ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်တဲ့ဖိနပ်အမျိုးအစားလေးတွေအကြောင်း

ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်တဲ့ဖိနပ်အမျိုးအစားလေးတွေအကြောင်း

မိန်းမတစ်ယောက်ရဲ့အပြင်အဆင်က အဝတ်အစားတစ်ခုတည်းနဲ့ပြည့်စုံနေလို့မရပါဘူးနော်။ကိုယ်ဝတ်ဆင်ထားတဲ့အဝတ်အစားနဲ့လိုက်ဖက်တဲ့ ဖိနပ်လေးလည်းဖြစ်ဖို့လိုအပ်ပါတယ်။ပြောချင်တာကတော့ လူတစ်ယောက်ဟာ ချဲ့ရင်ချဲ့သလောက် ဖိနပ်အရံပေါင်း အမျိုးအစားပေါင်းများစွာဝယ်လို့ရပါတယ်။နောက်တစ်ချက်ကမဖြစ်မနေ ဒီဖိနပ်လေးတွေရှိမှ ဖြစ်မှာလားလို့မေးရင်တော့ အဲ့လိုရယ်လည်းမဟုတ်ပါဘူး။ ခုခေတ်ကသွားလာရတဲ့နေရာ၊ ပွဲတွေစတာတွေဆိုရင်အခုပြောပြမဲ့ဖိနပ်လေးတွေရှိရင်ပိုအဆင်ပြေစေပါတယ်။

Flat Shoes
ပါးလွာပေမယ့်က Shoe ဖြစ်တဲ့အတွက်ကြောင့် ပွဲတွေဘာတွေတက်ရင်လည်းလိုက်ဖက်တယ်။ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်မှုအပြည့်အ၀ ခံစားချက်ကိုရချင်တယ်ဆိုရင်တာ့ Flat လေးတွေစီးပါ။

Boots
အခုခေတ်ကောင်မလေးတွေက အခုနောက်ပိုင်း Boots လေးတွေပြန်စီးလာတာတွေ့ရပါတယ်။အရင်တုန်းက Boots ဖိနပ်တွေဆို Dr.Martin  လောက်ပဲဒီမှာအစီးများကြတယ်။နောက်ပိုင်းမှာတော့ Outfits နဲ့လိုက်ဖက်တဲ့ Boots အမျိုးအစားအစုံရွေးချယ်လာကြတာသတိထားမိပါတယ်။Boots ဖိနပ်လေးတွေကစီးလိုက်ရင် သက်တောင့်သစ်သာဖြစ်ပြီး အထာကျသွားသလို ခံစားရတာကြောင့် လေဒီတွေအတွက်တော့ကွက်တိပါနော်။

Sneakers
သူငယ်ချင်းတွေနဲ့ အပြင်သွား၊မုန့်ထွက်စားတာမျိုးဆိုရင်ပေါ့ပေါ့ပါးပါး စီးသွားလို့အဆင်ပြေပါတယ်။စကတ်၊ဘောင်းဘီတို့၊ Dress လေးတွေနဲ့ တွဲဝတ်ရင်လည်းလူငယ်ဆန်တယ်နော်။ထသွားထလာတင်မက ခရီးသွားမယ်ဘာညာဆိုလည်းသူကအရေးပါတယ်လေနော်။ White Sneaker လေးတွေဆိုရင်တော့ပိုကောင်းပါတယ်။ဘယ် Outfits Color နဲ့မဆိုလိုက်ပါတယ်။

Sandals
တစ်ချို့ကောင်မလေးတွေက ခြေထောက်မှာ ကြိုးလေးတွေသိုင်းတဲ့ဖိနပ် ဒီဇိုင်းမျိုး၊ကွင်းသိုင်းထားတဲ့ပုံစံရှပ်ရှပ်လေေးတွမှကြိုက်တယ်ဆိုတဲ့သူတွေအတွက် Sandals ဖိနပ်လေးတွေက စိတ်ကျေနပ်မှုပေးနိုင်မှာပါ။အခုကလည်းနေရာသီဆိုတော့ Sandals ဖိနပ်လေးတွေကအလိုက်အဖက်ဆုံးပါနော်။

Kelly ( Akhayar Lifestyle)

Photos Credit- Pinterest

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle