ဓာတ်ပုံတွေထဲ အပြုံးလှပိုင်ရှင်လေးတွေဖြစ်စေဖို့

ဓာတ်ပုံတွေထဲ အပြုံးလှပိုင်ရှင်လေးတွေဖြစ်စေဖို့

လူတွေတော်တော်များများဟာ Personal Care လို့ ခေါ်တဲ့ တစ်ကိုယ်ရည်ပြင်ဆင်စောင့်ရှောက်မှုတွေလုပ်ကြတဲ့အခါ အဝတ်အစားနဲ့ အလှအပကိုသာ ဂရုစိုက်တတ်ကြတာများပြီး သွားနဲ့ခံတွင်းကျန်းမာရေးကိုတော့ မေ့ထားတတ်ကြပါတယ်။ ဘယ်ကိုပဲသွားသွား စကားတွေပြောနေရမယ်၊ အနည်းဆုံးတော့ ဓာတ်ပုံရိုက်ရင် ပြုံးကြရမှာနော်။ အဲဒီ့အတွက်လည်း လူကြားထဲမှာ ယုံကြည်မှုအပြည့်ရှိနေအောင် သွားနဲ့ခံတွင်းကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ပြောပြပါရစေ။

သွားတိုက်တံနဲ့ သွားတိုက်ဆေးဆောင်ပါ

ခပ်သေးသေးနဲ့ပေါ့ပေါ့ပါးပါးဖြစ်တဲ့သွားတိုက်တံတစ်ချောင်းနဲ့TravelSize သွားတိုက်ဆေးဘူးအသေးလေးတစ်ခုကိုတော့ အိတ်ထဲမှာ အမြဲဆောင်ထားဖို့ အကြံပေးချင်ပါတယ်။ တစ်ခါတလေ Night Out တာလွန်သွားပြီး တစ်နေရာရာသွားအိပ်နေမိရင်တောင် မနက်ပိုင်း အပြင်ပြန်ထွက်ဖို့ စိုးရိမ်နေစရာမလိုတော့ပါဘူး။ ညဘက် အရမ်းသောက်မိပြီး အိမ်ပြန်မယ်ဆိုရင်လည်း အိမ်သာထဲမှာ သွားတိုက်ပြီး အနံ့ဖျောက်သွားလို့ရတယ်လေ။

Photo Credit - @Sensodynemyanmar

ရေမကြာခဏသောက်ပါ

ဘယ်လောက်ပဲ ပြင်ဆင်လာပါစေနော်။ အချိန်ကြာကြာ အပြင်မှာ စားချင်တာစား၊ သောက်ချင်တာသောက်ပြီးရင်တော့ ခံတွင်းက အနံ့ထွက်လာတတ်ပါတယ်။ အဲဒီလိုအနံ့မထွက်အောင် လုပ်လို့ရတဲ့အကောင်းဆုံးနည်းကတော့ ရေကို မကြာခဏသောက်ပေးတာပါပဲ။ ရေသောက်ပေးဖို့ မမေ့ပါနဲ့။ ရေဘူးခပ်သေးသေးလေးတစ်ဘူး အမြဲဆောင်သွားပါ။

Photo Credit - bbc.com

ပီကေနဲ့ ပူရှိန်းဆောင်ထားပါ

အပေါ်ကပြောပြထားတာတွေက အလုပ်ရှုပ်လိုက်တာလို့ ထင်ရင်လည်း ဒါမှမဟုတ် အိတ်သေးသေးလေးပဲ လွယ်သွားလို့ ထည့်ဖို့အဆင်မပြေတော့ဘူးဆိုရင်တော့ အလွယ်ဆုံးနည်းလမ်းက ပီကေ ဒါမှမဟုတ် ပူရှိန်းစားတာပဲ ဖြစ်ပါတယ်။ ပီကေနဲ့ ပူရှိန်းက ခဏတာတော့ ကူညီနိုင်ပါတယ်။ အချိန်အကြာကြီးအတွက်တော့ မဟုတ်ပါဘူး။

Photo Credit - foodnavigator.com

သွားလေးတွေဖြူပြီးသန့်နေအောင် အမြဲကြိုးစားပါ

ဈေးကွက်ထဲမှာတော့ သွားတိုက်ဆေးတွေအမျိုးမျိုးရှိပေမယ့် ကိုယ်နဲ့သင့်တော်ပြီး အရည်အသွေးပြည့်မီတဲ့သွားတိုက်ဆေးကိုသာ သုံးပြီး ပုံမှန်ဂရုစိုက်ထားမယ်ဆိုရင်တော့ သွားနဲ့ခံတွင်းအတွက် ဘာမှပြင်ဆင်နေစရာတောင် လိုမယ်မထင်ပါဘူး။ ကောင်းမွန်တဲ့သွားတိုက်ဆေးကို အသုံးပြုခြင်းက ရေတိုစောင့်ရှောက်မှုမဟုတ်ဘဲ ရေရှည်စောင့်ရှောက်မှုဖြစ်ပြီး သွားနဲ့ခံတွင်းကို ပြန်လှည့်ကြည့်နေစရာမလိုတော့အောင် ကူညီပေးနေမှာပါ။

ကဲ ဒီလောက်ဆိုရင် အမြဲတမ်း ယုံကြည်မှုရှိရှိနဲ့ စကားပြောဆိုနိုင်ဖို့ ပြီးတော့ ပြုံးနိုင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို သိသွားလောက်ပြီလို့တော့ မျှော်လင့်ပါတယ်။ ဓာတ်ပုံတွေထဲမှာ အပြုံးလေးတွေလှနေဖို့ဆိုရင် သွားနဲ့ခံတွင်းကို အတွင်းပိုင်းအထိ သန့်စင်ပေးနိုင်ဖို့၊ သွားလေးတွေဖြူဖွေးနေစေဖို့၊ အနံ့အသက်မွှေးကြိုင်စေဖို့၊ သွားပိုးပေါက်တွေကို မဖြစ်စေဖို့ ဒါတွေအားလုံးအတွက် Sensodyneသွားတိုက်ဆေးကို အသုံးပြုကြည့်ဖို့လည်း Recommend ပေးပါရစေနော်။

MTS

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle