မိသားစုနဲ့ လုံးဝမျှမသုံးသင့်တာတွေကဘာတွေဖြစ်နိုင်မလဲ

မိသားစုနဲ့ လုံးဝမျှမသုံးသင့်တာတွေကဘာတွေဖြစ်နိုင်မလဲ

မိသားစုဆိုတဲ့ လောကမှာအရင်းအနှီးဆုံးလူတွေလို့လည်းပြောလို့ရပါတယ်။ မိသားစုဝင်တွေဆိုတော့ သူ့ပစ္စည်းငါသုံး၊ ငါ့ပစ္စည်းသူသုံးစသည်ဖြင့်အကျင့်လေးတွေရှိကြပါတယ်။တစ်ချို့ပစ္စည်းတွေကတော့အတူတူမျှသုံးရင်ပြဿနာမရှိပေမယ့် တစ်ချို့ပစ္စည်းတွေကတော့ လုံးဝမျှမသုံးသင့်တဲ့အရာတွေထဲမှာပါပါတယ်နော်။
ရေသုတ်ပဝါ
ရေသုတ်ပဝါကိုတစ်ချို့မိသားစုတော်တော်များများက ရှဲသုံးကြတာတွေ့ရပါတယ်။ဒါကလုံးဝမလုပ်သင့်ပါဘူးနော်။ဘာလို့လည်းဆိုရင် ရေချိုးပြီးစိုစွတ်နေတဲ့ အရာတွေမှာ မှိုတွေပေါက်ဖွားတတ်ပါတယ်။ အဲ့လိုမျိုးဆိုရင် ကိုယ့်ရဲ့ပိုးတွေကအိမ်ကသူတွေကိုပါအလွယ်တကူကူးစက်နိုင်ပါတယ်။


လက်သည်းး ခြေသည်းညှပ်
လက်သည်းညှပ်တွေမှာက  မမြင်နိုင်တဲ့ပိုးတွေကပ်ငြိဖို့အကောင်းဆုံးနေရာပါ၊ ခြေသည်းလက်သည်းတွေဆိုတာကလည်း တစ်နေကုန်လှုပ်ရှားသွားလာနေရတဲ့အရာဖြစ်တဲ့အတွက် အထူးဂရုစိုက်သင့်ပါတယ်။တကယ်လို့ မဖြစ်မနေသုံးမယ်ဆိုရင်လည်း အရက်ပြန့်နဲ့သန့်စင်ပြီးမှသုံးပေးသင့်ပါတယ်နော်။


သွားတိုက်တံ
သွားတိုက်တံကတော့ အများစုကတော့အတူတူမျှမသုံးကြပါဘူး။ဒါပေမယ့် တစ်ချို့မိသားစုဝင်တွေကအကျင့်ရုပ်ပြီးစချင်နောက်ချင်သဘောမျိုးနဲ့ သွားတိုက်တံယူတိုက်လေ့ရှိပါတယ်။ဒါမျိုးတွေကမိသားစုအချင်းချင်းဆိုပေမယ့်လုံးဝကိုမလုပ်သင့်တဲ့အရာမျိုးပါ။

Kelly-Akhayar Lifestyle

Photo Credit -Pinterest