EHOME နဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ Sccc

EHOME နဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ Sccc

China Regional League Upper Divison စတင်ဖို့ နှစ်ပတ်ခန့် အလိုမှာပဲ EHOME Dota2 အသင်းရဲ့ Carry ကစားသမားဖြစ်သူ Sccc အနေနဲ့ အသင်းကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ EHOME Dota2 အသင်းဟာ China Regional League Upper Division ကို Direct Invite ရရှိခဲ့တဲ့ အသင်း တစ်သင်း ဖြစ်ပေမယ့်လည်း အခုလို Sccc တစ်ယောက် အသင်းကနေ ထွက်ခွာသွားခြင်းကြောင့် ကစားသမား လေးဦးသာ ကျန်ရှိတော့တဲ့ အခက်အခဲနဲ့ ရင်ဆိုင်လာရပြီ ဖြစ်ပါတယ်။

EHOME Dota2 အသင်း အနေနဲ့ Sccc တစ်ယောက် အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်းကို Weibo ကနေ တစ်ဆင့် အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။

“ကစားသမားရဲ့ တောင်းဆိုမှုကို လေးစားသောအားဖြင့် Sccc ကို အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။ Song “Sccc” Chun နဲ့ ကျွန်တော်တို့ အသင်း အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ဆက်လက် ရှိနေဦးမှာ ဖြစ်သလို Sccc တစ်ယောက် ရှေ့ဆက်ပြီး အောင်မြင်စေဖို့လည်း ဆုတောင်းပေးလိုက်ပါတယ်။”

Sccc အနေနဲ့ EHOME Dota2 အသင်းကို ပြီးခဲ့တဲ့ တရုတ် Dota2 အပြောင်းအရွေ့ ကာလ အတွင်းမှာ ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲအများစုမှာ ထိပ်ဆုံး ၃ သင်း နေရာမှာ ရပ်တည်နိုင်အောင် ကူညီစွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ Sccc အနေနဲ့ အသင်း လက်မဲ့ ကစားသမား ဘဝကို ပြန်လည် ရောက်ရှိသွားပြီ ဖြစ်တာကြောင့် အသင်းသစ်ကို ပြောင်းရွေ့ဖို့ ဆုံးဖြတ်သွားမလား ဒါမှမဟုတ် ခေတ္တ အနားယူသွားမလား ဆိုတာကိုတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ EHOME Dota2 အသင်း အနေနဲ့လည်း လာမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ China Regional League Upper Division ပွဲစဉ်များကို စတင် ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် ရက်အနည်းငယ် အတွင်း Sccc နေရာကို အစားထိုးနိုင်မယ့် ကစားသမားသစ်ကို ရှာဖွေသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

EHOME Dota2 အသင်းရဲ့ လက်ရှိကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Guo “Xm” Hongcheng – Pos 1
  • Yang “Chalice” Shenyi – Pos 3
  • Pan “Fade” Yi – Pos 4
  • Jian Wei “xNova” Yap – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle