" Screen Time များတဲ့သူ​တွေအတွက် လွယ်ကူတဲ့မျက်လုံး​လေ့ကျင့်ခန်း "

" Screen Time များတဲ့သူ​တွေအတွက် လွယ်ကူတဲ့မျက်လုံး​လေ့ကျင့်ခန်း "

Computer Screen or Phone Screen ကို တနေကုန် ကြည့်နေခြင်းက မျက်လုံးကို ထိခိုက်စေနိုင်တယ်ဆိုတာအသေအချာပါပဲ။ အလင်းရောင်အားနည်းခြင်း၊ အမြင်အာရုံလိုအပ်မှု တိုးလာခြင်းတွေက ကွန်ပျူတာနဲ့ပတ်သက်တဲ့ မျက်လုံးတွေကို ထိခိုက်စေနိုင်နဲ့ အကြောင်းရင်းများဖြစ်ပါတယ်။ဒါ့အပြင် ကွန်ပြူတာအသုံးပြုသူအများအပြားဟာ အလုပ်ပိတ်ရက်တွေမှာတောင်မှ ဖုန်းကဲ့သို့သော  သေးငယ်တဲ့ Screen ကိုမကြာခဏအသုံးပြု​တွေက မျက်လုံးအပေါ် ဆိုးရွားမှုတွေဖြစ်စေနိုင်ပါတယ်။ယနေ့ခေတ် လူတွေတော်တော်တော်များများက အလုပ်၊ ကျောင်းနှင့် ဖျော်ဖြေရေးအတွက် ကွန်ပျူတာအသုံးပြုခြင်းကြောင့် မျက်လုံးနဲ့ပတ်သတ်တဲ့ ပင်ပန်းမှု​တွေကို ခံစားနေကြရပါတယ်။Optometrists Network က အရွယ်ရောက်ပြီးသူ 59 ရာခိုင်နှုန်းဟာ ကွန်ပျူတာအသုံးပြုခြင်းကြောင့် မျက်စိဝေဒနာခံစားရ​နေရ​ကြောင်း ​ပြောပါတယ်။မျက်လုံးညောင်းညာခြင်းက ကိုယ့်ရဲ့ Productivity ကို ထိခိုက်စေနိုင်ရုံသာမက အလုပ်အမှားများ၊ ခေါင်းကိုက်ခြင်းနှင့် မျက်စိ ရေတိမ်ဖြစ်မှုကိုပါဖြစ်စေနိုင်ပါတယ်။

ကွန်ပြူတာကိုအသုံးမပြုဘဲနေရတာက လူအများစုအတွက် ခက်ခဲနိုင်တာကြောင့် Computer Screen ​ကြောင့်ဖြစ်နိုင် မျက်လုံး​သက်သာစေရန်အတွက် အထောက်အကူပြုနိုင်တဲ့ မျက်လုံးလေ့ကျင့်ခန်းအချို့ရှိပါတယ်။ခေါင်းကိုက်ခြင်းကို သက်သာစေရန် အကိုက်အခဲပျောက်ဆေးကြီးသောက်နေလို့တော့မရပါဘူး။ဒီလေ့ကျင့်ခန်းတွေက မျက်လုံးကို ပိုကောင်းစေပြီး အလုပ်တွေကို အချိန်မီ ပြီးမြောက်စေရုံသာမက ငွေကုန်လည်း သက်သာစေမှာဖြစ်ပါတယ်။ အလုပ်နှင့်ပတ်သက်သော မျက်စိညောင်းညာမှုကို သက်သာစေရန် ကူညီပေးနိုင်မယ့် အခြေခံလေ့ကျင့်ခန်း ငါးခုကို မျှဝေ​ပေးပါမယ်။1.ဒီလေ့ကျင့်ခန်းက​တော့ မင်မင် အမြဲလိုက်လုပ်ဖြစ်တဲ့ လေ့ကျင့်ခန်းလေးပါ။ပထမဦးစွာ လက်ဖဝါးနှစ်ဖက်ကို ပွတ်ပေးပါ။ ပြီးနောက် လက်များကို ခွက်ပုံစံများဖြစ်အောင် ပြုလုပ်ပြီး လက်ကို ကိုယ့်ရဲ့ မျက်လုံးပေါ်မှာ ဖိလိုက်ပါ။ဘယ်လက်ကို ဘယ်ဘက်မျက်လုံးနဲ့ ညာလက်ကို ညာဖက်မျက်လုံးပေါ်တင်ပါ။မျက်လုံးနွေးနွေးထွေးထွေးဖြစ်လာတာကို သတိထားမိပါလိမ့်မယ်။ပြီးရင်တော့ မျက်လုံးကို မိနစ်အနည်းငယ်လောက် အနားယူလိုက်ပါ။2.မျက်တောင်ခတ်ပေးခြင်းမျက်တောင်မခတ်တာက မျက်လုံးတွေကို ခြောက်သွေ့စေပြီး ကွန်ပြူတာကြည့်ခြင်းမှ ဖြစ်ပေါ်လာနိုင်တဲ့ မျက်စိဝေဒနာအတွက် အကြောင်းရင်းတစ်ခုဖြစ်သောကြောင့် မျက်တောင်ခတ်ရန် အလွန်အရေးကြီးပါတယ်။ကွန်ပြူတာကြည့်နေတဲ့အချိန်မှ ပုံမှန်အတိုင်း မျက်တောင်ခတ်တတ်အောင် လေ့ကျင့်ပေးရပါမယ်။ ဒါက ရိုးရှင်းတဲ့အလုပ်လို့ထင်ရပေမယ့် Screen ကို အာရုံစိုက်နေတဲ့အခါ မေ့တတ်ပါတယ်။ မျက်လုံးကို ကြည်လင်စေဖို့လေးစက္ကန့်တိုင်းမမေ့မလျော့နဲ့ မျက်တောင်ခတ်ပေးပါ။3.Eye Rollingမျက်လုံးကိုလှည့်ပေးခြင်းက Screen ကို အကြာကြီးကြည့်တဲ့အခါမှာဖြစ်လေ့ရှိတဲ့ မျက်လုံးညောင်းညာမှုတွေကို ဖယ်ရှားရာတွင် များစွာအထောက်အကူဖြစ်စေပါတယ်။မျက်လုံးကြွက်သားတွေကို နှိပ်နယ်နေသလို ခံစားရတဲ့အတွက် ​​ညောင်းညာမှုကို ​ပြေ​စေပါတယ်။မျက်ခွံများကို ပိတ်ပြီး မျက်လုံးများကို ညာဘက်မှ ဘယ်သို့ အပေါ်နှင့် အောက်သို့ အကြိမ် 15 မှ 20 အထိ ရွှေ့ပေးပါ။4.Visual Scanningလူတော်​တော်များများက Screenပေါ်မှာပဲ အာရုံစိုက်​နေတတ်ကာ မျက်စိကိုအနားမ​ပေးကြပါဘူး။Screen ​ပေါ်မှာ နာရီပေါင်းများစွာ အာရုံစိုက်ကြည့်ပြီးနောက်မှာ​တော့ မျက်လုံးများကိုအနား​ပေးရန်အတွက် အခြားအရာတစ်ခုခုကို အာရုံစိုက်ပါ။Computer Screeenကနေ မျက်လုံးတွေကို ဖယ်ကာ အခြားအရာများကို စက္ကန့်များစွာ ဒါမှမဟုတ် တစ်မိနစ်ကြာအောင် ကြည့်နေရန် အရေးကြီးပါတယ်။5.20-20-20 စည်းမျဉ်းက Screen ကိုကြည့်ပြီး အနည်းဆုံး 20 မိနစ် နားပါ။ဒီလိုနားနေတဲ့အချိန် အရင်ဆုံး ကိုယ့်ရဲ့ အမြင်အာရုံနယ်ပယ်( ပေ 20 အကွာ​လောက်) မှာရှိတဲ့နှင့် အရာဝတ္ထု​တွေကို စက္ကန့် ၂၀ ကြာ အာရုံစိုက်ပါ။

မျက်လုံးကို သက်သာစေရန်အတွက် တခြားနည်းလမ်းများကွန်ပြူတာကြည့်ချိန် အလွန်ကြာခြင်းကြောင့် မျက်လုံးများ အားနည်းလာနိုင်ပါတယ်။ကွန်ပြူတာသုံးတဲ့အခါမှာ အခု​​ပြော​ပြ​ပေးလိုက်တဲ့ ရိုးရှင်းတဲ့ မျက်လုံးလေ့ကျင့်ခန်းများနဲ့ မျက်လုံးကျန်းမာရေးကို ဂရုစိုက်ပါ။ကွန်ပြူတာဆိုတာက အခု​ခေတ်မှာ နေရာတိုင်းတွင်အသုံးပြု​နေတာမှန်​ပေမယ့် အားလပ်ချိန်​တွေမှာ​တော့ ရိုးရှင်းပြီး လုပ်ရတာလွယ်တဲ့ ​​​လေ့ကျင့်ခန်း​တွေကို​ ပြုလုပ်ပြီး မျက်လုံးကို ထိခိုက်စေနိုင်သည့် အန္တရာယ်အချို့မှ ကာကွယ်နိုင်ပါတယ်။

မျက်လုံးတွေက ခန္ဓာကိုယ်ရှိ အခြားကြွက်သားတွေလို  ကြွက်သားတွေပါပဲ။တစ်နေရာတည်းကိုပဲ ​တောက်​လျှောက်အာရုံစိုက်တဲ့အခါ နာကျင်လာတတ်ပါတယ်။ခန္ဓာကိုယ်နှင့် မျက်လုံးတွေက လေ့ကျင့်ခန်းလုပ်ရန် လိုအပ်သလို ကျန်းမာတဲ့အစားအသောက်တွေကို စားသောက်ဖို့ လိုအပ်ပါတယ်။

မျက်စိကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအစာများစွာရှိပါသည်။ ကွန်ပြူတာအသုံးပြုသူများအတွက် အခုလေ့ကျင့်ခန်းအချို့ကို ပြုလုပ်ပြီး နေ့စဉ်မျက်လုံးဗီတာမင်အေကို သောက်သုံးခြင်းဖြင့်၊ကိုယ့်ရဲ့Productivity ကိုတိုးမြင့်လာစေနိုင်ပြီး၊ ခေါင်းကိုက်ခြင်းနဲ့  လုပ်ငန်းခွင်ဆိုင်ရာ မှာဖြစ်နိုင်တဲ့ အမှားအယွင်းများကို ဖယ်ရှားပေးကာ ရေတိမ်ဖြစ်နိုင်ချေကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။

#akhayarlifestyle #eyeexercises

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle