Seasons Bakery & Café သည် မြန်မာနိုင်ငံရှိ ရှေ့တန်းကျန်းမာရေးဝန်ထမ်းများကို ချီးကျူးဂုဏ်ပြုသောအားဖြင့် ကမ်ပိန်းတစ်ခုအား စတင်

Seasons Bakery & Café သည် မြန်မာနိုင်ငံရှိ ရှေ့တန်းကျန်းမာရေးဝန်ထမ်းများကို
ချီးကျူးဂုဏ်ပြုသောအားဖြင့် ကမ်ပိန်းတစ်ခုအား စတင်

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပြန့်ပွားမှုကို ထိန်းချုပ်တိုက်ဖျက်ရာတွင် ရှေ့တန်းမှ ကူညီပေးနေကြသော ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသောအားဖြင့် Seasons Bakery & Café သည် “You Are My Hero” ကမ်ပိန်းကို လွန်ခဲ့သည့်တစ်ပတ်ခန့်က စတင်ခဲ့ပါသည်။ အဆိုပါကမ်ပိန်းသည် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါနေ့များတွင် “My Hero” Cream Cheese Bun ပေါင်မုန့်များကို ရောင်းချသွားမည်ဖြစ်ပါသည်။ အဆိုပါကမ်ပိန်းသည် Seasons Bakery & Café အား စီမံခန့်ခွဲသော City Food Concepts ၊ Anchor Cream Cheese နှင့် Anchor Products များအား ပံ့ပိုးပေးသော Anchor Food Professionals, Fonterra နှင့် မြန်မာနိုင်ငံ၏ ဦးဆောင်ဖြန့်ချိရေး ကုမ္ပဏီဖြစ်သော Premium Distribution တို့မှ ပူးပေါင်းစီစဉ်သည့် ကမ်ပိန်းတစ်ခု ဖြစ်ပါသည်။

မြန်မာငွေ ၈၀၀ ကျပ်တန်ဖိုးရှိသည့် “My Hero” Cream Cheese Bun တစ်ခုကို customer မှ ဝယ်ယူတိုင်းတွင် နောက်ထပ် Bun တစ်ခုအား ရန်ကုန်မြို့ရှိ ရှေ့တန်းကျန်းမာရေးဝန်ထမ်းများထံ တစ်ပတ်အတွင်း အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။ Seasons အနေဖြင့် တစ်ပတ်လျှင် အနည်းဆုံး ပေါင်မုန့် အလုံးရေ ၇,၀၀၀ ပို့ဆောင်သွားရန် သတ်မှတ်ထားပြီး အကယ်၍ ရောင်းအားကျော်လွန်သွားပါက Seasons အနေဖြင့် customer များ ဝယ်ယူထားသည့် Bun အရေအတွက်ကို ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။ Bun များသည် ရန်ကုန်မြို့ရှိ ရှေ့တန်း ကျန်းမာရေးလုပ်သားများရှိရာ နေရာ ၂၅ နေရာသို့ အပတ်စဉ် ပို့ဆောင်သွားမည်ဖြစ်ပါသည်။ ထို့အပြင် တောင်ဥက္ကလာရှိ လူနာများထံသို့လည်း ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။

ရှေ့တန်းကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် ပထမဆုံးရက်သတ္တပတ် ပေါင်မုန့် အလုံး ၇,၀၀၀ ကို City Food Concepts ၏ CEO Mr. Rayson Lee ၊ Anchor Food Professional, Fonterra ၏ Head of Food Service Mr. Charmon Wickramanayake နှင့် Premium Distribution ၏ CEO Mr. Anastasios Michailidis တို့ကိုယ်တိုင် သွားရောက်ဝေငှခဲ့ကြပါသည်။ ငွေကြေးနှင့် ဆေးဝါးအထောက်အကူပြုပစ္စည်းများအပါအဝင် အဖက်ဖက်မှ မပြည့်စုံသော်လည်း မြန်မာနိုင်ငံတွင် COVID-19 ရောဂါထိန်းချုပ်ရန် အကောင်းဆုံးကြိုးစားကာ အလုပ်လုပ်နေကြသော ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်ခွန်အားများ လိုအပ်နေပါသည်။ “Bun တစ်ခုက သိပ်မများပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ရဲစွမ်းသတ္တိကို အားပေးရာရောက်ပြီး ပင်ပန်းနေတဲ့ သူတို့ရဲ့မျက်နှာလေးတွေကို အပြုံးပန်းဝေသွားစေနိုင်ပါတယ်။” ဟု City Food Concepts ၏ CEO Mr. Rayson Lee မှ ပြောကြားခဲ့ပါသည်။

#TQMyHero ဟူသည့် အသေးစား hashtag campaign ကိုလည်း တင်ဆက်သွားမည်ဖြစ်ပြီး customer များအနေဖြင့် သူတို့၏ ရှေ့တန်းကျန်းမာရေးဝန်ထမ်းများအပေါ် ပြောလိုသည်များကို အဆိုပါ hashtag ဖြင့် ပြောကြားနိုင်မည် ဖြစ်ပါသည်။ Seasons မှ ဝန်ထမ်းများအနေဖြင့် အဆိုပါပြောစကားများကို လက်ရေးဖြင့် ရေးသားကာ အပတ်စဉ် Bun များနှင့်အတူ ပို့ဆောင်သွားမည်ဖြစ်ပါသည်။ အဆိုပါ mini campaign စတင်မည့် ရက်စွဲကို Seasons Bakery & Café Facebook Page တွင် ကြေငြာပေးသွားမည် ဖြစ်ပါသည်။

“ကျွန်တော်တို့ Seasons နှင့် အဖွဲ့ဟာ ရှေ့တန်းကျန်းမာရေးဝန်ထမ်းတွေရဲ့ နိုင်ငံအတွက် ရဲစွမ်းသတ္တိအတွက် အထူးဂုဏ်ယူလျက်ရှိပါတယ်။ COVID-19 ရဲ့ ပြင်းထန်မှုနဲ့ ဒီအခြေအနေကိုထိန်းချုပ်နိုင်ဖို့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ကြိုးပမ်းအားထုတ်နေမှုတွေကို ကျွန်တော်တို့ နားလည်ပါတယ်” ဟု Mr. Rayson မှ ဆက်လက် ပြောကြားခဲ့ပါသည်။ Seasons ၏ ထုတ်လုပ်ရေးအပိုင်းသည်လည်း အဆက်မပြတ် ကြိုးစားနေပါသည်။ Mr. Rayson အနေဖြင့် မိဘပြည်သူများလည်း ရှေ့တန်းကျန်းမာရေးဝန်ထမ်းများကို ပါဝင်အားပေးကြရန် တိုက်တွန်းထားပါသည်။ “အခုအချိန်ဟာ အားလုံးခက်ခဲနေတဲ့အချိန်ပါ။ ကျွန်တော်တို့အားလုံး အတူတူ အားပေးကြရအောင်။” ဟုလည်း Mr. Rayson မှ ပြောကြားခဲ့ပါသည်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle