ၊ Observer

ကျော်စိုးအောင် (အခရာ)