အာရှတိုက်မှ ကိုယ်ထူးကိုယ်ချွန် အောင်မြင်ကျော်ကြား သန်းကြွယ်သူဌေးများ

အာရှတိုက်မှ ကိုယ်ထူးကိုယ်ချွန် အောင်မြင်ကျော်ကြား သန်းကြွယ်သူဌေးများ

Kylie Jenner တစ်ယောက် အသက်အငယ်ဆုံး သန်းကြွယ်သူဌေးမလေးဖြစ်သွားပြီးတဲ့ အချိန်ကစပြီး အသက်ငယ်ငယ်အရွယ်ကောင်းတဲ့အချိန်တွေမှာ သန်းကြွယ်သူဌေးဖြစ်သွားတဲ့သူတွေရဲ့ အကြောင်းတွေကို ပြောလို့မဆုံးနိုင်အောင်ဖြစ်နေခဲ့ပါတယ်။ အများစုက သန်းကြွယ်သူဌေးတွေဆိုရင် အနောက်တိုင်းကသူတွေကိုပဲ ပိုပြီးတော့သိကြတယ်။ Mark Zuckerberg တို့ ၊ Jeff Bezos တို့ကိုပဲပြေးမြင်ကြတာများတယ်။ ဒါပေမယ့် စာရေးသူတို့အာရှတိုက်မှာလည်း Mukesh Ambani တို့ Jack Ma တို့လည်း သန်းကြွယ်သူဌေးစာရင်းမှာ ရပ်တည်နေပါသေးတယ်။

ဒါကြောင့် အခရာက Entrepreneur India ကနေရွေးချယ်ထားတဲ့ ကိုယ်ထူးကိုယ်ချွန်ပြီး သန်းကြွယ်သူဌေးဖြစ်လာတဲ့သူတွေထဲက ၄ ယောက်အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁. Colin Huang (China)
အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ တရုတ်နိုင်ငံသား Colin Huang က Pinduoduo ရဲ့ တည်ထောင်သူဖြစ်ပြီး ပိုင်ဆိုင်မှု ၁၂.၃ ဘီလီယံျျရှိပါတယ်။ ဒီစွန့်ဦးတီထွင်သူ တရုတ်နိုင်ငံသား Colin Huang က သူ့ရဲ့အလုပ်သမားဘဝကို စတင်ချိန်တုန်းကဆို Google မှာ အင်ဂျင်နီယာအဖြစ်နဲ့ စလုပ်ခဲ့တာပေါ့။ နောက်ပိုင်းမှ Xinyoudi အွန်လိုင်းဂိမ်းကုမ္ပဏီနဲ့ Ouku.com လို့ခေါ်တဲ့ E-Commerce လုပ်ငန်းတွေမှာ လုပ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ သူ့ရဲ့ကိုယ်ပိုင် E-Commerce လုပ်ငန်းဖြစ်တဲ့ Pinduoduo ကို ၂ဝ၁၅ ခုနှစ်မှာတည်ထောင်နိုင်ခဲ့တယ်။ ၂ဝ၁၈ ခုနှစ် ဂျူလိုင်လရောက်တော့ သူ့ရဲ့လုပ်ငန်းက အမေရိကားမှာတောင် စတင်ပြီးကူးသန်းရောင်းဝယ်လာနိုင်တဲ့အထိ အောင်မြင်လာပါတယ်။ အသက် ၃၉ ဆိုတာအရမ်းမငယ်တော့ပေမယ့် ကိုယ်ထူးကိုယ်ချွန်တဲ့သန်းကြွယ်သူဌေးဖြစ်ဖို့အတွက်တော့ ငယ်တဲ့အသက်လို့ပြောလို့ရပါတယ်။

၂. Yusaku Maezawa (Japan)
Yasaku Maezawa က ဂျပန်စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ပါတယ်။ Yasaku Maezawa အကြောင်းကို Elon Musk က Yasaku Maezawa ဟာ SpaceX’s ရဲ့ လပေါ်ကိုပထမဆုံးသွားမယ့် Private Customer ဖြစ်တယ်လို့ကြေညာပြီးတည်းက ပြောလို့ကိုမဆုံးတော့တာပါ။ သူ့ရဲ့စွန့်ဦးတီထွင်တဲ့လုပ်ငန်းကို CD တွေနဲ့ Records တွေကို Mail ကနေရောင်းရင်း စတင်ခဲ့တာတဲ့။ သေးသေးလေးကပဲစခဲ့တာပေါ့။ သေးငယ်တဲ့အရာကနေ စပြီးအကောင်အထည်ဖော်ခဲ့တဲ့ Maezawa က ဂျပန်ရဲ့အကြီးဆုံး Online Fashion Mall ဖြစ်လာမယ့် Zozotown ကို မိခင်ကုမ္ပဏီ Start Today Co ရဲ့ လက်အောက်ကနေ ၁၉၉၈ မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ၂ဝ၁၉  ခုနှစ်အတွက် Forbes ရဲ့ထုတ်ပြန်ချက်အရ Yusaku မှာ ဒေါ်လာ ၂ ဘီလီယံကြွယ်ဝချမ်းသာနေပြီဖြစ်ပါတယ်။  Yusaku က ဘယ်အရာမဆိုဖြစ်နိုင်တယ်ဆိုတဲ့စကားရဲ့ Living Proof ပါပဲနော်။

၃. Ma Huateng(China)
ဒေါ်လာ ၄၂.၅ ဘီလီယံ ကြွယ်ဝချမ်းသာတဲ့ အသက် ၄၇ နှစ်အရွယ် တရုတ်စီးပွားရေးလုပ်ငန်းရှင်ကြီး Ma Huateng က တရုတ်အင်တာနက်ကုမ္ပဏီကြီးဖြစ်တဲ့ Tencent Holdings ကိုပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ နည်းပညာစွန့်ဦးတီထွင်သူ Ma Huateng က ဒီလုပ်ငန်းကို တွဲဖက်လေးယောက်နဲ့တည်ထာင်ခဲ့ပေမယ့် တခြားတရုတ်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်တဲ့ Jack Ma လိုတော့ လူသိရှင်ကြားနေရတာကို မကြိုက်ပါဘူး။ ဒါကြောင့် တရုတ်မှာ အောင်မြင်ကျော်ကြားတာချင်း အတူတူ Jack Ma ကို လူသိများပြီး Ma Huateng ကို သိပ်မသိကြတာဖြစ်ပါတယ်။ Tencent ကိုလည်း ဂိမ်းကစားတဲ့သူတိုင်းရင်းနှီးနေမှာပါ။ PUBG တို့ဆိုရင်လည်း Tencent ကထုတ်တဲ့ ဂိမ်းပဲလေ။ ကိုယ်တို့တွေခုံခုံမင်မင်ဆော့တဲ့ ဂိမ်းတော်တော်များများက Tencent ကဆိုတော့ သူ့ရဲ့ဖန်တီးရှင်ကို သိထားရတာ မကောင်းဘူးလား။

၄. Vijay Shekhar Sharma (India)
Vijay Shekhar Sharma က အိန္ဒိယနိုင်ငံမှာ ငွေပေးတဲ့စနစ်ကို ပြောင်းလဲခဲ့တဲ့သူတစ်ယောက်ပေါ့။ Mobile Payment Service တစ်ခုဖြစ်တဲ့ Paytm ကိုတည်ထောင်ခဲ့တဲ့ Vijay က ၂.၇ ဘီလီယံ လောက်ကြွယ်ဝချမ်းသာတယ်လို့ပြောပါတယ်။ သူက Jack Ma ကိုတောင် Paytm’s E-Commerce Arm, Paytm Mall မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် သိမ်းသွင်းနိုင်ခဲ့ပါသေးတယ်။ ၂ဝ၁၇ ခုနှစ်မှာသူ့ကို အိန္ဒိယက အသက်အငယ်ဆုံး သန်းကြွယ်သူဌေးအဖြစ် Forbes ကနေ သတ်မှတ်ခဲ့ပါတယ်။ အိန္ဒိယဆိုတာ ကိုယ်တွေနိုင်ငံနဲ့ နီးနီးလေးပါနော်။ သူတို့တောင်လုပ်နိုင်ရင် ကိုယ်တွေလည်းလုပ်နိုင်မှာပါ။

အခုဖော်ပြခဲ့တဲ့လေးယောက်ကတော့ အာရှကနေ ကမ္ဘာကအသိအမှတ်ပြုပြီး ချီးကျူးစကားဆိုရတဲ့ သန်းကြွယ်သူဌေးတွေပဲဖြစ်ပါတယ်။ သူတို့တွေက အသက်လည်းအရမ်းမကြီးသေးသလို အရမ်းလည်းမငယ်တော့ဘဲ အရွယ်ကောင်းမှာ သန်းကြွယ်သူဌေးဖြစ်အောင်လုပ်နိုင်ခဲ့ပြီး အာရှဂုဏ်ဆောင်နိုင်တဲ့သူတွေလို့ပြောလို့ရပါတယ်။ ဒီဆောင်းပါးလေးကိုဖတ်ပြီး ပရိသတ်ကြီးတို့လည်း စာရေးသူတို့ရဲ့အာရှမှာ အောင်မြင်သူတွေရှိတာကို သိရပြီး ခွန်အားရစေမယ်လို့ မေ ျှာ်လင့်ပါတယ်။

Ref: www.entrepreneur.com

Piki(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle