အရပ်ပုတဲ့သူတွေအတွက်ရှောင်သင့်တဲ့ဖက်ရှင်အမျိုးအစား

အရပ်ပုတဲ့သူတွေအတွက်ရှောင်သင့်တဲ့ဖက်ရှင်အမျိုးအစား

အရပ်ပုတာတွေမှန်တယ် ဒါပေမဲ့ ဘယ်သူမှသတိမထားမိဘူးဆိုတဲ့ဖက်ရှင်လေးဆိုရင်ရော အားလုံးစိတ်ဝင်စားရမယ်ထင်ပါတယ်။အခုခေတ်စားလာတဲ့ဖက်ရှင်တွေအထဲကမှ ဘယ်ဟာတွေကိုရွေးချယ်ပြီး၊ဘယ်ဟာတွေကိုဆောင်ရန်၊ရှောင်ရန်မဲ့အကြောင်းလေးတွေမျှဝေပေးချင်ပါတယ်နော်။အပေါ်ပိုင်းအင်္ကျီကိုခပ်ပွပွ၊အဲ့လိုကားကားကြီးနဲ့ ပွပွကြီးလိုဒီဇိုင်းကြီးမျိုးကိုအထူးသဖြင့်ရှောင်သင့်တာပေါ့နော်။အဓိကဘယ်လိုမျိုးကိုပိုဦးစားပေးသင့်လဲဆို ခန္ဓာကိုယ်အချိုးအစားပေါ်တဲ့ အဝတ်အစားမျိုးရွေးချယ်သင့်ပါတယ်။

နောက်ပြီးအရင်တုန်းကခေတ်စားခဲ့တဲ့ သရီးကွာတာဘောင်းဘီးလေးတွေမျိုးကိုအရပ်ပုတဲ့သူတွေနဲ့ဆိုလုံးဝမလိုက်ပါဘူးနော်။ဂျင်းဘောင်းဘီတွေဆိုရင်လည်းအောက်ကာ ကားကားကြီးနဲ့ခေါင်းလောင်းဘောင်းဘီတွေလိုမျိုးဆိုဝတ်ဖို့အားမပေးချင်ဘူးနော်။ဟိုမရောက်ဒီအရောက်ဒူးအပေါ်လည်းမရောက်တဲ့ စကတ်မျိုးကိုလည်းမဝတ်သင့်ပါဘူးနော်။

Jumpsuit တွေကလည်းကိုယ့်ရဲ့ အရပ်ကိုပိုပုစေသလိုဖြစ်စေပါတယ်နော်။သာမာန်ထက်ကြီးတဲ့အိတ်တွေကလည်းအရပ်ပုနေတဲ့သူတွေအတွက်ဆိုရင် မလွယ်သင့်ဘူးလို့ပြောပြပေးချင်ပါတယ်နော်။ကဲ့အခုပြောပြတဲ့အချက်တွေကိုရှောင်ပြီး အဝတ်အစားပိုင်းရော ဖက်ရှင်အပိုင်းတွေသိသွားပြီဆိုတော့ ဒီအချက်လေးတွေရှောင်ပြီးကိုယ့်ရဲ့ဖက်ရှင်ကိုသေချာရွေးချယ်စေချင်ပါတယ်နော်။

Photo Credit - Pinterest

Kelly -Akhayar Lifestyle