အသင်းသစ်နဲ့ ညှိနှိုင်းဆွေးနွေးရာမှာ အဆင်မပြေခဲ့တာကြောင့် ကစားသမား ဘဝကနေ ခေတ္တ အနားယူ သွားတော့မယ့် Sccc

အသင်းသစ်နဲ့ ညှိနှိုင်းဆွေးနွေးရာမှာ အဆင်မပြေခဲ့တာကြောင့် ကစားသမား ဘဝကနေ ခေတ္တ အနားယူ သွားတော့မယ့် Sccc

Team Aster Dota2 အသင်းရဲ့ Carry ကစားသမား Song “Sccc” Chun အနေနဲ့ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိခဲ့ဘဲ အသင်းသစ်ကို ပြောင်းရွေ့ဖို့ အတွက် ရွေးချယ်ခဲ့ပါတယ်။ Sccc လို အရည်အချင်းရှိ ကစားသမားကောင်း တစ်ဦးကို မျက်စိကျလျက်ရှိတဲ့ အသင်းတွေ အမြောက်အများ တည်ရှိလျက် ရှိတာကြောင့် Sccc တစ်ယောက် Team Aster ကနေ ထွက်ခွာပြီး သိပ်မကြာခင် အချိန်အတွင်းမှာ အသင်းသစ်နဲ့ အတူ မြင်တွေ့ရမယ်လို့ Dota2 ပရိသတ် အများစုက မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ Streaming Session တစ်ခုမှာ Sccc အနေနဲ့ အသင်းသစ်နဲ့ ညှိနှိုင်းဆွေးနွေးရာမှာ အဆင်မပြေခဲ့တာကြောင့် ပရိုကစားသမား ဘဝကနေ ခေတ္တ အနားယူသွားဖို့ ဆုံးဖြတ်ခဲ့ကြောင်း တရားဝင်‌ ကြေညာသွားခဲ့ပါတယ်။

“ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ Dota2 စစ်မြေပြင်မှာ ကျွန်တော့်ကို ဆက်လက် မြင်တွေ့လိုတဲ့ ပရိသတ်တွေရဲ့ သဘောဆန္ဒကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်နဲ့ အသင်း အကြားမှာလည်း ညှိနှိုင်းလို့ မရတဲ့ အချို့သော အကြောင်းအရင်းတွေလည်း ရှိနေခဲ့တာကြောင့် ခေတ္တ အနားယူသွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။”

Sccc အနေနဲ့ အပြောင်းအရွေ့ ပြုလုပ်ဖို့ အတွက် ညှိနှိုင်းခဲ့တဲ့ Dota2 အသင်းရဲ့ နာမည်ကို ထုတ်ဖော် ပြောခြင်းခဲ့ခြင်း မရှိပေမယ့် လက်ရှိအချိန်မှာ နေထိုင်လျက်ရှိတဲ့ မြို့တော် ရှန်ဟိုင်းကနေ မွေးရပ်မြေဖြစ်တဲ့ နန်ချန်ကို ပြောင်းရွေ့ နေထိုင်သွားမှာဖြစ်ကြောင်းကိုတော့ အတည်ပြုသွားခဲ့ပါတယ်။

ပရို Dota2 ကစားသမား အဖြစ် TI 7 ပြိုင်ပွဲမှာ ဒုတိယ၊ အခြားသော ပြိုင်ပွဲတွေမှာလည်း ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် Sccc အနေနဲ့ ရှန်ဟိုင်းမှာ နေထိုင်စရိတ်၊ စားသောက်စရိတ် အလွန် မြင့်မားတာကြောင့် ကိုယ်ပိုင်အိမ် တစ်လုံး ဝယ်ယူခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ လက်ရှိအချိန်မှာ အသင်းလက်မဲ့ အဖြစ် ရပ်တည်နေရတာကြောင့် မွေးရပ်မြေမှာ ပြန်လည် နေထိုင်ဖို့ ဆုံးဖြတ်ထားကြောင်း၊ အသင်းသစ် ရှာမတွေ့ခင် အချိန်ထိ Streaming ကိုသာ တစ်စိုက်မတ်မတ် ပြုလုပ်သွားမှာဖြစ်ကြောင်း Sccc ကတော့ အဆိုပါ Streaming Session မှာ အတည်ပြု ပေးခဲ့ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle