Scream ရဲ့ ညီဖြစ်သူ Nivera ကို Vitality CSGO အသင်းရဲ့ ဆဌမမြောက် ကစားသမား အဖြစ် မြင်တွေ့ရတော့မည်

Scream ရဲ့ ညီဖြစ်သူ Nivera ကို Vitality CSGO အသင်းရဲ့ ဆဌမမြောက် ကစားသမား အဖြစ် မြင်တွေ့ရတော့မည်

ပြီးခဲ့တဲလက စတင်ကာ ပြင်သစ်အခြေစိုက် နာမည်ကျော် CSGO အသင်း Vitality အနေနဲ့ အသင်းအတွက် ဆဌမမြောက် ကစားသမားကို ခေါ်ယူဖို့ စီစဉ်လျက် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါ အချိန်က စတင်ပြီး Vitality CSGO အသင်း အနေနဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ Maka, Nivera, hAdji, Keoz စတဲ့ ကစားသမားတွေကို စောင့်ကြည့်ခဲ့ကာ Nivera ရဲ့ ကစားဟန်ဟာ Vitality CSGO အသင်းနဲ့ ကိုက်ညီမယ်လို့ နည်းပြဖြစ်သူ XTQZZZ က ယူဆခဲ့တာကြောင့် ယခုအခါမှာ ခေါ်ယူဖို့အတွက် ညှိနှိုင်းမှုတွေ စတင် ပြုလုပ်နေပြီလို့ သိရပါတယ်။

Vitality. ZywOo

Nivera ဟာ ပရို CSGO ကစားသမားဟောင်းလည်းဖြစ် လက်ရှိ Team Liquid VALORANT အသင်းရဲ့ အဓိက ကစားသမားလည်းဖြစ်တဲ့ Scream နဲ့ ညီအစ်ကို တော်စပ်သူလည်း ဖြစ်သလို Scream နည်းတူ လက်စွမ်းကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ Nivera ဟာ လက်ရှိအချိန်မှာတော့ Team Heretics CSGO အသင်းမှာ ကစားလျက် ရှိသလို CSGO လောကရဲ့ အကောင်းဆုံး လူငယ် ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင်အဖြစ်လည်း ရပ်တည်လျက် ရှိပါတယ်။

Nivera

ဒါ့အပြင် Nivera အနေနဲ့ Team Heretics မှာ အတွေ့အကြုံရင့် ကစားသမားတွေဖြစ်တဲ့ kioShiMa, Lucky, xms စတဲ့ ကစားသမားတွေနဲ့လည်း အတူတကွ ကစားခွင့် ရရှိခဲ့တာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာလည်း တဟုန်ထိုး တိုးတက်လျက် ရှိပါတယ်။ လက်ရှိအချိန်မှာ Vitality CSGO အသင်း အနေနဲ့ Nivera ကို ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်းကို တရားဝင် ကြေညာခြင်း မရှိသေးပေမယ့် မကြာခင် အချိန်အတွင်းမှာတော့ တရားဝင် ကြေညာသွားဖွယ် ရှိပါတယ်။

Vitality CSGO အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ZywOo
  • apEX
  • RpK
  • Shox
  • Misutaaa
  • Nivera
  • XTQZZZ (Coach)

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle