CSGO အသင်း တည်ထောင်ဖို့ စတင် ကြိုးပမ်းလာတဲ့ နာမည်ကျော် ဘောလုံးစတား အဂူရိုရဲ့ KRU Esports

CSGO အသင်း တည်ထောင်ဖို့ စတင် ကြိုးပမ်းလာတဲ့ နာမည်ကျော် ဘောလုံးစတား အဂူရိုရဲ့ KRU Esports

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က မန်ချက်စတာစီးတီး အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ အဂူရို အနေနဲ့ KRU Esports အမည်ရ Esports အဖွဲ့အစည်းကို တည်ထောင်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ KRU Esports အနေနဲ့ လက်ရှိအချိန်မှာ ကိုယ်ပိုင် FIFA အသင်းကို တည်ထောင်နိုင်ခဲ့ပြီ ဖြစ်သလို ယခုအခါမှာလည်း CSGO လောက အထဲကို စတင် ဝင်ရောက်ဖို့ ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။

KRU Esports ကိုယ်စားပြု CSGO အသင်းကို အာဂျင်တီးနား နိုင်ငံသား ပရို CSGO ကစားသမား လေးဦး၊ ဥရုဂွေးနိုင်ငံသား CSGO ကစားသမား တစ်ဦးဖြင့် ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ KRU Esports CSGO အသင်းမှာ အဓိက ကစားသမား အဖြစ် MIBR အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ Ignacia “meyern” Meyer လည်း ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Meyern

အသက် ၁၈ နှစ် အရွယ် ပရို CSGO ကစားသမား Meyern အနေနဲ့ SA အခြေစိုက် ပရို CSGO အသင်းတွေဖြစ်တဲ့ Isurus Gaming, Sharks Esports, MIBR တို့မှာ ဝင်ရောက် ကစားခဲ့သလို လက်ရှိအချိန်မှာလည်း အာဂျင်တီးနား CSGO အသင်း 9z မှာ ကစားလျက် ရှိပါတယ်။ Meyern နဲ့ အာဂျင်တီးနား ပရို CSGO ကစားသမားတွေဖြစ်ကြတဲ့ Luken, 1962, nhl တို့လည်း KRU Esports CSGO အသင်းမှာ ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပြီး အဆိုပါ ကစားသမားတွေဟာ ဆိုရင်လည်း SA အခြေစိုက် S Tier နဲ့ A Tier အသင်းတွေမှာ ကျင်လည်လျက် ရှိကြတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။

အတွေ့အကြုံရင့် ဥရုဂွေး ကစားသမား တစ်ဦးဖြစ်တဲ့ Maximiliano “max” Gonazlez ကတော့ KRU Esports CSGO အသင်းမှာ Rifler အဖြစ် တာဝန်ယူသွားမှာ ဖြစ်တယ်လို့ သိရပြီး လက်ရှိအချိန်မှာလည်း 9z အသင်းမှာ Meyern နဲ့ အတူ ကစားလျက် ရှိတာကြောင့် အသင်းသစ်ဖြစ်တဲ့ KRU Esports မှာ အလျင်အမြန်ပဲ အထိုင်ကျသွားမယ်လို့ ယူဆမိပါတယ်။

လက်ရှိအချိန်မှာ KRU Esports CSGO အသင်းနဲ့ ပက်သက်တဲ့ သတင်းတွေကို အဖွဲ့အစည်းဘက်က အတည်ပြုပေးခြင်း မရှိသေးပေမယ့်လည်း တကယ်လို့သာ အဆိုပါ အသင်းကို ဖွဲ့စည်းဖြစ်ခဲ့မယ်ဆိုရင် SA CSGO လောကမှာတော့ နောက်ထပ် အသင်းကြီး တစ်သင်းကို မြင်တွေ့သွားရဖို့ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေးဗစ်ဘက်ခမ်း ဦးဆောင်တဲ့ Guild Esports အနေနဲ့ CSGO အသင်း တစ်သင်းကို တည်ထောင်သွားဖို့ စတင် ကြိုးပမ်းမှုတွေ ပြုလုပ်လာလျက် ရှိပြီလို့ သိရတာကြောင့် မကြာခင် အချိန်အတွင်းမှာ CSGO လောက အတွင်း ကမ္ဘာကျော် ဘောလုံးစတားတွေ ပိုင်ဆိုင်တဲ့ ပရို CSGO အသင်းတွေကို မြင်တွေ့သွားရဖွယ် ရှိနေပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle