Music Playlist ထဲ ထည့်ထားသင့်တဲ့ Toy Story 4 ထဲက ဇာတ်ဝင်သီချင်းတွေ

အခရာပရိသတ်ကြီးရဲ့ Music Playlist ထဲမှာ ထပ်ပေါင်းထည့်သင့်တဲ့ သီချင်းတွေ ရှိလာပြန်ပြီ ဆိုချင်ပါတယ်။ ဒါကတော့ Toy Story 4 ထဲက ဇာတ်ဝင်သီချင်းတွေပါ။ ဇာတ်ကားတစ်ခုကို အကောင်းဆုံးဖြစ်အောင် တွန်းပို့ပေးတဲ့ အရေးကြီးဆုံးအရာတွေထဲက တစ်ခုကတော့ ဇာတ်ဝင်သီချင်းတွေပဲဖြစ်ပါတယ်။ Toy Story 4 ကို ကြည့်ပြီးပြီးဆိုရင်တော့ အေးဆေး Playlist ထဲ ထည့်ထားပြီး Feel ရုံပဲ။ မကြည့်ရသေးဘူးဆိုရင်လည်း အခုအခရာက ပြောပြပေးမယ့် သီချင်းတွေကို နားထောင်ထားတော့ ရုပ်ရှင်သွားကြည့်တဲ့အခါ အေးဆေးလေး သီချင်းလိုက်ညည်းလို့ရတာပေါ့။
I Can’t Let You Throw Yourself Away | Randy Newman
ဒီသီချင်းကတော့ Toy Story ထဲမှာပါတဲ့ သီချင်းတွေရဲ့ ပဲ့ကိုင်ရှင် Randy Newman ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ကိုနားထောင်ကြည့်လိုက်မယ်ဆိုရင် မက္ကဆီကန်ရိုးရာဆန်တဲ့ တီးလုံးကို ကြားရမှာပါ။ ကလို့ကောင်းမယ့် သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။
The Ballad of the Lonesome Cowboy | Chris Stapleton
Randy Newman ဟာ Toy Story အတွက် သီချင်းတွေဖန်တီးဖို့ မွေးဖွားလာသလားလို့တောင် ထင်ရပါတယ်။ သူ့သီချင်းတွေက Toy Story ရဲ့ ဇာတ်လမ်းအတိမ်အနက်နဲ့ လိုက်ဖက်မှုရှိတဲ့အပြင် ဇာတ်ကောင်တွေရဲ့ မျက်နှာအမူအရာတို့ကိုပါ အပြင်လူအတိုင်း အသက်ဝင်လာအောင် လုပ်ပေးလိုက်သလို ကြည့်ရှုသူတွေကို ခံစားရစေပါတယ်။ ဒီထဲမှာပါတဲ့ The Ballad of the Lonesome Cowboy ဆိုတဲ့ သီချင်းကလည်း ဒီတိုင်းပါပဲ။
You’ve Got A Friend In Me | RANDY NEWMAN
Toy Story လို့ပြောလိုက်ရင် မပါမဖြစ် ထည့်ပေးရမယ့် သီချင်းကတော့ အားလုံးသိပြီးဖြစ်မယ့်အတိုင်း You’ve got a friend in me ပဲပေါ့။ Music Playlist ထဲ ထည့်မယ် ထည့်မယ်နဲ့ မထည့်ရသေးဘူးဆိုရင်လည်း အခုပဲဖြစ်ဖြစ် ထည့်ထားလိုက်တော့နော်။
Al Bowlly & Ray Noble and His Orchestra – Midnight, the Stars and You
ဒီသီချင်းကတော့ အတော်လေးကြာပါပြီ။ ၁၉၃၄ ခုနှစ်လောက်က ထွက်ရှိခဲ့တဲ့ ဒီသီချင်းကေတာ့ နားထောင်လိုက်တာနဲ့ ခေတ်ဟောင်းကို ပြန်ရောက်သွားမယ့် ဖီလင် အပြည့်ရမှာပါ။ တစ်ခုပိုတာကတော့ အရင်က အသံတိတ် အဖြူ၊ အမည်းရုပ်ရှင်ကို ပြန်ကြည့်နေရသလိုပါ ဖြစ်စေပါလိမ့်မယ်။ ခေတ်ဟောင်းအရသာကို ကြိုက်တဲ့ စာရေးသူအတွက်တော့ အကြိုက်တွေ့ဆုံး သီချင်းတစ်ပုဒ်ပါပဲ။
The Wranglers – Don’t Keep Me Waitin’ (feat. Bonnie Guitar)
အခုပြောပြပေးထားတဲ့ သီချင်းတွေထဲမှာ ဒီသီချင်းတစ်ပုဒ်တည်းက အမျိုးသမီးအဆိုတော် ဆိုထားတာ ဖြစ်ပါတယ်။ ရှင်းလင်းနေတဲ့ ဧည့်ခန်းမှာ ဓာတ်စက်လေးဖွင့်၊ လက်နဲ့ ခြေထောက်က ဓာတ်စက်ကလာတဲ့တေးသွားအတိုင်း စည်းချက်လိုက်နေတဲ့ ဖီလင်မျိုးလိုချင်တယ်ဆိုရင်တော့ ဒီသီချင်းက ကွက်တိဖြစ်မှာပါ။
NSC (Akhayar)