" Sci-Fi Movie ကြိုက်နှစ်သက်တဲ့ သူတွေအတွက် Movie Recommendation "

" Sci-Fi Movie ကြိုက်နှစ်သက်တဲ့ သူတွေအတွက် Movie Recommendation "

ဒီတစ်ပတ် Weekend  မှာတော့ Akhayar Lifestyle ပရိတ်သတ်တွေထဲမှာမှ  Sci-Fi ဇာတ်လမ်းတွေ၊အာကာသပိုင်းဆိုင်ရာ Astronomy ရုပ်ရှင်တွေ ကြည့်ရတာကြိုက်နှစ်သက်တဲ့သူတွေ အတွက် Weekend မှာကြည့်ဖို့  Movie Recommend ပေးသွားမှာဖြစ်ပါတယ်။တစ်ပုံချင်းစီထောက်ပြီးဆက်လက်ဖတ်ရှုပေးကြပါဦးနော်..

#akhayarlifestyle #movie #scifi

1. Interstellar (2014)

Sci-Fi,, Adventure,, Space , Time Travel

Sci-Fi Genre Genre ရယ်လို့ပြောရင် ဒီရုပ်ရှင်ကိုမေ့ထားလို့မရပါဘူး။ 2014 ခုနှစ် မှာထွက်ရှိခဲ့ပြီး Christopher Nolan ရဲ့အပြောင်မြောက်ဆုံးလက်ရာတွေထဲကတစ်ခုလို့ပြောလို့ရပါတယ်။ မင်းသား Matthew McConaughey နဲ့ မင်းသမီး
Anne Hathaway တို့က Main Lead အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Matt Damon လည်း ပါဝင်အားဖြည့်ထားပါတယ်။ မင်းသားချောလေး Timothee Chalamet ကိုလည်း ကလေးသရုပ်ဆောင်အနေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ လက်တွေ့မှာရှိနေပြီးသား အကျော်အမော်တွေရဲ့ Theory တွေကိုသုံးပြီး အကောင်းဆုံး လက်ရာတစ်ခုဖြစ်အောင် အပြောင်မြောက်ဆုံးရိုက်ကူးပြသသွားခဲ့တဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ Christopher Nolan ရဲ့ ရုပ်ရှင်ထဲမှာ တစ်ခုမဟုတ် တစ်ခုတော့ ထူးခြားနေစမြဲပါပဲ။

2067 ခုနှစ် အနာဂတ်ကမ္ဘာကြီးမှာ ရာသီဥတုတွေဖောက်ပြန်ပြီး ကမ္ဘာပျက်ဖို့ နီးကပ်နေတဲ့ အချိန်ကာလတစ်ခုမှာ ဇာတ်လမ်းကို စတင်အခြေပြုထားပါတယ်။ ယင်း ပျက်ကိန်းတစ်ခုကို ကာကွယ်ဖို့အတွက် NASA ရဲ့ Pilot ဟောင်းတစ်ခုဖြစ်တဲ့ Joseph Cooper (Matthew McConaughey) ဟာ လယ်သမား ဘဝနဲ့ နေရင်းကနေ အာကာသထဲကိုနောက်တစ်ခေါက်သွားဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အာကာသထဲကို genius တစ်ချို့ စက်ရုပ် တစ်ရုပ်နဲ့ အတူ ခြေဆန့်ရင်း မထင်ထားတဲ့အရာတွေ နဲ့ အတွက်အချက်အမှားတွေ ကြောင့် အာကာသထဲမှာ ကြုံတွေ့ရမယ့် ပြသနာတွေကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားတစ်ကားပါ။ ဒီ ရုပ်ရှင် ရဲ့ ထူးခြားချက်ကတော့ အပြင်မှာရှိပေမယ့် သက်သေမပြနိုင်သေးတဲ့ ကမ္ဘာကျော် ပညာရှင်ကြီးတွေရဲ့ Theory တွေ( Einstein ရဲ့ Special Relative theory ၊Stephen Hawking’s Black Hole Theory , etc,........ ) ကို ရုပ်ရှင်တစ်ကားအနေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်မယ်ဆိုရင်တော့ ဒီ Theory ကို အကြမ်းဖျဥ်း သိထားတာက ရုပ်ရှင်ကို နားလည်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ် ။ Dimension နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုပါ ရိုက်ကူးပြသထားပြီး သာမာန် အာကာသ အချိန်ခရီးသွားရုပ်ရှင်ဆိုတာထက်တော့ပိုပါတယ်။ သာမာန်အားဖြင့် စိတ်ကူးနဲ့သာ ဒါ တွေကိုပုံဖော်ခဲ့ရပေမယ့် Nolan ကတော့ ၎င်းတို့ကို ရုပ်ရှင်ပိတ်ကားပေါ်မှာ အကောင်အထည်ဖော်ဖန်တီးပြသခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့ ဆုပေါင်းများစွာကိုလည်း ဆွတ်ခူးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်သလို Sci fi ကြိုက်နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

2. The Martian (2015)

Sci-fi , Space Travelling , Survival

ဒီရုပ်ရှင်ကလည်း The Interstellar လိုမျိုး Space Travelling ရုပ်ရှင် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Ridley Scott ရိုက်ကူးထားပြီးတော့ မင်းသား Matt Damon က Main Lead အနေနဲ့သရုပ်ဆောင်ထားပါတယ်။ Interstellar ရုပ်ရှင်မှာ Cooper ရဲ့ သမီးဖြစ်သူနေရာမှာ ပါဝင်သရုပ်ခဲ့တဲ့ Jessica Chastain လည်းဒီရုပ်ရှင်မှာ ပြန်လည်ပါဝင်လာပြီး မင်းသား Matt Damon ကိုယ်တိုင်ကလည်း Interstellar မှာ ပါဝင်သရုပ်ဆောင်ပါတယ်။ ဒီရုပ်ရှင်ဟာ 2011 မှာထွက်ရှိခဲ့တဲ့ Andy Weir ရဲ့ The Martian ဆိုတဲ့ ဝတ္ထု ကို ပြန်လည်ရိုက်ကူးထားပြီး 2015 မှာထွက်ရှိခဲ့တဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။

အနာဂတ်ကမ္ဘာ မှာ ဇာတ်လမ်းတည်ထားပြီး ကမ္ဘာသားတွေဟာ Mars ဂြိုဟ်( အင်္ဂါဂြိုဟ်) ပေါ်ကိုသွားလာနိုင်တဲ့ ခေတ်ကိုရောက်ရှိနေပါပြီ
သုတေသန ပြုလုပ်ဖို့အတွက် Mars ဂြိုဟ် ပေါ်ကိုရောက်ရှိနေတဲ့ Watney ( Matt Damon) နဲ့ သုတေသန အဖွဲ့ ဟာ မထင်မှတ်ထားတဲ့ သဲ မုန်တိုင်းတစ်ခုကြောင့် ဂြိုဟ်ပေါ်ကနေ အရေးပေါ် ထွက်ခွာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ Watney တစ်ယောက်ကတော့ သဲမုန်တိုင်းကြောင့် Accident ဖြစ်ခဲ့ပြီး ကျန်အဖွဲ့သားတွေကတော့ Watney တစ်ယောက်မရှင်ကျန်နိုင်တော့ဘူး အမှတ်နဲ့ အရေးပေါ်ထွက်ခွာခဲ့ကြပါတယ်။ သို့ပေမယ့် မထင်မှတ်ပဲ အသက်ရှင်ကျန်နေတဲ့ Watney တစ်ယောက်ကတော့ ဂြိုဟ်ပေါ်မှာတစ်ယောက် တည်းကျန်ခဲ့ပါတော့တယ်။ တစ်ယောက်တည်း ကျန်ခဲ့တဲ့ Watney တစ်ယောက် အသက်ရှင်နိုင်အောင် ကျန်ရှိခဲ့တဲ့ Supply တွေနဲ့ ဘယ်လို Survive သွားမလဲ ၊ ကမ္ဘာပေါ်က လူတွေကလည်း သူ့ကို ကယ်တင်နိုင်ဖို့ ကြိုးစားနေကြပုံတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှု ရမှာဖြစ်ပါတယ်။

3. Back to the Future (1985)

Sci-fi , Time Travel, Adventure

ဒီရုပ်ရှင်လေးကတော့ တော်တော်များများ သိကြမယ်ဆိုပေမယ့် မကြည့်ရသေးတဲ့ သူတွေ အတွက် ညွှန်းပေးလိုက်ပါတယ်။ ဒီရုပ်ရှင်လေးက 1985 ခုနှစ်မှာစတင်ထွက်ရှိခဲ့တာဖြစ်ပြီး Time Travel ရုပ်ရှင်လောက ကိုတစ်ခေတ်ဆန်းစေခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ မင်းသား Michael J.Fox နဲ့ Christopher Lloyd တို့က အဓိက သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင် ဟာ Part 1 နဲ့ Part 2 ဆိုပြီး နှစ်ကားထပ်ထွက်ထားပါသေးတယ်။ သူ့ခေတ်နဲ့သူ့အခါမှာတော့ အကောင်းဆုံး Sci-fi ရုပ်ရှင် Franchise တစ်ခုဖြစ်ပါတယ်။

Marty နဲ့ Emmett “Doc” Brown (Doc) တို့ အမှတ်မထင်တွေ့ဆုံ ပြီး Time Machine နဲ့ အချိန်ခရီးတွေသွားရင်း ဘယ်လိုအလွဲတွေဖြစ်ကြမလဲ ၊ အချိန်နဲ့ပတ်သတ်ပြီး ဘယ်လို အရှုပ်တွေ လုပ်မိကြမလဲ ၊ ဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာ ........
Hollywood movie လောကမှာ Time Travel နဲ့ပတ်သတ်ရင် လက်ရှိအချိန်ထိ Reference ယူနေရတဲ့ ရုပ်ရှင်ကားတစ်ကားပါ။
Time Travelling နဲ့ ပတ်သတ်ပြီး ကြည့်ရတာကြိုက်နှစ်သက်တဲ့သူတွေ အတွက် ကတော့ ဒီရုပ်ရှင်ကမလွတ်တမ်း ကြည့်ရှုသင့်တဲ့ Legendary ဇာတ်ကားကောင်းတစ်ကားပါပဲ ။

4. Avatar (2009)
Sci-fi , Adventure, Fantasy

ဒီ ဇာတ်ကားလေးကတော့ 2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi စိတ်ကူးယဥ် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Titanic ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ Director James Cameron ကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကထွက်ရှိပြီး ဆယ်စုနှစ်တစ်ခုစာ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်တစ်ကားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ မင်းသား Sam Worthington နဲ့ မင်းသမီး Zoë Saldana တို့က Main Lead အနေနဲ့သရုပ်ဆောင်ထားပါတယ်။ ဒီ ဇာတ်ကားရဲ့ ထူးခြားချက်ကတော့ တစ်ကားလုံးနီးပါးကို VFX အသုံးပြုပြီးရိုက်ကူးထားတာပါပဲ။ လက်ရှိမှာလည်း Avatar “The way of water” ဆိုပြီး Sequal ထွက်ရှိထားတာမို့လို့ အသစ်ထွက်ထားတဲ့ Sequel ကိုမကြည့်ဖို့အတွက် ဒီရုပ်ရှင်ကိုအရင်ကြည့်ထားသင့်ပါတယ်။ နောက်ပိုင်းမှာလည်း Sequel တွေ အများကြီးထွက်ရှိသွားဖို့ရှိတဲ့ အကြောင်း James Cameron ကို ပြောပြထားသေးတာကြောင့် ထွက်ရှိပြီးသားရုပ်ရှင်တွေ ကြည့်ပြီးသွားရင်တောင် နောက်ပိုင်းရုပ်ရှင်တွေ အတွက် ရင်ခုန်ရဦးမှာပါ

ဇာတ်လမ်းက တခြား Sci-fi ရုပ်ရှင် အများစုလိုပဲ အနာဂတ်ကမ္ဘာမှာ Timeline တည်ထားပါတယ်။ ကမ္ဘာသားတွေဟာ တခြားဂြိုဟ်ကို နယ်ချဲ့ နေကြတဲ့ ထိခေတ်မှီနေကြပြီလည်းဖြစ်ပါတယ်။ လူသားတွေ ဟာ ယင်းဂြိုဟ်ပေါ်မှာရှိတဲ့အပြာရောင် သဏ္ဍာန် ရှိတဲ့ ဂြိုဟ်သားတွေရဲ့ ရုပ်အလောင်းတွေနဲ့ စိတ်ချင်းဆက်သွယ်ပြီး ဒေသခံတွေ ကြားထဲမှာ လျို့ဝှက်နေထိုင်ဖို့ကြိုးစားကြပါတယ်။ ဒီရုပ်ရှင်ထဲမှာ ပါဝင်တဲ့ ပတ်ဝန်းကျင်လှပမှုတွေက ကြည့်ရှုသူတွေကိုဖမ်းစားနိုင်တဲ့ အဓိကအချက်တွေကတစ်ခုဖြစ်ပါတယ်။ ပြုလုပ်ဖန်တီးချက်တွေဆိုပေမယ့် realistic ဆန်တဲ့ အတွက် ဒီပိတ်ရက်မှာ ကြည့်ရှုနိုင်အောင် ညွှန်းပေးလိုက်ပါတယ်။

5. Arrival ( 2016)
Sci-Fi , Alien

ဒီရုပ်ရှင်လေးကတော့ 2016 မှာထွက်ရှိခဲ့တဲ့ ရုပ်ရှင်လေးတစ်ခုပါ။ ကြည့်ရှုသူတွေ ကြားထဲမှာ အရမ်းကြီး ရေပန်းစားတဲ့ရုပ်ရှင်တစ်ကားမဟုတ်ခဲ့ပေမယ့် story ပိုင်း အရတော့ အနည်းငယ် ရှုပ်ထွေးပြီး တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ Sci-fi ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ ။ Avengers movie တွေမှာ Hawkeye အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Jeremy Renner နဲ့ မင်းသမီး Amy Adams တို့ဟာ Main Lead အနေနဲ့ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။ 1998 မှာထွက်ရှိခဲ့တဲ့ Ted Chian ရဲ့ “ The Story of your life “ဝတ္ထုကို ရုပ်ရှင် အဖြစ် အကောင်အထည်ဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

ကမ္ဘာပေါ်ကိုရောက်ရှိလာတဲ့ အမည်မသိယာဥ်ပျံ တစ်ခုမှာပါတဲ့ ကမ္ဘာအပြင်ဘက်က ဂြိုဟ်သားတွေကိုဆက်သွယ်ဖို့ ကြိုးစားကြပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

အဆုံးထိဖတ်ရှုပေးကြတဲ့ အတွက်ကျေးဇူးတင်ပါတယ်။
နောက်အပတ်တွေမှာလည်း ဘယ်လို ရုပ်ရှင်ဇာတ်ကားကောင်းတွေကို Recommend ပေးသွားမလဲ ဆိုတာ သိရဖို့ Akhayar-Lifestyle ကိုဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်........