Shopaholic တွေသွားလည်သင့်တဲ့ ဈေးဝယ်လို့အကောင်းဆုံး နိုင်ငံများ

Shopaholic တွေသွားလည်သင့်တဲ့ ဈေးဝယ်လို့အကောင်းဆုံး နိုင်ငံများ

ကျွန်မတို့တွေအားလုံးလိုလို သဘောကျတဲ့အရာက ခရီးသွားတာပါ။ ခရီးသွားတဲ့အခါမှာလည်း ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သွားကြပါတယ်။ တချို့တွေဆိုရင် ပြတိုက်တွေ ၊ သမိုင်းဝင်အဆောက်အအုံတွေကြည့်ချင်လို့ သွားကြတယ်။ တချို့ကျပြန်တော့လည်းအစားအသောက်ကောင်းကောင်းရှိတဲ့ နိုင်ငံတွေကိုရွေးပြီး လည်ပတ်ကြတယ်။ ဒီထဲမှာ ဈေးဝယ်လို့ကောင်းတဲ့နိုင်ငံတွေကို Mission တစ်ခုလို သဘောထားပြီး ခရီးသွားတဲ့သူတွေလည်း အပါအဝင်ပေါ့။

လန်ဒန်တို့ ပဲရစ်တို့ဆိုရင် ဖက်ရှင်မြို့တော်လို့ တင်စားခံထားရတယ်။ ဒါကြောင့်အဝတ်အစားဝယ်ဖို့သက်သက် ခရီးသွားတဲ့သူတွေအတွက် ဒီနိုင်ငံတွေကိုခရီးသွားနိုင်ဖို့က အိပ်မက်လိုပါပဲ။ ဒါကြောင့် Shopaholic တွေအတွက် ကမ္ဘာပေါ်မှာဈေးဝယ်လို့အကောင်းဆုံးနိုင်ငံတွေထဲက တချို့ကိုဖော်ပြပေးသွားပါမယ်။ ခရီးသွားဖို့ပြင်ဆင်နေပြီဆိုရင် ဘယ်နိုင်ငံကိုသွားရင်ကောင်းမလဲဆိုတာ ကြိုပြီးစဉ်းစားလို့ရအောင်ပေါ့။ တစ်ချက်ခုတ်နှစ်ချက်ပြတ်လေ ခရီးလည်းထွက် ၊ ဈေးလည်းပတ်။

၅. မက်ဒရစ် ၊ စပိန်
စပိန်မှာဈေးဝယ်လို့ရတဲ့နေရာတွေရဲ့ အနှစ်သာရက “အမျိုးအစားစုံလင်တာ” လို့ပြောလို့ရပါတယ်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုတဲ့အတိုင်း စပိန်မှာက လူတိုင်းလူတိုင်းရဲ့အကြိုက်နဲ့လိုက်တဲ့ ဈေးဝယ်စရာပစ္စည်းတွေရှိပါတယ်။ Department Store ကြီးတွေ ၊ ဒီဇိုင်နာဖက်ရှင်ဆိုင်တွေ ၊ အပတ်စဉ် ပျံကျဈေးတွေလည်းရှိပါတယ်။ ဒါပေမယ့် မက်ဒရစ်မှာဈေးဝယ်မယ်ဆိုရင်တော့ စပိန်လူမျိုးတွေရဲ့ နေ့လည်တစ်ရေးတစ်မောအိပ်တဲ့ဓလေ့ကို မမေ့နဲ့နော်။ ဒီဓလေ့ကြောင့်ဆိုင်လေးတွေက နေ့ခင်း ၂ နာရီကနေ ၅ နာရီလောက်အထိ ပိတ်ထားတတ်ကြတယ်။ ဒါကြောင့်စပိန်ကိုခရီးထွက်ဖြစ်ပြီး ဈေးဝယ်ဖို့ရည်ရွယ်ထားတယ်ဆိုရင် နေ့ခင်းဘက်ကိုယောင်ရမ်းပြီး လေ ျှာက်မသွားမိပါစေနဲ့နော်။

၄ . ပဲရစ် ၊ ပြင်သစ်
အဆင့်အတန်းမြင့်တဲ့ဖက်ရှင်ဆိုင်တွေကနေ ပျံကျဈေးတွေအထိစုံနေအောင်ရှိတဲ့ နောက်ထပ်မြို့တစ်မြို့ကတော့ ပဲရစ်ပဲဖြစ်ပါတယ်။ အလင်းရောင်တွေနဲ့ပြည့်နေတတ်တဲ့ ပဲရစ်မြို့လေးက Eiffel Tower ကြောင့်နာမည်ကြီးတယ်လေ။ ပြီးရင် ဝိုင်နီလေးသောက်ပြီးရိုလို့ကောင်းတဲ့ အချစ်မြို့တော်လို့တောင် တင်စားကြတာကိုး။ ပဲရစ်ကိုခရီးထွက်ရင် မြို့ရဲ့အလှတရားတွေနဲ့တင်ကျေနပ်နေလို့တော့ မဖြစ်ဘူးနော်။ သူရဲ့ နာမည်အကြီးဆုံး ဈေးဝယ်ထွက်လို့ကောင်းတဲ့ Champs-Elysees မှာဆိုရင် ပဲရစ်ရဲ့အဆင့်အတန်းအမြင့်ဆုံးဆိုင်တွေရှိပါတယ်။ အဲဒီဆိုင်တွေထဲမှာ Louis Vuitton (LV) လည်းပါပါတယ်။ ဒါကြောင့် ပဲရစ်ရောက်ရင် Shopaholic တွေကတော့ ရိုဖို့မေ့ပြီးသွားရည်တွဲလောင်းနဲ့ နာမည်ကြီး Brand တွေကို ငမ်းနေမှာ မြင်ယောင်မိပါတယ်။

Union Pay Card

၃. တိုကျို ၊ ဂျပန်
ဂျပန်နိုင်ငံရဲ့ဆွဲဆောင်မှုရှိတဲ့အရာက နီယွန်မီးရောင်တွေပါပဲ။ ဂျပန်ကိုသွားလည်တဲ့သူတိုင်း သူ့ရဲ့ညအလှကိုတင်စားကြပါတယ်။ ရုပ်ရှင်တွေရိုက်ရင်လည်း ဒီနီယွန်မီးတွေကို ပါအောင်ရိုက်ကြတယ်လေ။ နီယွန်မီးတွေအပြင် ဂျပန်နိုင်ငံရဲ့နောက်ထပ်ဆွဲဆောင်မှုတစ်ခုက ဈေးဝယ်လို့ကောင်းတဲ့အချက်ပါ။ တိုကျိုရဲ့ ရှင်ဂျူကူရပ်ကွက်ဟာဆိုရင် မြို့ထဲမှာဈေးဝယ်လို့အကောင်းဆုံးနေရာအဖြစ် နာမည်ကြီးပါတယ်။ မိုးမေ ျှာ်အဆောက်အအုံတွေ ၊ စတိုင်းဆိုင်တွေ ၊ ဈေးဝယ်စင်တာတွေ ၊ Electronics Megastore တွေ……ဒါတွေက ဈေးဝယ်ချင်တဲ့စိတ်ကို ပွက်ပွက်ဆူဆောင်ဆွဲဆောင်နိုင်တာပါ။

၂. မီလန် ၊ အီတလီ
ခရီးသွားရတာကို သဘောကျတဲ့သူတိုင်းသွားချင်တဲ့နိုင်ငံစာရင်းမှာ အီတလီက ပါကိုပါမှာပါ။ ဥရောပရဲ့နိုင်ငံတွေအများကြီးကို မရောက်ဖူးရင်တောင် အီတလီကိုတော့ ရောက်ဖူးချင်တယ်မလား။ စောင်းနေတဲ့ Pisa Tower တို့ ၊ Colosseum တို့ဆိုတာ ငယ်ငယ်တည်းက စာတွေထဲမှာဖတ်ဖူးပြီး သွားဖူးချင်တဲ့နေရာတွေပါ။ ဒါပေမယ့် Shopaholic တွေအတွက်ကတော့ အီတလီလို့ပြောလိုက်ရင် မီလန်နဲ့ဖက်ရှင်ကိုပဲ ပြေးမြင်မိတာပါ။ မီလန်ဆိုတာနဲ့ Versace လား Armani လား ကမ္ဘာပေါ်မှာနာမည်အကြီးဆုံး ဖက်ရှင်ဒီဇိုင်နာတွေရဲ့ဆိုင်တွေ မီလန်မှာအများကြီးပါပဲ။ ကမ္ဘာပေါ်မှာအဟောင်းဆုံးနဲ့ရှေးအကျဆုံး ဈေးဝယ်စင်တာတွေထဲက တစ်ခုဖြစ်တဲ့ Galleria Vittorio Emanuele II ကို ၁၈၇၇ ခုနှစ်တည်းက မီလန်မှာဖွင့်ခဲ့တာပါ။ ဒီဈေးဝယ်စင်တာမှာဆိုရင် Prada ၊ Louis Vuitton နဲ့ Gucci တို့လို Brand တွေရှိပါတယ်။ ဒီ Brand တွေကို မြန်မာမှာလည်း ဝယ်လို့ရတာပဲ ဘလာဘလာပြောမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီကဟာနဲ့ဟိုကဟာဆိုတာ ကွာကိုကွာတယ်လေ။

၁. နယူးယောက်
နယူးယောက်ကတော့ လူတိုင်းလိုလို ရောက်ဖူးချင်တဲ့မြို့ဖြစ်မယ်လို့ ကျွန်မတပ်အပ်ပြောရဲပါတယ်။ ရုပ်ရှင်တွေထဲမှာ မမြင်ချင်မှအဆုံးမြင်ရတာလည်း နယူးယောက်ပါပဲ။ နယူးယောက်မှာအရာအားလုံးလိုလိုရှိတာကြောင့် ဈေးဝယ်လို့အကောင်းဆုံးနိုင်ငံတွေထဲမှာ နံပါတ်တစ်နေရာကို အပိုင်သိမ်းထားနိုင်တာပါ။ နယူးယောက်ရဲ့ Fifth Avenue ဆိုတာ တကယ့် Classics Brand တွေနဲ့ အပြည့်ဖြစ်နေတဲ့နေရာပါ။ Fifth Avenue က Saks တို့ ၊ Tiffany’s ၊ Bergdorf Goodman နဲ့ FAO Schwarz တို့လို Brand တွေရဲ့ အိမ်ပေါ့။ ဒါကြောင့် နယူးယောက်ကို ဘယ်လိုကိစ္စနဲ့ဖြစ်ဖြစ် ခရီးသွားရမယ်ဆိုပါစေ ၊ Shopaholic တစ်ယောက်ကတော့ Fifth Avenue မှာ ခြေချခဲ့သင့်ပါတယ်။

အခုပြောခဲ့တဲ့နိုင်ငံတွေက နိုင်ငံခြားကိုခရီးထွက်ပြီး ဈေးဝယ်ထွက်ရတာကို နှစ်သက်တဲ့ Shopaholic တွေ မဖြစ်မနေသွားသင့်တဲ့နိုင်ငံတွေပါ။ ဒါပေမယ့်အရေးအကြီးဆုံးက နိုင်ငံခြားမှာဈေးဝယ်ထွက်မယ်ဆိုရင် ပိုက်ဆံလုံလုံလောက်လောက်ထည့်သွားဖို့ပါ။ ဟိုမှာက ဝယ်စရာတွေတင်မကဘူး အရာရာတိုင်းကဈေးကြီးနေမှာလေ။ ပိုက်ဆံထည့်သွားရင်လည်း လက်ထဲမှာ Cash မဆောင်ထားဘဲ Credit Card ၊ Debit Card မဟုတ်ရင်လည်း Visa Card တွေကို ဆောင်သွားဖို့ အကြံပြုချင်ပါတယ်။ လက်ထဲမှာ Cash ဆောင်ရင်လည်း အသေးအဖွဲလေးတွေအတွက်အကြွေလောက်ပဲဆောင်ပေါ့။ နောက်ဆုံးပြောချင်တာက Credit Card တို့ Visa Card တို့ဆောင်ရင် နိုင်ငံတကာသုံးလို့ရတဲ့ UnionPay က Card တွေကို သုံးဖို့ တိုက်တွန်းချင်တာပါ။ UnionPay နဲ့ ငွေရှင်းရင် Discount တွေလည်း ရတတ်တာကြောင့် ဈေးဝယ်တဲ့နေရာမှာ အရမ်းအကျိုးရှိမှာပါ။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle