Self Study လုပ်တဲ့အခါမှာ မဖြစ်မနေသိထားသင့်တဲ့ အချက် ၄ ချက်

Self Study လုပ်တဲ့အခါမှာ မဖြစ်မနေသိထားသင့်တဲ့ အချက် ၄ ချက်

ကိုယ်သင်ယူချင်တာကို အင်တာနက်ကနေ ဘာမဆို အလွယ်တကူ ကိုယ်တိုင် လေ့လာလို့ရနေတဲ့ ခေတ်ကြီးမှာ လူငယ်တွေဟာ ကိုယ်တတတ်မြောက်ချင်တဲ့ ပညာရပ်ကို ကိုယ်တိုင်ရှာဖွေ လေ့လာနေကြပါပြီ။ Covid လိုရောဂါကပ်ဆိုးကြီးကြောင့်လည်း Online Learning culture က ပိုတိုးတက်လာတယ်။ အင်တာနက်ကနေလည်း သင်ယူစရာဘာသာရပ်တွေ၊ သင်တန်းတွေ၊ Skills တွေ အများမှ အများကြီးပါပဲ။ Resources တွေကလည်းပေါပါတယ်။ တစ်ချို့ 100% FREE ရတယ်။ skillshare လို Linkedin လိုမှာဆိုရင် တစ်လကို ဘယ်လောက် သင်တန်းတစ်ခုကို ဘယ်လောက်ပေးရတယ်ဆိုပြီး ရှိပါတယ်။
ဒါပေမယ့် ကိုယ်ကိုတိုင် တစ်ယောက်ထဲ လေ့လာရတာဖြစ်လို့ အားပိုစိုက်ရသလို စည်းကမ်းရှိရှိ စနစ်ကျကျ လေ့လာမှပဲ ကိုယ်သင်ကြားတဲ့ဘာသာရပ်ကို သေချာသင်ကြားတတ်မြောက်နိုင်မှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ကိုယ်ဘယ်ဘာသာကို သင်ယူချင်လဲဆိုတာကို သေချာဆုံးဖြတ်ပါ။ စိတ်ဝင်စားစရာဘာသာရပ်တွေကော သင်ယူစရာဘာသာရပ်တွေကော အရမ်းများနေတဲ့ခေတ်ကြီးမှာ ကိုယ်တကယ်စိတ်ပါဝင်စားတဲ့ ဘာသာရပ်ကို သေချာစိစစ်ရွေးချယ်နိုင်ပါမှ အချိန်ကုန်လူပန်းသက်သာမှာဖြစ်ပါတယ်။ကိုယ်သင်ယူချင်တဲ့ ဘာသာရပ်ကို တွေ့ပြီဆိုတာနဲ့ ဘယ်ကနေသင်ယူမလဲ။ Youtube ကနေလား။ တခြား Learning Platform တွေကနေလား။ အဲPlatform တွေမှာလည်း Subject တစ်ခုဆိုရင်လည်း အဲဒါနဲ့ သက်ဆိုင်တဲ့ Level နဲ့လိုက်ပြီးပဲဖြစ်ဖြစ် အမျိုးအစားနဲ့လိုက်ပြီးပဲဖြစ်ဖြစ် Lessons တွေအများကြီးရှိပါတယ်။ ကိုယ်အချိန်ဘယ်လောက်ပေးပြီး လေ့လာမလဲ။ ကိုယ်ဘယ်လောက် Effort စိုက်ထုတ်ပြီး လေ့လာမလဲဆိုတာပေါ်မူတည်ပြီး ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

သင်ယူမဲ့ သင်ခန်းစာက သေချာသွားပြီဆိုရင် ဘယ်အချိန်မှာ လေ့လာမယ်။ တစ်နေ့ကို ဘယ်လောက်ပြီးအောင် ဘယ်နှစ်နာရီကြာလေ့လာမယ်ဆိုတာကို Goal setting ချရမှာပါ။ ဒါဟာကိုယ့်ကိုကိုယ် Displine ထားခြင်းဖြစ်ပါတယ်။ နေ့စဉ်ပုံမှန်လေ့လာဖို့ အချိန်မှန်လေ့လာနိုင်ခြင်းဟာ Self-study ရဲ့ Key ဖြစ်ပါတယ်။

စာစလေ့လာပြီဆိုရင် အရေးကြီးဆုံးကတော့ စိတ်အာရုံမပျံ့လွှင့်ဖို့ပဲဖြစ်ပါတယ်။ ဖုန်းကို Silent လုပ်ထားတာ။ အင်တာနက်ပိတ်ထားတာ။ Social media ကနေ Chatting apps တွေကနေ Noti တွေဝင်လာတာက စာလုပ်နေတုန်း အာရုံတွေကို သေချာ မစိုက်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ပြီးတော့ အိမ်မှာလုပ်နေတာဖြစ်တယ်ဆိုရင်လည်း ကိုယ်စာလုပ်တဲ့နေရာလေးကို သတ်သတ်ထားဖို့ ရှင်းရှင်းလင်းလင်းထားဖို့ လိုပါတယ်။ဒါမှလည်း စာလုပ်တဲ့အခါ စိတ်လေးရှင်းပြီး အာရုံပိုစိုက်နိုင်မှာဖြစ်ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle