ဆံပင်တိုညှပ်စရာမလိုပဲ အပူဓာတ်ကိုသက်သာစေတဲ့အချက်တွေကတော့
ပူပြင်းတဲ့ရာသီဥတုကြောင့် ခန္ဓာကိုယ်ကထွက်တဲ့ချွေးတွေနဲ့ ဦးရေးပြာပြသာနာနဲ့ကြုံတွေနေရတတ်ပါတယ်။ ဒီလိုမျိုးအချိန်ရောက်လာရင်အမျိုးသမီးတော်တော်များများက ကိုယ့်ရဲ့ဆံပင်တွေကိုညှပ်ပစ်လိုက်ရတော့မှာလား ။ အရှည်ပဲထားရမှာလားဆိုတာ မေးခွန်းတွေမျိုးနဲ့ အတွေးများနေတတ်ကြပါတယ်။ညှပ်လိုက်ရင်လည်းနှမြောတယ်ဆိုတယ်သူတွေအတွက် ညှပ်စရာမလိုပဲ အပူဒဏ်ကိုခံနိုင်တဲ့နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။
ခေါင်းကိုပုံမှန်လျှော်ပေးပါ
ကိုယ်ကတစ်ပတ်ကိုအနည်းဆုံး ၂ခါ၊ ၃ ခါလောက်ပဲလျှော်နေကျသူဆိုရင် အခုလိုပူပြင်းတဲ့ရာသီဥတုမျိုးမှာဆိုအနည်းဆုံး တစ်ရက်ခြာင်းတစ်ခါလောက်လျှော်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုရင်တော့ အခုလိုဖုန်တွေပေါ်တဲ့အချိန်မျိုးမှာဆိုရင် ဦးရေးပြားကိုလည်းဗောက်တွေထနိုင်တဲ့အပြင် အရေးပြားရောဂါကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။
Photo Credit - india makeup
Hair Scrub ပုံမှန်သုံးပေးပါ
ပျိုမေတော်တော်များများက ဆံပင်ကိုဂရုစိုက်မှုအားနည်းတတ်ကြပါတယ်။ Hair Scrub ဆိုတာက ဦးရေပြားကိုသန့်စင်အောင်လုပ်ပေးနိုင်သလို ကိုယ့်ရဲ့စိတ်ကိုလည်းကြည်လင်အောင်လုပ်ပေးနိုင်ပါတယ်။ Hair Scrub ကိုအခုမှစသုံးမယ့်သူတွေအတွက်ဆိုရင် တစ်ပတ်ကိုအနည်းဆုံး ၂ ခါလောက်သုံးစမ်းကြည့်သင့်ပါတယ်နော်။
Photo Credit - popsuger
အသီးအနှံများများစားပေးပါ
ဦးရေပြားနဲ့အသီးအနှံနဲ့ကဆက်စပ်မှုရှိရဲ့လားလို့မေးကောင်းမေးနိုင်ပါတယ်။ ဆရာဝန်တော်တော်များက အခုလိုပူပြင်းတဲ့ရာသီဥတုမျိုးမှာဆိုရေဓာတ်ဖြည့်တင်းပေးတဲ့ဖရဲသီးတို့ နာနတ်သီးတို့ကိုများများစားခိုင်းလေ့ရှိပါတယ်။ အဲ့မှာပါတဲ့ဓာတ်တွေက ဦးရေးပြားကိုအပူဓာတ်မှလည်းလျော့ချပေးနိုင်ပါတယ်နော်။
Photo Credit - Time of indi
Kelly- Akhayar Lifestyle