ဆိုးရွားတဲ့ ကျန်းမာရေးတွေမျိုးမလိုချင်ဘူးဆိုရင် ဒီအချိန်တွေမှာ မအိပ်ပါနဲ့

ဆိုးရွားတဲ့ ကျန်းမာရေးတွေမျိုးမလိုချင်ဘူးဆိုရင် ဒီအချိန်တွေမှာ မအိပ်ပါနဲ့

အိပ်စက်ခြင်းက လူတွေရဲ့ခန္ဓာကိုယ်ကို အားအင်တွေပေးနိုင်သလို၊ အိပ်စက်မှုတိုင်းမှာလည်း ဆိုးကျိုးတွေရှိပါတယ်နော်။တစ်နေ့တာရဲ့ အိပ်စက်အချိန်ကို သုတေသနတွေကတော့ ၇ နာရီကနေ ၈ နာရီအထိအိပ်သင့်တယ်လို့ ပြောပြထားပါတယ်။ အိပ်စက်ခြင်းက ကောင်းကျိုးလည်းဖြစ်သလို ဒီလိုမျိုးအချိန်မဟုတ်အခါမဟုတ်အိပ်ရင်တော့ ကိုယ့်ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်။အဲ့တာဘယ်လိုအချိန်တွေမျိုးဖြစ်မလဲဆိုရင်လည်း မျှဝေပေးချင်ပါတယ်။
ညနဲ့နေနဲ့ မှားအိပ်တာ
တစ်ချို့လူတွေက ညဘက်တွေဆို ဂိမ်းဆော့ပြီးတော့ နေခင်းဘက်တွေဆိုပြန်အိပ်တာမျိုးတွေ အခုခေတ်မှာတော်တော်များများလုပ်လာကြပါတယ်။အဲ့လိုမျိုးလုပ်တာတွေက ခဏလေးဆိုရင်တော့ ကိုယ့်ကျန်းမာရေးကို အရမ်းကြီးမသိသာပေမယ့် ကြာလာရင်တောဦးနှောက်အတွက်ပါထိခိုက်ပြီး ဘာပဲ့လုပ်လုပ်လေးနေပါလိမ့်မယ်နော်။


အရက်မူးတဲ့အချိန်
လူငယ်တွေက Night Out ထွက်ပြီးပြန်လာတာနဲ့ အရက်တွေသောက်လာရင် တစ်ခါတည်းတန်းအိပ်တာမျိုးတွေလုပ်ကြပါတယ်။မူးပြီး အိပ်လိုက်ရင် Alcohol ကိုပိတ်လှောင်ထား သလိုဖြစ်ပြီး လေပြွန်ကိုထိခိုက်စေပါတယ်။ဦးနှောက်ကို Oxygen ရောက်တာနည်းပြီးတော့လည်း ပိတ်လှောင်ထားသလိုမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မူးပြီးပြန်လာရင် ချက်ချင်းမအိပ်သင့်ပါဘူးနော်။


ညနေဘက်အိပ်တာ
လူတွေက တစ်နေ့ကုန်ပင်ပန်းလာရင် အိပ်ရာပေါ်ရောက်ရင် အိပ်ချင်တာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့လိုမျိုးဆို့ရင် ပင်ပင်ပန်းပန်းနဲ့ပြန်ရောက်လာတဲ့ ဒဏ်ကြောင့်ရယ်အိပ်ငိုက်နေတာမျိုးဆို အိပ်လိုက်ကြပါတယ်။နိုးလာတဲ့ အချိန်ဆို အပူတွေထွက်ပြီးတော့ ဖျားတတ်ပါတယ်နော်။

Kelly -Akhayar Lifestyle

Photo Credit-Spine