နှစ်လလောက် အိပ်လိုက်စားလိုက်လုပ်ရုံနဲ့ ၁၆,၅ဝဝ ယူရိုရရှိမယ့် အလုပ်အကိုင်ခေါ်နေပြီ

နှစ်လလောက် အိပ်လိုက်စားလိုက်လုပ်ရုံနဲ့ ၁၆,၅ဝဝ ယူရိုရရှိမယ့် အလုပ်အကိုင်ခေါ်နေပြီ

အဟင်းဟင်း။ တချို့လူတွေက ပြောကြတယ်လေ “အအိပ်နဲ့အစား အငှားလိုက်တယ်” ဆိုပြီးတော့။ ကာဠနဂါးတွေအတွက် အအိပ်နဲ့အစား အငှားလိုက်လို့ရတဲ့ အခွင့်အလမ်းကောင်းကြီးလာပါပြီ။ အိပ်ယာပေါ်မှာ နှစ်လ (၆ဝ ရက်) လှဲအိပ်နေရုံနဲ့ ၁၆,၅ဝဝ ယူရို (၁၈,၅၂၁ ဒေါ်လာ) ရရှိနိုင်မှာ ဖြစ်ပါတယ်။ အသက် (၂၄) နှစ်မှ (၅၅) နှစ်ကြားမှာရှိတဲ့ အမျိုးသမီးတွေအနေနဲ့ အလွယ်တကူလျှောက်ရုံပါပဲ။

အာကာသထဲမှာ ဒြပ်ဆွဲပျော့ (Microgravity) ကြောင့် ဖြစ်ပေါ်တဲ့ ကိုယ်အလေးချိန်မဲ့သွားမှုဟာ အာကာသပညာရှင်တွေကို ဘယ်လောက်အထိ အကျိုးသက်ရောက်စေတယ်ဆိုတာ လေ့လာဖို့ အမျိုးသားလေကြောင်းနဲ့ အာကာသဦးစီးဌာန (National Aeronautics and Space Administration – NASA) နဲ့ ဥရောပအာကာသအဖွဲ့ အစည်း (European Space Agency) တို့ရဲ့ လမ်းညွှန်မှုကြောင့် ဂျာမဏီအာကာသစင်တာ (German Aerospace Center) က သုတေသနပြုလုပ်သွားမှာပါ။

လျှောက်ထားသူတွေဟာ သတ်မှတ်ထားတဲ့ အခန်းထဲမှာ နှစ်လကြာအောင် နေထိုင်ရမှာဖြစ်ပြီး သိပ္ပံပညာရှင်တွေက ဒြပ်ဆွဲပျော့ရဲ့ သက်ရောက်မှုကို လေ့လာသွားမှာဖြစ်ပါတယ်။ အာဟာရဗေဒပညာရှင်တွေ သတ်မှတ်ထားတဲ့ အစားအသောက်ကိုပဲ စားသုံးရမှာဖြစ်ပြီး လျှောက်ထားသူတွေအနေနဲ့ ဂျာမန်ဘာသာစကားကို တတ်မြောက်ထားရမှာဖြစ်ပါတယ်။ နှစ်လလောက် အိပ်လိုက်စားလိုက်လုပ်ရုံနဲ့ မြန်မာငွေ (၂၈ဝ) သိန်းကျော် ရချင်ရင်တော့ ဒီလင့်ခ်မှာ လျှောက်ထားနိုင်ပါတယ်။ အစားတလိုင်း အအိပ်တလိုင်း သူငယ်ချင်းမတွေကိုလည်း လက်တို့လိုက်ပါဦး။

Reference and Photo Credit – Fortune ၊ NASA

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle