ပြုံးအလှပိုင်ရှင်လေးတွေဖြစ်ဖို့သွားလေးတွေကိုဘယ်လိုထိန်းသိမ်းကြမလဲ
အလှအပဆိုတာ မျက်နှာပေါ်မှာရှိတယ်ဆိုရင်သွားလေးတွေကလည်း လှပဖို့ထိုက်တန်ပါတယ်နော်။ မိတ်ကပ်တွေဘယ်လောက်လိမ်းထားထား၊ ကျော့ကော့နေအောင်ဘယ်လောက်ပဲဝတ်ထားထား သွားတွေရုပ်ဆိုးနေရင်ကြည့်မကောင်းပါဘူး။ သွားလေးတွေသန့်ရှင်းစင်ကြယ်လှပနေတဲ့ အပြုံးလှပိုင်ရှင်လေးတွေဟာ နေ့တိုင်း တစ်နေ့နှစ်ကြိမ်ပုံမှန်သွားတိုက်နေကြတာချည်းပဲမဟုတ်ပါဘူး။ သူတို့မှာ လျှို့ဝှက်လက်နက်လေးတွေရှိပါတယ်။ အဲဒီ့တော့ပြုံးအလှပိုင်ရှင်လေးတွေဖြစ်ဖို့ သွားလေးတွေကိုဘယ်လိုထိန်းသိမ်းကြမလဲဆိုတာ ကြည့်ရအောင်။
တစ်နေ့နှစ်ကြိမ်ဂရုစိုက်ပါ
တချို့လူတွေက အိပ်ရာကနိုးရင်သွားတိုက်တတ်ကြပေမယ့်ညအိပ်ချိန်မှာ သွားပြန်တိုက်ဖို့ မေ့နေကြပါတယ်။ တစ်နေကုန်စားသောက်ထားတဲ့အကြွင်းအကျန်တွေနဲ့အညစ်အကြေးတွေဟာ တစ်ညလုံး ပါးစပ်ထဲ ထည့်သိပ်ဖို့အဆင်မပြေပါဘူး။ သွားနဲ့ခံတွင်းရောဂါတွေအတွက်လည်း စိုးရိမ်ရပါတယ်။ ဒါကြောင့်ပုံမှန်နေ့တိုင်း တစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့မမေ့ကြပါနဲ့။
အစားစားပြီးတိုင်း ပလုပ်ကျင်းပါ
အစားစားပြီးတိုင်း နှုတ်ခမ်းမှာဝေ့နေတဲ့အဆီတွေကို Tissue လေးနဲ့သုတ်လိုက်ရုံနဲ့တင်ပြီးမသွားပါနဲ့။ပလုပ်ကျင်းပါ။ စားသောက်ဆိုင်တွေမှာစားတယ်ဆိုရင်တောင်မှအစားစားပြီးတာနဲ့ဘေစင်မှာ
ပလုပ်ကျင်းပါ။ အဲဒီ့အလေ့အထကိုပုံမှန်စွဲအောင်ကြိုးစားစေချင်ပါတယ်နော်။
သွားအန္တရာယ်ဖြစ်စေမယ့်အရာတွေကိုရှောင်ကြဉ်ပါ
သွားကိုက်တတ်တဲ့သူဆိုအချိုတွေကိုရှောင်သင့်သလိုကိုယ့်သွားကို ဒုက္ခပေးနိုင်တဲ့ပစ္စည်းတွေကို
သွားနဲ့ကိုက်ဖောက်တတ်တာမျိုးတွေ၊ လက်သည်းကိုက်တာမျိုးတွေကစလို့သွားကိုမလိုအပ်ဘဲ
တလွဲသုံးတာတွေ အားလုံးကိုရှောင်ကြဉ်ပါ။ မျက်နှာလေးလိုပဲ သွားကိုဖူးဖူးမှုတ်ထားရမယ်နော်။
မဟုတ်ရင်သွားပဲ့တာတွေ၊ သွားပိုးစားတာတွေနဲ့အခန့်မသင့်ရင်သွားတွေယိုင်နဲ့လာတတ်ပါတယ်။
သွားဆရာဝန်နဲ့ပြဖို့ဝန်မလေးပါနဲ့
လူတော်တော်များများဟာ Medical Checkup သာ ပုံမှန်လုပ်ချင်လုပ်ကြမယ်။ သွားဆေးခန်းသွားဖို့၊သွားနဲ့ခံတွင်းကိုစောင့်ရှောက်မှုခံယူဖို့ကြရင်တော့ရှောင်နေတတ်ကြပါတယ်။ ခံတွင်းထဲမှာ
အပူနာဖြစ်နေတာကြာပြီး မပျောက်ရင်ဘဲဖြစ်ဖြစ်၊ သွားတွေကျဉ်နေတာပဲဖြစ်ဖြစ်ဘယ်လိုမျိုးမဆို၊သွားနဲ့ခံတွင်းမှာ ပြဿနာဖြစ်ပြီဆိုရင်ပျောက်သွားမှာပါဆိုတဲ့စိတ်နဲ့မနေဘဲ
သွားဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးပေးဖို့လိုအပ်ပါတယ်။ သွားကျန်းမာရေးကိုစစ်ဆေးဖို့ဝန်မလေးပါနဲ့။
မှန်ကန်တဲ့သွားတိုက်တံနဲ့သွားတိုက်ဆေးကိုရွေးချယ်ပါ
ဒါကတော့အရေးကြီးဆုံးနဲ့နေ့တိုင်းအတွက်အရေးအပါဆုံးအချက်လို့ပြောရမှာပါပဲ။
အရည်အသွေးပြည့်မီပြီး ယုံကြည်စိတ်ချရတဲ့သွားတိုက်ဆေးကသာ မိမိတို့ရဲ့သွားနဲ့ခံတွင်းကို
အထိရောက်ဆုံးနည်းလမ်းနဲ့နေ့စဉ်စောင့်ရှောက်ပေးမှာဖြစ်ပြီး ဒီလိုပဲ
မှန်ကန်တဲ့သွားတိုက်တံကိုရွေးချယ်မှသာ သွားတိုက်ဆေးရဲ့စွမ်းဆောင်ချက်ကိုပိုပြီး
မြင့်တင်ပေးနိုင်မှာပါ။ ဈေးကွက်ထဲမှာ အဆင်ပြေပြီးသက်သာတဲ့သွားတိုက်ဆေးတွေနဲ့
သွားတိုက်တံတွေက တိုက်သာတိုက်နေရမယ်ဘာမှအကျိုးမထူးနိုင်ပါဘူးနော်။
ဒီအချက်လေးတွေကိုဂရုတစိုက်နဲ့နေ့စဉ်စောင့်ရှောက်ပေးမယ်ဆိုရင်တော့
ပြုံးအလှပိုင်ရှင်လေးတွေဖြစ်ဖို့သေချာနေပါပြီနော်။ သွားလှဖို့ထင်သလောက်ခက်သေးရဲ့လား။
သွားတိုက်ဆေးရွေးချယ်တဲ့အခါမှာတော့သွားလေးတွေ နေ့တိုင်းကျန်းမာနေဖို့ရယ်၊ ကြုံတွေ့ရတဲ့
သွားကျဉ်၊သွားကိုက်တဲ့ပြဿနာတွေကင်းဝေးဖို့ရယ်၊ ခံတွင်းနံ့သင်းပျံ့နေစေဖို့ရယ်
အရေးကြီးတယ်မဟုတ်ပါလား။ဒီတော့သွားကျန်းမာရေးကိုရာနှုန်းပြည့်စောင့်ရှောက်ပေးနိုင်တဲ့
သွားတိုက်ဆေးအနေနဲ့ Sensodyne သွားတိုက်ဆေးကိုRecommend ပေးချင်ပါတယ်နော်။
Photo Credit
MTS