ဒုတိယအကြိမ် Ubisoft Forward Livestream ကို စက်တင်ဘာ ၁၀ ရက်မှာတွေ့မြင်ရမည်
![ဒုတိယအကြိမ် Ubisoft Forward Livestream ကို စက်တင်ဘာ ၁၀ ရက်မှာတွေ့မြင်ရမည်](/content/images/size/w1200/2020/09/ubisoft-forward.jpg)
Ubisoft ကနေ ပထမတစ်ခါ Ubisoft Forward Livestream ကို ဇူလိုင်လမှာ ပြသသွားခဲ့ပြီး၊ အသစ်ထွက်လာမယ့်ဂိမ်းတွေအတော်များများကို မိတ်ဆက်ပြသခဲ့ပါတယ်။ အခုအခါ ဒုတိယအကြိမ်မြောက် Ubisoft Forward Livestream ကိုတော့ စက်တင်ဘာ ၁၀ ရက်မှာ ပြသသွားမှာဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါပြီ။
Ubisoft Forward announced for September 10https://t.co/8kplYqZvBo pic.twitter.com/VfpXE0BOpW
— Nibel (@Nibellion) September 1, 2020
ဒီတစ်ခေါက် Ubisoft Forward ကို စက်တင်ဘာလ (၁၀) ရက်၊ မြန်မာ့စံတော်ချိန် ညဆယ့်တစ်နာရီခွဲလောက်မှာ ပြသသွားမှာဖြစ်ပြီး၊ Watch Dogs: Legion အတွက် သတင်းအချက်အလက်အသစ်တွေနဲ့အတူ The Division 2၊ Rainbow Six Siege နဲ့ အခြားဂိမ်းအသစ်တွေကို ဆက်လက်ပြသသွားမယ်လို့ ယူဆရပါတယ်။
Teaser Video ထဲမှာတော့ အခြားအကြောင်းအရာနဲ့ ဂိမ်းတွေဘာမှမပါဝင်သေးပါဘူး။ ဒါကလည်း Ubisoft က ဝှက်ဖဲချန်ထားပြီး Livestream မှာမှ ပြသသွားတော့မယ်လို့တွေးထားတာလားတော့ ကျွန်တော်တို့လည်း မသိရှိရသေးပါဘူး။
အခုတစ်ခေါက် Livestream မှာတော့ Ubisoft ရဲ့ Major Title တစ်ခုဖြစ်တဲ့ Far Cry 6 ကို Gameplay တွေပြသသွားမှာလားကတော့ မသိရှိရသေးပါဘူး။ ပထမ Livestream မှာတော့ Trailer ပဲပြသခဲ့တာမို့ Far Cry ပရိသတ်တွေကတော့ Gameplay ကိုမျှော်လင့်နေကြပါတယ်။
Looks like Immortals: Fenyx Rising (prev. Gods & Monsters) will be in next week's Ubisoft Forward pic.twitter.com/QEDct4n04w
— Nibel (@Nibellion) September 1, 2020
Immortals: Fenyx Rising (အရင်နာမည် Gods & Monsters) ကိုလည်း Livestream မှာပြသသွားမယ်လို့ ယူဆရပြီး၊ ကောလဟလတွေထွက်နေတဲ့ Prince of Persia Remake နဲ့အတူ Beyond Good and Evil 2 နဲ့ Skulls & Bones တို့ကိုကော ပြသသွားမှာလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Ref: Dot Esports