နွေရာသီရောက်ပြီဆို ဘယ်ဖက်ရှင်မျိုးကိုအဓိကရှောင်သင့်လဲ

နွေရာသီရောက်ပြီဆို ဘယ်ဖက်ရှင်မျိုးကိုအဓိကရှောင်သင့်လဲ

ရာသီဥတုပူပြင်းလာတာနဲ့အမျှအဝတ်အစားတွေကိုရှောင်သင့်တဲ့အချက်တွေလည်းရှိပါတယ်။ဖက်ရှင်ကျဖို့လည်းလိုအပ်သလို၊ကျန်းမာရေးနဲ့လည်းညီညွတ်အောင်နေသင့်ပါတယ်။နေရောင်ခြည်ကြောင့် အဝတ်အစားကနေတစ်ဆင့် ကိုယ့်ရဲ့ အသားအရေကိုလည်းပျက်စီးစေနိုင်ပါတယ်။ဒါကြောင့် နွေရာသီမှာ ကိုယ့်ရဲ့အဝတ်အစားဆင်ယင်မှုကလည်းတစ်တောင့်တစ်နေရာကနေရှိပါတယ်နော်။ဆောာင်ရန်ရှောင်ရန်အချက်လေးတွေနဲ့အတူ နွေရာသီမှာဖက်ရှင်ကျနေဖို့အတွက်ပါမျှဝေပေးလိုက်ပါတယ်နော်။
အမဲရောင်အဝတ်အစားတွေရှောင်ပါ
အားလုံးသိတဲ့အတိုင်းအမဲရောင်က နေရောင်ခြည်ဓာတ်ကိုပိုပြီးစုပ်နိုင်ပါတယ်။ကိုယ့်ရဲ့အသားအရေကပိုပြီးတော့ ပူနိုင်တဲ့အပြင်နေလောင်ဒဏ်ကိုလည်းဖြစ်စေပါတယ်။ အမဲအရောင်ကိုကာလာအတွဲအစပ်အနေနဲ့လည်းလုံးဝကိုရှောင်သင့်ပါတယ်။


နိုင်လွန်ပိတ်စကိုအထူးရှောင်ခြင်း
တစ်ချို့သောကောင်မလေးတွေက နိုင်လွန်ပိတ်စတွေကိုခပ်မိုက်မိုက်ပုံစံမျိုးတွေချုပ်ဝတ်လေ့ရှိတတ်ကြပါတယ်။ လှတယ်ဆိုတာမှန်ပေမယ့် ဒီလိုပိတ်စအထူတွေက အသားအရေရဲ့ချွေးပေါက်စေကိုပိတ်စေတဲ့အတွက် ပုံမှန်ထက်ပိုပြီးပူပြင်းစေပါတယ်။


Neon Light ပါတဲ့ကာလာ
လူငယ်တွေက နွေရာသီဖက်ရှင်ကိုပေါ်လွင်ချင်တဲ့စိတ်နဲ့ Neon Light လိုမျိုးဒီဇိုင်းတွေကို Street Fashion တွေအနေနဲ့ဝတ်ဆင်လေ့ရှိပါတယ်။တကယ်တော့ ဒီလိုကာလာတွေကနွေရာသီမှာအထူးရှောင်သင့်တဲ့အရောင်ထဲမှာပါဝင်ပါတယ်နော် ။

Photo Credit - Pinterest

Kelly - Akhayar Lifestyle